ဆေးလိပ်လိုသောက်ရတဲ့ Energy drink

http://news.livedoor.com/article/detail/16086792/

EAGLE ENERGY လို့ခေါ်တဲ့ ကုန်ပစ္စည်းက ကမ္ဘာပေါ်မှာ သန်း ၁၀၀ ကျော်ရောင်းရတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။

လျှပ်စစ်ဆေးလိပ်လိုသောက်ရင် သစ်ချသီးလည်းပါဝင်တဲ့အတွက်ကြောင့် သဘာဝပါဝင်ပစ္စည်းအကျိုးကျေးဇူးက ကျန်းမာစေပါတယ်။

ဆေးလိပ်မှာပါဝင်တဲ့ နီကိုဒင်း၊ ထင်းရှူးဆီ စတာတွေရဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေကိုလည်း ဖယ်ထုတ်ထားပါတယ်။

အငွေ့တွေက ချိုချိုလေးဆိုပေမယ့် ကယ်လိုရီလုံးဝမပါဝင်ပါဘူး။

Energy drink တွေထက်ပိုပြီးတော့ အန္တရာယ်ကင်းပါတယ်။

http://news.livedoor.com/article/detail/16086792/

အပေါက်ရှိတဲ့ဘက်က သောက်လိုက်မယ်ဆိုရင် Energy drink လိုအနံ့မျိုးရှိပေမယ့် ပြန်ထုတ်လိုက်တဲ့အငွေ့မှာတော့က ဘာအနံ့မှမရှိပါဘူး။

သောက်လိုက်တဲ့အခါ ထိပ်လေးမှာအပြာရောင်မီးလေးလင်းနေတာက လျှပ်စစ်ဆေးလိပ်တွေရဲ့ သဘာဝပါပဲ။

Energy drink က အချိုဓာတ်နဲ့ Carbonic acid စတာတွေရဲ့ အားက ခေါင်းကို ထိခိုက်စေတာမျိုးဆိုပေမယ့် ဒါကို ဖွာလိုက်ရုံနဲ့ စွမ်းအင်တွေပြည့်လာနိုင်ပါတယ်။

ဒီပစ္စည်းတစ်ခုကို အကြိမ် ၄၀၀ လောက်ဖွာလို့ရပါတယ်။

တစ်ခါသောက်ရင် ၁၀ ကြိမ်ကနေ အကြိမ် ၂၀ ထိဖွာမယ်ဆိုရင် Energy drink တစ်ပုလင်းနဲ့ညီမျှတာကြောင့်တစ်ခုကို ပုလင်း ၂၀ နဲ့ ညီမျှပါတယ်။

စျေးနှုန်းကတော့ ယန်း ၁၅၈၀ ဖြစ်ပါတယ်။

ကယ်လိုရီလည်းမရှိ၊ Energy drink ထက်အန္တရာယ်ကင်းပြီး ကုန်ကျငွေကိုလည်း သက်သာစေပါတယ်။

နောက်တစ်ခုက သောက်တဲ့အခါမှာမီးခိုးထွက်တဲ့ ပမာဏလည်းနည်းတာကြောင့် ဆေးလိပ်မသောက်ရတဲ့နေရာတွေမှာဆိုလည်း သောက်လို့ရပါတယ်။

အရသာက ပုံမှန် Energy drink တွေလိုအရသာအပြင် Lychee mint၊ Blueberry mint တို့လည်းရှိပါတယ်။

အလုပ်တွေအရမ်းကိုရှုပ်ပြီး အမြဲတမ်းအလုပ်တွေကို Energy drink တွေသောက်ပြီး မရမကလုပ်နေရတဲ့သင်ရော တစ်ခါလောက်မမြည်းစမ်းကြည့်ချင်ဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: