ဖူဂျီတောင်ကို ဘယ်သူပိုင်တာလဲ ?
ဂျပန်နိုင်ငံမှာရှိတဲ့ ဖူဂျီတောင်ဟာ ဂျပန်လူမျိုးတွေ အရမ်းကိုမြတ်နိုးကြတဲ့တောင်ဖြစ်ရုံသာမက၊ ဒီဖူဂျီတောင်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ အလှက နိုင်ငံခြားသားတွေကိုလည်း ဆွဲဆောင်နိုင်ပါတယ်။
ဒီတောင်ကို လူတစ်ယောက်၊ ဒါမှမဟုတ် စီရင်စုတစ်ခုခု ဒါမှမဟုတ် နိုင်ငံတော်က ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီတောင်က 山梨県(やまなしけん) ယမနရှစီရင်စု နဲ့ 静岡県(しずおかけん) ရှိဇုအိုကစီရင်စု ကြားမှာခွလျက်တည်ရှိနေပြီး ဘယ်စီရင်စုက ဒီတောင်ကို ပိုင်လဲဆိုတာကို သိပါသလား ?
ဒါဟာ ဂျပန်လူမျိုးတွေတောင်မှမသိတဲ့ အကြောင်းအရာဖြစ်ပြီး ဘယ်သူမှမမျှော်လင့်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပိုင်ဆိုင်ထားပါတယ်။
အရင်ဦးဆုံး ဖူဂျီတောင်ကို ဗဟိုပြုထားတဲ့ မြေပုံကိုကြည့်ကြည့်လိုက်ပါ။
https://pbs.twimg.com/media/Dv0NeocVYAAb__V.jpg
မြေပုံထဲမှာပါတဲ့ အပေါ်ပိုင်းက 山梨県(やまなしけん) ယမနရှစီရင်စု ဖြစ်ပြီး အောက်ပိုင်းက 静岡県(しずおかけん) ရှိဇုအိုကစီရင်စု ဖြစ်ပါတယ်။
အနီရောင်ဝိုင်းထားတဲ့နေရာက ဘယ်စီရင်စုမှန်းမသိဘဲ နယ်မြေပျောက်ကွယ်နေတဲ့နေရာဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဖူဂျီတောင်က ကြားညှပ်နေတာကြောင့် စီရင်စုရဲ့ နယ်မြေက ယောင်ယောင်ဝါးဝါးဖြစ်နေရတာဖြစ်ပါတယ်။
ဒါကြောင့် ဖူဂျီတောင်ရဲ့ အဓိကနေရာဖြစ်တဲ့ ဖူဂျီတောင်ထိပ်က ဘယ်စီရင်စုကမှန်းမသိတော့တဲ့ အခြေအနေဖြစ်ပါတယ်။
ဖူဂျီတောင်ထိပ်မှာ စာတိုက်ရှိတာကြောင့် အဆင်ပြေပြီး 静岡県(しずおかけん) ရှိဇုအိုက စီရင်စုအနေနဲ့ဖြစ်လာခဲ့ပေမယ့် တရားဝင်အနေနဲ့တော့ ဘယ်ဘက်ကမှ မပိုင်ဆိုင်ပါဘူး။
ဒါဆိုရင် တိုင်းပြည်က ပိုင်တာလား ?
ဒီလိုလည်း မဟုတ်ပြန်ပါဘူး။
အမှန်ကတော့ ဒီလိုပါ။
http://www.at-s.com/facilities/article/view/temple/137776.html
ဖူဂျီတောင်ထိပ်မှာ 浅間大社(あさまたいしゃ)အဆမတိုင်းရှ ဆိုတဲ့ နတ်ကွန်းအဆောက်အဦရှိပါတယ်။
ဖူဂျီတောင်ထိပ်မှာရှိတဲ့ နေရာတော်တော်များများဟာ ဒီ 浅間大社(あさまたいしゃ)အဆမတိုင်းရှ ရဲ့အပိုင်ဖြစ်ပါတယ်။
အဲ့ဒီမှာ အရမ်းကိုရှည်လျားလွန်းတဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဟိုးအရင်ကတည်းကနေ ဖူဂျီတောင်ထိပ်မှာ နတ်ကွန်းကို တည်ဆောက်ထားခဲ့ပြီး၊ ဖူဂျီတောင်ကို ယုံကြည်ကိုးကွယ်တဲ့ အဓိကအနေနဲ့ အဆမတိုင်းရှ နတ်ကွန်းကို တည်ဆောက်ခဲ့ပါတယ်။
ဒါကြောင့် နိုင်ငံရဲ့ဥပဒေပြောင်းလဲသွားခဲ့တဲ့ ၁၈၇၁ ခုနှစ်မှာ အစိုးရက နိုင်ငံပိုင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။
ဒီလိုပြောင်းလဲခဲ့တာက ဖူဂျီတောင် တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ နတ်ကွန်းတွေကိုလည်း အလားတူ နိုင်ငံပိုင်အနေနဲ့သတ်မှတ်ခဲ့ပါတယ်။
နောက်ပြီးတော့ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားခဲ့ပြီးနောက် အသစ်ပြောင်းသွားတဲ့အစိုးရက ဘာသာရေးလှုပ်ရှားမှုတွေမှာလိုအပ်နေတဲ့ ဂျပန်နိုင်ငံထဲမှာရှိသမျှနတ်ကွန်းတွေရဲ့ မြေနေရာပိုင်ဆိုင်မှုကို နတ်ကွန်းရဲ့ ပိုင်ဆိုင်မှုတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒါပေမယ့် ဖူဂျီတောင်တစ်တောင်တည်းကိုတော့ မပြောင်းလဲပစ်ခဲ့ပါဘူး။
ဂျပန်နိုင်ငံရဲ့သင်္ကေတတစ်ခုဖြစ်ပြီး ပြည်သူပိုင်ဖြစ်တယ်လို့ မှတ်ယူထားခဲ့လို့ပါ။
နောက်ပြီးတော့ ရှည်လျားလှတဲ့စစ်ပွဲကြီးပြီးနောက်၊ ၂၀၀၄ ခုနှစ်မှာ တရားဝင်အနေနဲ့ ဂျပန်နိုင်ငံအစိုးရကနေ ဖူဂျီတောင်ထိပ်ရဲ့ အကြီးဆုံးမြေနေရာအစိတ်အပိုင်းကို သတ်မှတ်ပေးခဲ့ပါတယ်။
ဖူဂျီတောင်ထိပ်က လူသွားလမ်း၊ မိုးလေဝသဌာနတွေကို အစိုးရကပိုင်ဆိုင်ပြီး၊ 12,705,000㎡ လောက်ရှိတဲ့မြေနေရာကို 浅間大社(あさまたいしゃ)အဆမတိုင်းရှက ပိုင်ဆိုင်တာခဲ့တာဖြစ်ပါတယ်။
ဒါဆိုရင် ရှိဇုအိုကလား၊ ယမနရှိလား ဆိုတာကို နိုင်ငံသားတွေတောင် အခုချိန်ထိအငြင်းပွားနေခဲ့ပေမယ့် ဘယ်စီရင်စုကမှ ပိုင်ရှင်မဟုတ်ပါဘူး။
ဖူဂျီတောင်က ဂျပန်နိုင်ငံရဲ့သင်္ကေတတစ်ခုဖြစ်နေပေမယ့် ဒီနတ်ကွန်းရဲ့အရှင်သခင်က ” ဒီမြေကို ငါကိုယ်တော်ပိုင်တယ် ” လို့ ပြောလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။
နည်းနည်းတော့ထူးဆန်းသလိုဖြစ်နေပေမယ့် ဖူဂျီတောင်ကြီးကို ဘယ်သူပိုင်မှန်း ဂျပန်လူမျိူးတွေတောင် မသိကြပါဘူး။