ဂျပန်နိုင်ငံရဲ့ ငတ်မွတ်ခေါင်းပါးမှု

အခုချိန်မှာ ဂျပန်နိုင်ငံက ချမ်းသာတဲ့နိုင်ငံဆိုပေမယ့် ဟိုးအရင်ကတည်းကနေ ချမ်းသာလာခဲ့တာမဟုတ်ပါဘူး။

ဟိုးအရင်တုန်းက ဂျပန်နိုင်ငံရဲ့နေထိုင်မှုဘဝက အရမ်းကိုခက်ခဲကြမ်းတမ်းခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ရာသီဥတု ၄ မျိုးရှိပြီး ဆောင်းတွင်းမှာ အရမ်းကိုအေးပါတယ်။

ဒီလိုအေးချမ်းတဲ့ရာသီမှာ စိုက်ပျိုးသီးနှံတွေကို မရရှိနိုင်ပါဘူး။

နောက်တစ်ခုက မီးတောင်တွေများတဲ့နိုင်ငံဖြစ်တာကြောင့် ငလျင်ဒဏ် ၊  မီးတောင်ပေါက်ကွဲခြင်းနဲ့ ဆူနာမီဒဏ်ကို ခံကြရပါတယ်။

လူတွေရဲ့နေထိုင်မှုဘဝမှာ ထပ်ခါတလဲလဲ သဘာဝဘေးအန္တာရာယ်ကို ကြုံတွေ့နေရတဲ့နိုင်ငံဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးနဲ့ ဂျပန်နိုင်ငံဟာ အရင်တုန်းကကြီးမားတဲ့သဘာဝဘေးအန္တရာယ်နဲ့ ငရဲကျနေသလို အခြေအနေမျိုးကို ရောက်ရှိခဲ့ဖူးပါတယ်။

တစ်ချိန်တုန်းက ငရဲကျနေတဲ့ ဂျပန်နိုင်ငံဆိုတာက ဒီလိုပါ။

၁၇၃၂ ခုနှစ် ၊ ဂျပန်နိုင်ငံကို ဆာမူရိုင်းတွေ အုပ်ချုပ်ခဲ့တဲ့ခေတ်တုန်းကပေါ့……

ဂျပန်နိုင်ငံရဲ့ အနောက်ဘက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် နေရောင်ခြည်ပြတ်တောက်ခဲ့တဲ့အတွက် စပါးတွေမရိပ်သိမ်းနိုင်ဘဲ ပျက်စီးဆုံးရှုံးခဲ့တဲ့ ကပ်ဆိုးကြီးဖြစ်ပွားခဲ့ရပါတယ်။

အဲ့ဒီအခါမှာ လူအယောက် ၁၂၀၀၀ လောက် ငတ်မွတ်ပြီးသေဆုံးခဲ့ရပါတယ်။

https://mag.japaaan.com/archives/91180

 

အဲ့ဒီအချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဆာမူရိုင်းတွေက လယ်သမားတွေဆီကနေ သူတို့အတွက်ရှိတဲ့ဆန်တွေကို သိမ်းထားတဲ့အတွက်ကြောင့် တခြားကျန်ရှိနေတဲ့လူတွေက လူးလိမ့်ပြီးတော့ ငတ်မွတ်သေဆုံးရတဲ့ ငရဲရောက်နေသလိုအခြေအနေမျိုးကို ရောက်ရှိခဲ့ရပါတယ်။

ဒီထက်ပိုပြီး ဆိုးဝါးခဲ့ရာလာရာကနေ ၁၇၈၂ ခုနှစ်ကနေ ၁၇၈၈ ခုနှစ်ကိုကျော်လွန်ပြီးနောက်မှာ ငတ်မွတ်ခေါင်းပါးမှုက  တိုဟိုကုဒေသအအေးဒဏ်ကြောင့် စားစရာပြတ်လပ်မှု ၊ မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာပြန့်ကြဲမှု ၊ ကောက်ပဲသီးနှံများပျက်စီးဆုံးရှုံမှု စတာတွေပဲ ပိုပြီးတိုးပွားလာခဲ့ပါတယ်။

အခုလက်ရှိ အအိုမိုရိ စီရင်စု လို့ခေါ်တဲ့ဒေသတစ်ဝိုက်မှာ လူဦးရေ ၃၀ ရာခိုင်နှုန်းနှင့်အထက်ဖြစ်တဲ့ လူအယောက် ၁၀၀,၀၀၀  လောက် ငတ်မွတ်ပြီးသေဆုံးခဲ့ရပါတယ်။

နောက်တစ်ခုက ပိုင်ရှင်မဲ့တဲ့နေရာတွေလည်းတိုးပွားလာပြီး ငတ်မွတ်ခေါင်းပါးမှုကြောင့် လူဦးရေ ၅၀ ရာခိုင်နှုန်းအောက်ထိလျော့နည်းခဲ့ပါတယ်။

ငတ်မွတ်ခေါင်းပါးတဲ့အခါမှာ ကြောက်စရာကောင်းတာက ဒီအခြေအနေကို လွတ်မြောက်ချင်တဲ့သူတွေဟာ အသက်ရှင်နေသေးတဲ့ အိမ်မွေးတိရိစ္ဆာန်နဲ့ မိသားစုတွေကို သတ်ဖြတ်ပြီး စားသောက်ကြတယ်ဆိုတာကို ဖော်ပြထားတာတွေလည်းရှိပါတယ်။

အရင်တုန်းက အသားတွေသိပ်မစားတဲ့ ဂျပန်လူမျိုးတွေက ဘာမဆိုစားတဲ့သူတွေဖြစ်လာပြီး မိသားစုကို ပြန်သတ်ပြီးစားတာက တွေးကြည့်ရုံနဲ့တင် ငရဲကျနေသလိုထင်ရလောက်အောင် ကြောက်ဖို့ကောင်းပါတယ်။

အခုချိန်ထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပွားခဲ့တဲ့မှတ်တမ်းတွေရှိခဲ့ပြီး ဒီလိုငရဲနဲ့တူတဲ့အခြေအနေမျိုး ထပ်ပြီး မကျရောက်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: