နှစ် ၃၀၀ မတိုင်ခင်က စာပို့သမား

ဟိုးအရင်တစ်ချိန်က ဂျပန်နိုင်ငံကို ဆာမူရိုင်းတွေ အုပ်ချုပ်ခဲ့တယ်ဆိုတာကို သိကြမယ်ထင်ပါတယ်။

၁၆၀၃ ခုနှစ်ကနေစတင်ခဲ့တဲ့ အဲဒိုခေတ်မှာ တိုကူဂါဝါအနွယ်ဝင် ဆာမူရိုင်းတွေက တိုကျိူမြို့ကိုအခြေခံပြီး ဂျပန်နိုင်ငံကို လွှမ်းမိုးအုပ်ချုပ်ခဲ့ပါတယ်။

ဒါပေမယ့် တိုင်းပြည်တစ်ပြည်ရဲ့ သဘောသဘာဝအတိုင်း သူတို့ရဲ့အထက်မှာတော့ တိုင်းပြည်ဘုရင်ဆိုတာရှိပါတယ်။

တိုကျိုမှာရှိတဲ့ ဂျပန်ဘုရင်ကနေလွှဲပြောင်းပေးပြီး တိုကူဂါဝါက ဂျပန်နိုင်ငံကို အုပ်ချုပ်တဲ့ပုံစံကို ဂျပန်ပြည်သူတွေကလည်း လက်ခံခဲ့ပါတယ်။

 

ကျိုတိုမြို့နဲ့ တိုကျိုမြို့က ၅၀၀ ကီလိုမီတာခန့် ကွာဝေးပါတယ်။

ခြေလျင် ၊ ဒါမှမဟုတ် မြင်းစီးရုံကလွဲပြီး ခရီးနှင်လို့မရတဲ့ခေတ်မှာ တစ်နေရာနဲ့ တစ်နေရာသွားဖို့အတွက် တော်တော့်ကိုကွာဝေးလွန်းလှပါတယ်။

ပုံမှန်သွားမယ်ဆိုရင် ၁၀ ရက်ကနေ ရက် ၂၀ လောက်ထိ ကြာပါတယ်။

အဲ့ဒီလိုအချိန်မျိုးမှာ အောက်ကပုံမှာပါတဲ့ 飛脚(ひきゃく)ဟိခရခု လို့ခေါ်တဲ့ စာပို့သမားတွေရှိခဲ့ပါတယ်။

https://mag.japaaan.com/archives/91254

飛脚(ひきゃく)ဟိခရခု ဆိုတာက “飛んでいく足” ခြေပျံ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ပျံနေသလားလို့တောင် ထင်ရအောင်မြန်လွန်းလို့ဖြစ်ပါတယ်။

နာရီ ၆၀ လောက်နဲ့ တိုကျိုမြို့ကနေ ကျိုတိုမြို့ဆီကို စာရောက်အောင် ပို့ပေးနိုင်ပါတယ်။

အခုခေတ်မှာတော့ ဖုန်း ရော Fax ရော အင်တာနက်တွေပါ ရှိနေတဲ့အတွက်ကြောင့် စာပို့သမားတွေတောင် မလိုအပ်တော့ပါဘူး ။

တတ်နိုင်သမျှအမြန်ဆုံးရောက်သွားစေချင်တဲ့ ဘုရင့်ရဲ့စာလွှာတွေကိုပေးပို့ဖို့အတွက် ဘုရင့် 飛脚(ひきゃく)ဟိခရခု စာပို့သမားကနေတဆင့် ပို့ဆောင်ကြပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ အပြေးအမြန်ဆုံးသူကို ဒီရာထူးအတွက်ရွေးချယ်ထားပါတယ်။

ဒီလိုပျံသန်းနိုင်တယ်ဆိုတဲ့ အလုပ်လုပ်တဲ့သူရဲ့ ဂုဏ်သတင်းက ကျော်ကြားပြီး အံ့သြစရာကောင်းတဲ့အလုပ်ဖြစ်တာကြောင့် ကြွားဝါပြီးပြောချင်တဲ့ သူတွေလည်းရှိပါတယ်။

ဒါကြောင့် တစ်ကိုယ်လုံးမှာထိုးထားတဲ့တက်တူးကို ပြပြီးတော့

“ ဘယ်လိုလဲ ? မိုက်တယ်မလား ? ? ? “

ဆိုပြီးတော့ 飛脚(ひきゃく)ဟိခရခု စာပို့သမားတွေက ပြောတတ်ကြပါတယ်။

အခုခေတ် ဂျပန်လူမျိုးတွေရဲ့ ခိုင်းတာလုပ်ရတဲ့ဂိမ်း ကစားနေရသလိုဖြစ်နေတယ်ဆိုပေမယ့် တစ်ချိန်တုန်းက အရမ်းမိုက်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ကီမိုနိုဝတ်ပြီးပြေးရင် ပြေးရခက်မယ်ထင်ပါတယ်။

နောက်ပြီးတော့ အောက်ကပုံကို ကြည့်လိုက်ပါဦး ။

https://mag.japaaan.com/archives/91254

နှစ်ယောက်တစ်တွဲဖြစ်နေတယ်နော်..

တစ်ယောက်က ပစ္စည်းထမ်းပြီးတော့ နောက်တစ်ယောက်က ပစ္စည်းကို စောင့်ကြည့်နေပါတယ်။

ဒီလိုနဲ့ ပစ္စည်းတွေကို တလှည့်စီ သယ်ဆောင်သွားကြပါတယ်။

နောက်ပြီးတော့ ပြေးတဲ့ပုံစံ

https://mag.japaaan.com/archives/91254

အရင်တုန်းက ဂျပန်လူမျိုးတွေဟာ ဘယ်ခြေညာလက်ပုံစံနဲ့ပြေးကြပြီး အခုခေတ်မှာတော့ လက်နဲ့ခြေထောက်ကို ညီအောင်ညှိပြီးပြေးတတ်ကြပါတယ်။

ဒီလိုပြေးတဲ့ပုံစံနဲ့ တစ်ဖွဲ့ကို မိနစ်ပေါင်းသောင်းချီနဲ့ ကီလိုမီတာ ၁၀၀ လောက်ပြေးကြရပါတယ်။

ဘယ်လောက်အမြန်နဲ့ပြေးခဲ့လဲဆိုတာတော့မသိရပေမယ့် ဒီလိုလူတွေက အိုလံပစ်မှာ ဝင်ပြိုင်မယ်ဆိုရင် ဘယ်သူနဲ့မှမတူတဲ့အဆင့်တစ်ခုမှာရှိနေမှာ သေချာပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: