ကြောင်လေးတွေနဲ့ ပျော်စရာကောင်းတဲ့ ဘုန်းကြီးကျောင်း
ဂျပန်နိုင်ငံမှာ ကြောင်လေးတွေအများကြီးရှိတဲ့ ဘုန်းကြီးကျောင်းရှိတယ်ဆိုတာကို သိပါသလား ?
Wakayama စီရင်စုမှာရှိတဲ့ ခိုယတောင်ရဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာ မကြာသေးခင်အချိန်ထိ ကြောင်လေးတွေဝင်ရောက်လို့မရတဲ့နေရာဖြစ်ပါတယ်။
ဘာကြောင့်လဲနော် ?
ကြောင်လေးတွေက အရမ်းကိုချစ်ဖို့ကောင်းပေမယ့် မထိန်းသိမ်းနိုင်လို့ဖြစ်ပါတယ်။
အဲ့ဒီလောက်ထိ ကြောင်လေးတွေဝင်ရောက်တာကို ကန့်သတ်ထားပေမယ့် ဒါကိုချိုးဖောက်နေတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပါတယ်။
ဖုခုအိစီရင်စုမှာရှိတဲ့ ဂေါ့တန်းဂျောဘုန်းကြီးကျောင်းထဲမှာ ကြောင်တွေကို မွေးမြူထားပါတယ်။
တကယ်တော့ ဘုန်းကြီးကျောင်းထဲမှာ လာရောက်စွန့်ပစ်တာကို ကျွေးမွေးရာကနေစတင်ခဲ့တာဖြစ်ပါတယ်။
လူတွေနဲ့ ယဥ်ပါးတဲ့ကြောင်လေးတွေက လာရောက်တဲ့ဧည့်သည်တွေအတွက် အရမ်းကိုချစ်ဖို့ကောင်းပါတယ်။
ဒီလိုကြောင်လေးတွေက ဘုန်းကြီးကျောင်းရဲ့ ဘုန်းကြီးနဲ့ယောဂီတွေကို မှီခိုနေထိုင်ကြတာဖြစ်ပါတယ်။
ဒီလိုပျော်နေကြတဲ့ကြောင်လေးတွေရဲ့ မျက်နှာကို ကြည့်လိုက်ဦးနော်….
https://www.youtube.com/watch?v=MJcmt97qJic
ကြောင်လေးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှင်နေထိုင်ကြပါတယ်။
ကြောင်ချစ်တဲ့သူတွေဆိုရင် ကြောင်လေးတွေတစ်ပုံတစ်ပင်နဲ့ ဓာတ်ပုံသွားရိုက်လို့ရပြီနော်…..
御誕生寺(ごたんじょうじ)
福井県越前市庄田町32