ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက် စက်ရုပ်

ကျောင်းမသွားချင်ပေမယ့် မဖြစ်မနေသွားရတဲ့သူတွေရှိမှာသေချာပါတယ်။

ဒီလိုကလေးတွေအပြင် မကျန်းမာတဲ့ သနားစရာကလေးတွေရှိပါသေးတယ်။

သူတို့လေးတွေက ကျောင်းမှာသူငယ်ချင်းတွေနဲ့အတူ စကားပြောလိုက် စာသင်လိုက်လုပ်တာကို အိပ်မက်တစ်ခုအနေနဲ့ မျှော်မှန်းကြပါတယ်။

ဒါပေမယ့် ဒီအိမ်မက်တွေက ကျန်းမာရေးအခြေအနေမကောင်းတဲ့အတွက် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ကျောင်းဘက်ကနေလည်း ဆေးဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီးမလုပ်ဆောင်ပေးနိုင်တဲ့ အခက်အခဲရှိတာကြောင့် ဆေးကုသဆောင်တွေမှာပဲ စာသင်ကြရပါတယ်။

စာသင်တာအတူတူပဲဆိုပေမယ့် တစ်ယောက်ထဲဖြစ်နေတာက ပျော်ဖို့မကောင်းပါဘူး။

ဒီလိုကလေးတွေကို ကူညီဖို့အတွက် “OriHime” လို့ခေါ်တဲ့ စက်ရုပ်လေးကို တီထွင်လိုက်ပါတယ်။

https://robotstart.info/2016/07/07/orihime-new_release.html

ပုံထဲမှာပါတဲ့ စက်ရုပ်ကတော့ OriHime စက်ရုပ်ပဲဖြစ်ပါတယ်။

ကင်မရာ ၊ မိုက် ၊ စပီကာ ၊ မော်တာတွေပါဝင်ပြီးတော့ ကလေးတွေက ဆေးရုံရဲ့အိပ်ရာပေါ်ကနေ အဲ့ဒီစက်ရုပ်ကိုခိုင်းစေနိုင်ပြီး တခြားသူတွေနဲ့ ပြောဆိုဆက်ဆံမှုတွေကို ပြုလုပ်နိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ မူလတန်း ၆ နှစ်နဲ့ အလယ်တန်း ၃ နှစ်ကို မတက်မနေရ စနစ်ဖြစ်ပါတယ်။

ပညာသင်ရမယ့်တာဝန်က ကလေးတွေဆီမှာရှိပြီး ၊ ကလေးတွေကို ပညာသင်ခိုင်းရမှာက မိဘတွေရဲ့ တာဝန်ဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းတစ်ကျောင်းမှာ တက်ကိုတက်ရတော့မှာဖြစ်တာကြောင့် အရင်တုန်းကလုပ်ရိုးလုပ်စဥ်အတိုင်း ကျောင်းမသွားနိုင်တဲ့ကလေးတွေရှိတဲ့ဆေးရုံကို ဆရာ၊ဆရာမတွေကလာပြီး ကျောင်းရဲ့လုပ်ရှားမှုပုံရိပ်တွေကို ဓာတ်ပုံတွေနဲ့ပြောပြတာမျိုးပဲလုပ်ပေးနိုင်ပါတယ်။

ဒါပေမယ့် OriHime စက်ရုပ်ကို အသုံးပြုမယ်ဆိုရင် တကယ်လက်တွေ့မှာရှိတဲ့ ပတ်ဝန်းကျင်အခြေအနေကိုသိရမှာဖြစ်ပါတယ်။

စကားပြောတဲ့အခါမှာ စကားလုံးတွေက တိုက်ရိုက်ရောက်သွားမှာဖြစ်ပြီး တုံ့ပြန်မှုတွေကိုလည်း မြင်နေရမှာဖြစ်ပါတယ်။

မော်တာကိုပါ ထည့်သွင်းတပ်ဆင်ထားတဲ့အတွက်ကြောင့် ဆရာ စာမေးတဲ့အခါမှာ လက်ထောင်လို့ရပြီး အာလုံးရဲ့ရှေ့မှာ စကားတွေနဲ့ပြောဆိုဆက်သွယ်လို့ရပါတယ်။

အဲ့ဒီ OriHime ရဲ့အရွယ်အစားက အတော်လေးသေးငယ်တာကြောင့် ကျောင်းသွားတဲ့အခါယူသွားရင်လည်း အရမ်းကို ချစ်ဖို့ကောင်းပါတယ်။

https://robotstart.info/2015/06/23/robot-introduction-orihime.html

အပြင်သွားမယ်ဆိုရင်လည်း အတူတူလိုက်သွားသလိုမျိုး စက်ရုပ်ကိုယူသွားခိုင်းလို့ရပါတယ်။

အဲ့ဒီ OriHime စက်ရုပ်ကို တီထွင်ခဲ့တဲ့သူကတော့ 吉藤健太朗(よしふじ けんたろう)さん ယော်ရှိဘုဂျိ ခန်းတရိုး ပဲဖြစ်ပါတယ်။

https://bizpow.bizocean.jp/edge/orihime/

ယော်ရှိဘုဂျိစံ ကိုယ်တိုင်ကလည်း ၃နှစ်အကြာ ကျောင်းမသွားတဲ့အတွေ့အကြုံရှိသူဖြစ်ပါတယ်။

ရောဂါနဲ့အနိုင်ကျင့်ခံရတဲ့အခြေအနေကြောင့် ကျောင်းကိုမသွားနိုင်ဘဲ ရက်လရှည်ကြာ ပြန်မကောင်းလာနိုင်တဲ့ကလေးတွေရှိပါတယ်။

လက်ရှိ ကလေးအယောက် ၁၃၄,၀၀၀ လောက်ကျောင်းမတက်ရောက်နိုင်ဘဲ အဲ့ဒီထဲက 60% ဟာ ယော်ရှိဘုဂျိစံလို ကလေးမျိုးဖြစ်ပါတယ်။

နောက်ပြီးတော့ ၄၀ ရာခိုင်နှုန်းလောက်က မကျန်းမာတဲ့ကလေးတွေဖြစ်ပါတယ်။

နေမကောင်းတဲ့ကလေးတွေကျောင်းတက်ဖို့အတွက် ယော်ရှိဘုဂျိစံက သူ့အတတ်ပညာနဲ့ OriHime စက်ရုပ်ကို တီထွင်ခဲ့တာဖြစ်ပါတယ်။

ယော်ရှိဘုဂျိစံက နောက်ထပ်တစ်ဆင့်မှာအနေနဲ့ OriHime စက်ရုပ်ကို အသုံးပြုပြီးတော့ အလုပ်လုပ်နိုင်ဖို့ ဆက်လုပ်ခဲ့ပါတယ်။

https://www.youtube.com/watch?v=vzm27Ag_ZTw&feature=youtu.be

အပြင်ထွက်ဖို့ခက်ပြီး ရောဂါပြင်းပြင်းထန်ထန်နဲ့ နေမကောင်းတဲ့သူတွေအတွက် အပြင်ကိုအလုပ်ထွက်လုပ်နိုင်ဖို့ ကော်ဖီဆိုင်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ရောဂါကြောင့်အိပ်ယာထဲလှဲနေရမယ့်သူတွေဆိုရင် စိတ်ဓာတ်တွေလည်း ကျနေမှာဖြစ်ပါတယ်။

သူတို့တွေလည်း အလုပ်လုပ်နိုင်မယ်ဆိုရင် လူတွေနဲ့ပြောဆိုဆက်ဆံရင်း ပြန်လာကောင်းမွန်လာနိုင်ပြီး ကုသနေတဲ့ရောဂါတွေလည်း ထပ်မဖြစ်နိုင်တော့ဘူးလို့ထင်ပါတယ်။

အရုပ်လေးတွေလိုမျိုး စက်ရုပ်မဟုတ်ဘဲ လူသားတွေက လူသားဆန်ဆန် အသက်ရှင်ဖို့အတွက်အသုံးပြုနိုင်တဲ့ စက်ရုပ်လေးတွေပဲ ဖြစ်ပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: