မျိုးသုန်းလုနီးပါးကနေ ပြန်လည်ရှင်သန်လာနိုင်တဲ့ စင်ရော်ငှက်

ဂျပန်နိုင်ငံရဲ့ကမ်းစပ်တွေမှာ ပင်လယ်စင်ရော်တွေ အမြောက်အများရှိတာကို တွေ့ရပါတယ်။

ဂျပန်နိုင်ငံမှာ စင်ရော်ငှက်တွေကို အင်္ဂလိပ်မွေးစားစကားလုံးနဲ့ ( アホウ ) အဟိုလို့ခေါ်ပြီးတော့ ဂျပန်စကားလုံးအဓိပ္ပာယ်နဲ့ဆိုရင် ငတုံးဆိုတဲ့ မကောင်းတဲ့အဓိပ္ပါယ်သက်ရောက်ပါတယ်။

အဲ့ဒီငှက်တွေဟာ လူတွေထက်အသိဥာဏ်နည်းပြီး တစ်မီတာအကွာအဝေးအတွင်းကနေ ဖမ်းဖို့လုပ်ရင်တောင်မှ ထွက်မပြေးတဲ့အတွက် アホ ( ငတုံး ) ဆိုတဲ့နာမည်ကိုပေးထားရတဲ့ သနားစရာငှက်လေးတွေဖြစ်ပါတယ်။

သူ့ရဲ့ ပုံသဏ္ဌာန်က အရမ်းကိုလှပြီးတော့ ရေချိုးပြီး ပျံသွားတဲ့ပုံစံက နေရောင်ခြည်အောက်မှာ တောက်ပနေပါတယ်။

https://gendai.ismedia.jp/articles/-/59514

 

သူတို့လေးတွေက ၁၉ ရာစုနှောင်းပိုင်းနဲ့  ၂၀ ရာစုနှောင်းပိုင်းမှာ မျိုးသုန်းပျောက်ကွယ်သွားတော့မယ့်အခြေအနေကို ကြုံတွေ့နေရပါတယ်။

လူသားတွေရဲ့အလွန်အကြူးဖမ်းဆီးခြင်းကို ခံခဲ့ရလို့ပဲဖြစ်ပါတယ်။

 

https://gendai.ismedia.jp/articles/-/59514

အဲ့ဒီငှက်တွေက ၆ လပိုင်း နဲ့ ၉ လပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံရဲ့ အနောက်ပိုင်းကမ်းရိုးတန်း ဒါမှမဟုတ် ဘဲရီပင်လယ်မှာ နေထိုင်ကြပြီးတော့ ၁၀ လပိုင်းနဲ့  ၅ လပိုင်းအတွင်းမှာ ဂျပန်နိုင်ငံကမ်းရိုးတန်းနဲ့ ထိုင်ဝမ်ကိုရောက်လာပြီး ဥ ဥကြပါတယ်။

သူတို့ရဲ့ အမွေးတွေက ပေါ့ပါးပြီး အပူဒဏ်ကို ကာကွယ်နိုင်တဲ့အတွက်ကြောင့် စျေးကြီးကြီးနဲ့ ရောင်းချကြပါတယ်။

အဲ့ဒီအချိန်တုန်းက ဂျပန်နိုင်ငံမှာ စင်ရော်ငှက်တွေကိုဖမ်းဆီးပြီး နိုင်ငံခြားကို ရောင်းချအမြတ်ထုတ်နေတဲ့ လူတွေပိုပိုပြီးတော့များလာပါတယ်။

ဒါကြောင့် စင်ယော်ငှက်တွေကို လျှပ်စစ်တုတ်တွေနဲ့ ရိုက်နက်ပြီးသတ်ဖြတ်တာက ပိုက်ဆံတွေအများကြီးရစေပါတယ်။

ငှက်အကောင်ရေ 10,000,000 ကျော်လောက် သတ်ဖြတ်ခံခဲ့ရပါတယ်။

တစ်ချိန်တုန်းက စင်ရော်ငှက်တွေဟာ တစ်နာရီမှာ တစ်ကောင်တောင်ပေါ်မလာတော့လောက်အောင် မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပါတယ်။

၂၀ ရာစုအကျော်လောက်မှာ ၁၀ ကောင်ပဲ ရှိတော့တယ်လို့ အတည်ပြုနိုင်ခဲ့ရာကနေ မျိုးသုန်းမှုကိုကာကွယ်ဖို့ မွေးမြူရေးတွေကို စတင်ပြီးလုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီကနေစပြီး ၄၂ နှစ်ကြာအောင် သူတို့လေးတွေကို ကြည့်ရှု့စောင့်ရှောက်ပေးမယ့် လူတစ်ယောက်ရှိလာခဲ့ပါတယ်။

https://gendai.ismedia.jp/articles/-/59514

သူကတော့ 長谷川 (はせがわ) さん ဟဆဲဂဝစံ ဆိုတဲ့ 東邦大学(とうほうだいがく)တိုးဟိုးတက္ကသိုလ်က ပါမောက္ခဖြစ်ပါတယ်။

၎င်းဟာ ၄၂ နှစ်အတွင်းမှာ စမ်းသပ်လေ့လာမှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

စင်ရော်ငှက်တွေက ဂျပန်နိုင်ငံမှာ မျိုးပွားတဲ့ငှက်ဖြစ်တာကြောင့် ဖို နဲ့ မ တစ်တွဲလုံးမရှိလို့မဖြစ်ပါဘူး။

長谷川(はせがわ)さん ဟဆဲဂဝစံက ဒါကိုအဓိကထားပြီးတော့ လုပ်ဆောင်ခဲ့ပါတယ်။

1976 ခုနှစ်ကနေ စင်ရော်ငှက်တွေအတွက် ပုံမှန်ကာကွယ်စောင့်ရှောက်ရေးတွေကို လုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီငှက်တွေနေထိုင်တဲ့ 鳥島(とりしま)လို့ခေါ်တဲ့ လူမရှိတဲ့ကျွန်းကို စင်ရော်ငှက်တွေထိန်းသိမ်းကာကွယ်တဲ့နေရာအနေနဲ့ သီးသန့် ထားထားတာကြောင့်

ဝင်ထွက်သွားလာဖို့အတွက် ခွင့်ပြုချက်ယူရပါတယ်။

https://gendai.ismedia.jp/articles/-/59514?page=2

အဲ့ဒီကနေ ထိန်းသိမ်းစောင့်ရှောက်ထားတာ ၇၁ ကောင် ရှိလာပြီး ခန့်မှန်းချက်အရ အကောင်ရေစုစုပေါင်း ၁၅၀ ကနေ ၂၀၀ လောက် များလာခဲ့ပါတယ်။

အဆိုပါနှစ်အတွင်း သေဆုံးမှုနှုန်း၊ မွေးဖွားမှုနှုန်းအနေနဲ့ ရေတွက်မယ်ဆိုရင်တော့ တိုးပွားမှုမရှိဘူးလို့ ယူဆခဲ့ပါတယ်။

長谷川 (はせがわ) さん ဟဆဲဂဝစံက သူ့ရဲ့ကိုယ်ပိုင်အားလပ်ချိန်တွေကိုပါ စုပုံထားပါတယ်။

ဂျပန်နိုင်ငံကနေ အနည်းငယ်ကွာဝေးတဲ့ ငှက်ကျွန်းကိုသွားရင် ပိုက်ဆံတွေလည်း အရမ်းကိုကုန်ကျပါတယ်။

သူက အချိန်ရှိတာနဲ့ အမြဲတမ်းအဲ့ဒီငှက်ကျွန်းကိုသွားပြီးတော့ စင်ရော်ငှက်တွေမျိုးပွားဖို့လွယ်ကူအောင် လုပ်ဆောင်ပေးပါတယ်။

၁၉၉၃ ခုနှစ်မှာတော့ တိုကျိုမြို့သားတွေလည်း အဲဒီ့ကျွန်းကိုလာရောက်ခဲ့ကြပါတယ်။

ရဟတ်ယာဥ်ကိုအသုံးပြုပြီး မိုးရေချိန်တိုင်းတာကာ စင်ရော်ငှက်တွေအတွက် ထိန်းသိမ်းစောင့်ရှောက်မှုတွေကို ဆက်လက်ပြီးလုပ်ဆောင်ပေးခဲ့ပါတယ်။

ရလဒ်အနေနဲ့ ၁၉၉၄ ခုနှစ်မှာ စုစုပေါင်းအကောင်အရေအတွက် ၁၀၀၀ အထိကို  ပြောင်းလဲနိုင်ခဲ့ပါတယ်။

https://gendai.ismedia.jp/articles/-/59514?page=2

စင်ရော်ငှက်တွေရဲ့ အရေအတွက်က တိုးပွားလာခဲ့ပေမယ့် အဲ့ဒီငှက်ကျွန်းက မီးတောင်ကျွန်းဖြစ်လို့ မီးတောင်ပေါက်ကွဲရင် သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ထပ်ပျက်စီးသွားမယ်ထင်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီကျွန်းမှာတင်မဟုတ်ဘဲ တခြားကျွန်းမှာပါ မျိုးပွားနိုင်ဖို့အတွက် တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး အကောင်ရေ ၅၀၀၀ အထက်ရှိလာပြီဖြစ်တာကြောင့် မျိုးသုန်းတော့မယ့်အခြေအနေကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တကယ်လို့ ကိုယ့်ကို ( アホウ )အဟို လို့နာမည်ပေးလာရင် ဒီနာမည်ဟာ ကြောက်ရွံ့မှုမရှိသူလို့အဓိပ္ပါယ်ရတာဖြစ်ကြောင်း ပြန်ပြောလိုက်နော်။

လူသားတွေအနေနဲ့ စင်ရော်ငှက်တွေကို ကြင်ကြင်နာနာဆက်ဆံမယ်ဆိုရင် ကောင်းတဲ့အရာတွေဖြစ်မလာနိုင်ဘူးလားလို့တွေးမိပါတယ်။

အဲဒီကနေ တဖြည်းဖြည်းနဲ့ အရေအတွက်တွေတိုးပွားလာပြီး တစ်ချိန်မှာ စင်ရော်ငှက်တွေကို အစုအဝေးနဲ့ အများကြီးတွေ့ရမယ်ဆိုရင် အရမ်းကောင်းမှာပဲနော်…………….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: