ရေချိုးကန်တွေထဲ ဝင်ရောက်တဲ့ နည်းလမ်းအမှန်

ဂျပန်နိုင်ငံမှာ ပျော်စရာကောင်းတဲ့ ရေပူစမ်းတွေရှိပါတယ်။

ရေပူကန်တွေထဲမှာ စိမ်နေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပင်ပန်းတာတွေ အားလုံးပျောက်သွားပါလိမ့်မယ်။

 

ဝိုး…… မိုက်တယ်။

လို့ထင်ပေမယ့် တကယ်တော့ တော်တော်လေးကို အန္တရာယ်များတဲ့လုပ်ရပ်ဖြစ်ပါတယ်။

တစ်နှစ်အတွင်းမှာ ရေပူစမ်းနဲ့ ရေချိုးကန်ထဲမှာ လူအယောက် ၂၀,၀၀၀ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဒီလိုပြောရတာက ဒီတစ်ခေါက်ရဲ့ဆောင်းပါးကနေ ခြောက်လန့်ချင်လို့မဟုတ်ပါဘူး။

မှန်ကန်တဲ့ ရေချိုးကန်ထဲဝင်တဲ့နည်းလမ်းကို မှတ်သားပြီး ရေပူစမ်းတွေမှာ သွားပျော်လို့ရပြီနော်။

https://cdn.images-dot.com/S2000/upload/2013012100020_1.jpg

ရေပူစမ်းရဲ့ ရေပူက အပူချိန် ၄၃ ဒီဂရီဝန်းကျင်လောက် ရှိပါတယ်။

အပြင်မှာရှိတဲ့ အပူချိန်ထက်ပူတဲ့နေရာကို ဝင်ရောက်ရတာကြောင့် ရုတ်တရက်အပူချိန်ပြောင်းလဲသွားတာက သေဆုံးရခြင်းရဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။

ရေပူစမ်းက ရုတ်တရက်အပူချိန်ပြောင်းသွားတာမဟုတ်ပါဘူး။

အရင်ဦးဆုံး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အပူချိန်နဲ့အသားကျအောင်လုပ်ရပါမယ်။

ခြေတွေလက်တွေကို ရေပူနဲ့ဖြည်းဖြည်းချင်းလောင်းပါမယ်။

နောက်ပြီးတော့ ကျန်နေတဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လောင်းလိုက်ပါမယ်။

ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေအတူပါသွားပြီး ရေနွေးရဲ့အပူချိန်က ခန္ဓာကိုယ်နဲ့အသားကျသွားစေတဲ့ အကျိုးကိုရရှိစေပါတယ်။

http://www.gongenso.com/ggs/wp-content/themes/gongenso/img/top/mainimg_01.jpg

နောက်တစ်ခုက ရေပူကန်ထဲကို ရုတ်တရက်ဝင်ရောက်ပြီး အချိန်ကြာကြာစိမ်မနေမိဖို့ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံကို ကြိုးကြိုးစားစားရောက်လာခဲ့ပြီးမှတော့ ရေပူမစိမ်လိုက်ရရင် နှမြောဖို့ကောင်းတယ်ဆိုပြီး ဝင်စိမ်တာက ခန္ဓာကိုယ်အတွက် အရမ်းကိုကြီးလေးတဲ့ ဝန်ကိုထမ်းရစေပါတယ်။

ရေနွေးထဲကို နည်းနည်းလေးဝင်လိုက် အပြင်ကိုပြန်ထွက်လိုက် နည်းနည်းလေးအေးမှပြန်ဝင်လိုက် ဒီလိုမျိုးထပ်ခါလုပ်ပါ။

နောက်တစ်ခုကတော့ ရေနွေးထဲကို ဝင်တဲ့အခါမှာ နှလုံးရဲ့အောက်နားထိစိမ်တာက ခန္ဓာကိုယ်ရဲ့ ဝန်ကိုလျှော့ချပေးနိုင်ပါတယ်။

ဖြည်းဖြည်းချင်းစိမ်တာက ခန္ဓာကိုယ်ကိုမအေးစေဘဲ နွေးထွေးစေပါတယ်။

ဆောင်းရာသီမှာ ရေပူစမ်းရဲ့အပူချိန်က အရမ်းကိုကွဲပြားနေတာကြောင့် အထူးဂရုစိုက်ဖို့လိုပါတယ်။

အားလုံးပဲ ရေပူစမ်းတွေမှာ စိတ်ချလက်ချနဲ့ ပျော်လိုက်ကြရအောင်နော် ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: