ဂျပန်နိုင်ငံမှာ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ထိုးခဲ့တဲ့တက်တူး

မြန်မာနိုင်ငံမှာလည်း TATOO ထိုးတဲ့ လူငယ်တွေက ပိုပိုပြီးများလာပါတယ်။

ဂျပန်နိုင်ငံမှာတော့ တက်တူးကို မကောင်းတဲ့အရာအဖြစ်သတ်မှတ်တာကို သိကြပါသလား ?

ဂျပန်နိုင်ငံမှာလည်း တချို့လူငယ်တွေကတက်တူးထိုးကြပေမယ့် TATOO ထိုးရင် image မကောင်းဘူးလို့ သတ်မှတ်တဲ့နိုင်ငံဖြစ်တဲ့အတွက် TATOO ကိုမကြိုက်တဲ့ သူတွေလည်းများပါတယ်။

မာဖီးယားလို့ ထင်ခံရလို့လား ?

ဒါလည်းဟုတ်ပေမယ့် ဟိုအရင်တုန်းက TATOO ဆိုတာ ရာဇဝတ်သားတွေရဲ့ အမှတ်အသားဆိုတဲ့အချက်က အဓိကပဲဖြစ်ပါတယ်။

ဂျပန်မှာတော့ TATOO ကို 入れ墨(いれずみ)အိရဲဇုမိ လို့ခေါ်ပါတယ်။

ဂျပန်နိုင်ငံမှာ အိရဲဇုမိ ဘယ်လိုဖြစ်လာလဲဆိုတာကို ရှင်းပြပါမယ်။

http://karapaia.com/archives/52238294.html

ဒါကတော့ လက်မောင်းပေါ်မှာ ထိုးတဲ့ အိရဲဇုမိဖြစ်ပါတယ်။

ရာဇဝတ်မှုတွေကို ရေတွက်တဲ့အနေနဲ့ နံပါတ်စဥ်တွေကို ရေးထိုးထားတာပဲဖြစ်ပါတယ်။

အဲ့လိုမျိုးကို မထိုးချင်ကြတဲ့အပြင် အောက်ကပုံအတိုင်းဆို ပိုပြီးမထိုးချင်ကြပါဘူး။

http://karapaia.com/archives/52238294.html

နဖူးပေါ်မှာ ဒီလိုပုံစံ တက်တူးထိုးရပါတယ်။

ဒီလိုဖုံးထားလို့မရတဲ့နေရာမှာ ထိုးရတာဖြစ်ပြီး အဲ့ဒီလို ရေးဆွဲထားတဲ့ပုံစံတွေက ဒေသကိုလိုက်ပြီးကွဲပြားခြားနားမှုရှိပါတယ်။

အဲ့ဒီပုံစံတွေထဲမှာ ရှက်စရာအကောင်းဆုံးပုံစံက 左の筑前(ちくぜん)ချိခုဇန်း ဆိုတဲ့ပုံစံဖြစ်ပါတယ်။

ပထမဦးဆုံးမှာ လိုင်းလေးတစ်လိုင်းပဲဆွဲပေးပြီးတော့ ၃ ကြိမ်မြောက် ရာဇဝတ်သားဆိုရင်တော့ 犬(いぬ)ခွေးဆိုတဲ့ ပုံစံကိုထိုးပေးပါတယ်။

ဘယ်လောက်ပြောပြောနားမလည်တဲ့ ရာဇဝတ်သားက ခွေးနဲ့တူတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ ပုံစံပြန်သွင်းပေးတာပဲဖြစ်ပါတယ်။

ခွေးကိုနည်းနည်းမကောင်းတဲ့အရာသွင်းလိုက်သလိုပဲနော်….

 

ရာဇဝတ်မှုပြင်းထန်တဲ့သူတွေဆိုရင်သေဒဏ်ပေးတယ်ဆိုပေမယ့် တက်တူးထိုးပြီးဒဏ်ပေးခံရတဲ့သူတွေကတော့ သူခိုးနဲ့ လောင်းကစားသမားတွေအဖြစ် ဖမ်းခံရတဲ့သူတွေပဲဖြစ်ပါတယ်။

တက်တူးထိုးပြီးဒဏ်ပေးရုံမဟုတ်ဘဲနဲ့ ယောကျ်ားလေးဆိုရင် အချက် ၅၀ ကနေ ၁၀၀ကြား အရိုက်ခံရပြီးတော့ မိန်းကလေးဆိုရင် ရက် ၅၀ ကနေ ၁၀၀ ကြားအကျဥ်းချခံရပါတယ်။

နောက်ပြီးတော့ တက်တူးထိုးခံရရုံတင်မဟုတ်ဘဲနဲ့ ထောင်အပြင်ကိုပြန်ထွက်လာတဲ့အခါမှာ မြို့ပြင်ကိုလည်းထုတ်တာခံရပါတယ်။

မြို့တိုင်းမြို့တိုင်းက စစ်ဆေးမှုတွေပြုလုပ်တဲ့အတွက်ကြောင့် ရာဇဝတ်သားတွေ မြို့ထဲကိုဝင်ရောက်လာမှာကို တားဆီးနိုင်တယ်ဆိုတာလည်းရှိပါတယ်။

အရင်တုန်းက ဂျပန်နိုင်ငံရဲ့ ပြစ်ဒဏ်က အရမ်းကိုပြင်းထန်ပြီးတော့ ၃ ကြိမ်မြောက်ဆိုရင်တော့ သေဒဏ်ပေးခံရမယ်ဆိုတာသေချာပါတယ်။

ဒါကြောင့် ခွေးဆိုတဲ့ စကားလုံးကို နဖူးပေါ်မှာဆွဲခံရတဲ့သူက ရာဇဝတ်မှုအကြီးစားကို ကျူးလွန်ထားတဲ့ရာဇဝတ်သားမဟုတ်ဘဲနဲ့ ရာဇဝတ်မှုသေးသေးလေးတွေကို ထပ်ခါထပ်ခါကျူးလွန်ခဲ့တဲ့လူတွေဖြစ်ပြီး သူတို့ကို လူမဟုတ်ဘဲခွေးနဲ့တူတဲ့ အရူးအရာသွင်းခဲ့ကြပါတယ်။

 

ခွေးဆိုတဲ့ တက်တူးထိုးခံရတဲ့သူက ဘယ်လိုလူဖြစ်သွားမလဲ ?

အဲ့ဒီလူက ဘယ်လိုပုံစံမျိုးနဲ့ အသက်ဆက်ခဲ့လဲဆိုတာကို မသိပေမယ့် ဂျပန်နိုင်ငံမှာ သမိုင်းမလှခဲ့တဲ့တက်တူးကို မုန်းတဲ့သူတွေများတယ်ဆိုတာကို နားလည်သိရှိလိုက်ရပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: