ဖိနှိပ်ခံရပြီး ကွယ်ပျောက်ခဲ့ရတဲ့ အအိနုယဉ်ကျေးမှု

ရှေးတုန်းက ဂျပန်နိုင်ငံမှာ အခုလက်ရှိ ဟိုကိုင်းဒိုးလို့ခေါ်တဲ့မြို့ကို အဲ့ဇို လို့ခေါ်ခဲ့ကြပါတယ်။

အရမ်းကိုအေးပြီး သိပ်မတိုးတက်သေးတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ရှေးဟောင်းရိုးရာယဥ်ကျေးမှုတွေ ကျန်ရှိနေပါသေးတယ်။

အဲဇိုမြို့မှာ  アイヌ ( အအိနု ) လူမျိုးတွေက ဂျပန်နိုင်ငံရဲ့မြောက်ဘက်ပိုင်းနဲ့ ရုရှားနိုင်ငံကြားမှာ နေထိုင်ကြပါတယ်။

 

သူတို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃,၀၀၀ မတိုင်ခင်ထဲက ရှိခဲ့ကြတာဖြစ်ပြီး ဒီလိုပုံစံမျိုးနဲ့ နေထိုင်ခဲ့ကြပါတယ်။

https://jp.rbth.com/multimedia/pictures/2014/04/23/48061

 

အအိနုလူမျိုး မိန်းကလေးတွေရဲ့ မျက်နှာမှာ ဒီလိုပုံစံမျိုးတက်တူးထိုးထားပါတယ်။

 

https://jp.rbth.com/multimedia/pictures/2014/04/23/48061

 

အဲ့ဒီပုံစံတွေထိုးထားတာက မိန်းကလေးတွေချည်းပါပဲ။

အခမ်းအနားတွေမှာသုံးဖို့အတွက် ဓားကိုပုံဖော်ပြီး မီးသွေးမှုန့်နဲ့ အရေပြားမှာစွဲသွားအောင်ပြုလုပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။

အဲ့ဒီတက်တူးကို အသက် ၇ နှစ်လောက်ကနေစထိုးပြီးတော့ နှစ်တိုင်းပိုများများလာပါတယ်။

နှုတ်ခမ်းတစ်ဝိုက်ထိုးရတဲ့ အဓိပ္ပာယ်က ” အမြဲတမ်း ပြုံးနေဖို့အတွက် “ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အဲ့ဇိုမြို့မှာ ရာသီဥတုအအေးဒဏ်က အရမ်းကိုပြင်းထန်လွန်းတဲ့အတွက်ကြောင့် မလုပ်ချင်တဲ့အလုပ်တွေဆိုရင် အပြုံးမပျက်ဘဲ လုပ်ဆောင်ကြရပါတယ်။

 

 

အဲ့ဒီထူးဆန်းတဲ့ ယဥ်ကျေးမှုကို ဂျပန်အစိုးရက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပိတ်ပင်တားမြစ်ထားတဲ့ကြားကနေ အအိနုလူမျိုးအများစုက ရှေးဟောင်းလုပ်ရိုးလုပ်စဥ်ကို ဆက်ပြီးထိန်းသိမ်းခဲ့ပါတယ်။

https://jp.rbth.com/multimedia/pictures/2014/04/23/48061

 

အဲ့ဒီနောက် ရှေးဟောင်းတက်တူးကိုထိုးခဲ့တဲ့ အအိနုရဲ့ နောက်ဆုံးအမျိုးသမီးဟာ ၁၉၉၈ ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။

https://jp.rbth.com/multimedia/pictures/2014/04/23/48061

 

အခုလက်ရှိ ပွဲတော်တွေနဲ့ အခမ်းအနားတွေမှာ ဖျက်လို့ရတဲ့ ယာယီတက်တူးတွေကိုထိုးတဲ့ အအိနုအနွယ်ဝင်အမျိုးသမီးတွေလည်းရှိပါတယ်။

https://jp.rbth.com/multimedia/pictures/2014/04/23/48061

 

ပျောက်ကွယ်သွားတာက တက်တူးထိုးတာ တစ်ခုတည်းမဟုတ်ပါဘူး။

အအိနုလူမျိုးတွေ အလေးထားပြီးထိန်းသိမ်းလာခဲ့တဲ့ အစဥ်အလာအများစုလည်းပျောက်ကွယ်သွားခဲ့ပါတယ်။

 

https://jp.rbth.com/multimedia/pictures/2014/04/23/48061

 

ဝက်ဝံကို အဓိကကိုးကွယ်ကြတဲ့ အအိနုလူမျိုးတွေရဲ့ ထူးခြားတဲ့ဘာသာတရားလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

အအိနုလူမျိုးတွေက လက်ရှိလူဦးရေ ၂၃,၀၀၀ ရှိတယ်လို့ဆိုပေမယ့် တော်တော်များများက ဂျပန်လူမျိုးတွေနဲ့တူညီတဲ့ နေထိုင်စားသုံးမှုကိုပဲ ကျင့်သုံးကြပါတယ်။

 

အအိနုရဲ့အစဥ်အလာကို ဘယ်သူကလာပြီးပိတ်ပင်ခဲ့မှန်းမသိပေမယ့်  အဲ့ဒီလိုပြောင်းလဲသွားတာက ကောင်းလား၊ မကောင်းလားဆိုတာကို ဆုံးဖြတ်ပေးမယ့်သူမရှိဘဲ

ဒီလိုလူမျိုးတွေရဲ့ ထူးခြားမှုတွေက ပျောက်ကွယ်သွားခဲ့ရပါလားလို့ တွေးမိတဲ့အခါ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: