ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးကိုသွားကြစို့ !

ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးအဆောက်အဦးကတော့ အိုဆာကာမြို့မှာရှိတဲ့ Abeno Harukasu ဆိုတဲ့အဆောက်အဦးပဲဖြစ်ပါတယ်။

https://www.mapple.net/article/4844/

 

အရမ်းကိုကြီးမားတဲ့ အဲ့ဒီအဆောက်အဦးက မြေပြင်ကနေအမြင့် ၃၀၀ မီတာ ရှိပါတယ်။ ဂျပန်နိုင်ငံမှာ ကြီးမားတဲ့ငလျင်လှုပ်ခတ်မှုတွေရှိပေမယ့် အဲ့လောက်အမြင့်နဲ့ မပျက်မစီးဘဲရှိနေတာ အံ့သြစရာတစ်ခုပါပဲ။

အဲ့ဒီအဆောက်အဦးရဲ့ ၃၀၀ မီတာအမြင့်မှာ ရှုခင်းတွေကိုကြည့်နိုင်တဲ့နေရာလေးတစ်ခုရှိပါတယ်။

လေညှင်းခံရင်းနဲ့ အိုဆာကာမြို့ကို မြင်နိုင်တဲ့အမြင့်ဆုံးနေရာဖြစ်ပြီးတော့ သွားရောက်နိုင်တဲ့အချိန်ကို ကန့်သတ်ထားပါတယ်။

အဲ့ဒါကတော့ ဒီနေရာလေးပါ။

 

https://www.jalan.net/news/article/305497/

 

အမြင့်ပေ ၃၀၀ မီတာအမြင့်ရှိတဲ့နေရာမှာ ဂျပန်ဆောင်းတွင်းရဲ့ အဆင့်တန်းမြင့်အစားအစာ ဖြစ်တဲ့ Kotatsu  pot ကို ပျော်ပျော်ရွှင်ရွှင်နဲ့ စားသုံးနိုင်ပါတယ်။

ဒီလိုပုံစံမျိုးလေးပါ။

https://www.jalan.net/news/article/305497/

အမိုက်ဆုံးပဲနော် ? ?

လေညှင်းခံဖို့အတွက်လုပ်ထားတာက အေးတဲ့အတွက်ကြောင့် အနွေးထည်ဝတ်ထားဖို့တော့လိုပါတယ်။

ပုံထဲမှာပါတဲ့မိန်းကလေးတွေဝတ်ထားတဲ့အနွေးထည်က ဂျပန်ရဲ့ဆောင်းတွင်းအတွက် အကောင်းဆုံးဝါကို ထည့်သွင်းပြုလုပ်ထားတာပဲဖြစ်ပါတယ်။

 

အဲ့ဒီ Kotatsu နဲ့စားနိုင်တာကတော့ နှစ်မျိုးရှိပါတယ်။

တစ်ခုကတော့ おでん အိုဒန်းကို ကိုယ်ကြိုက်သလိုမှာစားလို့ရပါတယ်။

ဂျပန်နိုင်ငံရဲ့နာမည်ကြီး ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။

https://www.jalan.net/news/article/305497/

 

နောက်တစ်ခုကတော့ ဟင်းသီးဟင်းရွက်တွေနဲ့ cheese ကို အိုးနဲ့ထည့်ချက်ထားတဲ့ ဟင်းလျာဖြစ်ပါတယ်။

အဲ့ဒါကို မိန်းကလေးတွေက ပိုပြီးကြိုက်နှစ်သက်ကြပါတယ်။

https://www.jalan.net/news/article/305497/

 

၂၀၁၉ ခုနှစ် ၃ လပိုင်း ၃ ရက်နေ့ထိ သွားရောက်နိုင်တဲ့အချိန်ကို ကန့်သတ်ထားပါတယ်။

အိုဆာကာမြို့ရဲ့အမြင့်ဆုံးဖြစ်တဲ့ ဒီနေရာလေးက ဂျပန်နိုင်ငံကြီးတစ်ခုလုံးကိုမြင်နိုင်တယ်ဆိုတာ ဒီအချိန်လေးပဲနော် !

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: