ဂျပန်နိုင်ငံရဲ့ နှစ်အလိုက်ရာသီခွင်

နှစ်တိုင်း နှစ်တစ်နှစ်စီရဲ့ရာသီခွင်မှာ တိရိစ္ဆာန်လေးတွေတစ်မျိုးစီ အလှည့်ပြောင်းပါတယ်။

အခုဆိုရင် တရုတ်နှစ်သစ်ကူးလည်းနီးလာပြီဆိုတော့ တရုတ်လူမျိုးတွေရဲ့ ရာသီခွင်အကောင်လေးတွေ ပြောင်းသွားတာကို သတိထားမိပါသလား ?

ဒီနှစ်မှာကျရောက်တဲ့နှစ်ကို ဘာနှစ်လို့ခေါ်တယ်ထင်ပါသလဲ ?

https://mag.japaaan.com/archives/89184

ဝက်နှစ်လို့ ဖြေလိုက်မယ်ဆိုရင်တော့ အဖြေမှန်ပါတယ်။

ဂျပန်လူမျိုးတွေလည်း အဲ့လောက်လေးပဲသိကြပါတယ်။

တိရိစ္ဆာန် ၁၂ မျိုးခွဲခြားထားတဲ့ ရာသီခွင် ၁၂ ခုပဲဖြစ်ပါတယ်။

အဲ့ဒါကို ဘာလို့ ( 干支) အဲဒို (ရာသီခွင်) လို့ခေါ်ရလဲဆိုတော့ တရုတ်ရာသီခွင် ၁၂ ခု ကနေ ဖြစ်လာတာဖြစ်ပါတယ်။

ရာသီခွင် ၁၂ ခု ဆိုတာ စာဖတ်သူတို့သိတဲ့အတိုင်း တိရိစ္ဆာန် ၁၂ မျိုးရှိတာကို အကျယ်ချဲ့ပြီးမရှင်းပြတော့ပါဘူး။

 

ရာသီခွင်က သဘာဝတရား ၅ ခု ဖြစ်တဲ့ သစ်ပင် ၊ မီး ၊ ရေ ၊ မြေကြီး ၊ ရွှေ ဆိုတဲ့ဓာတ် ၅ မျိုးပေါ်မှာအခြေခံတဲ့ တရုတ်ရိုးရာကနေ ဆင်းသက်လာခဲ့တာပဲဖြစ်ပါတယ်။

အသေးစိတ်ရှင်းပြရမယ်ဆိုရင် အနည်းငယ်ရှည်တဲ့အတွက်ကြောင့် ဒီရာသီခွင်တွေက ဓာတ် ၅ ခုကနေ အသီးသီးအမျိုးအစားတွေ ကွဲထွက်လာခဲ့တယ်ဆိုပြီးတော့ မူလရာသီခွင်က အားလုံးပေါင်း ၆၀ လောက် ခွဲခြားထားခဲ့တာဖြစ်ပါတယ်။

ဒါတွေအားလုံးကို တစ်လှည့်စီဆိုရင် နှစ် ၆၀ ကြာပါတယ်။

 

အဲ့ဒီအချိန်ထိ အသက်ရှင်လျက်ရှိနေမယ်ဆိုရင် ဂုဏ်ပြုပွဲတွေကို အတူတကွလုပ်နိုင်ပြီးတော့ အသက် ၆၀ ပြည့်မွေးနေ့ကို 還暦(かんれき)ခန်းရဲခိ လို့ခေါ်ပြီး အထူးဂုဏ်ယူစရာတစ်ခုအနေနဲ့ ဖြစ်ခဲ့ပါတယ်။

အခုတော့ ရာသီခွင်တွက်ချက်တဲ့ပုံစံတွေ ပြောင်းလဲသွားခဲ့ပြီး 還暦(かんれき)ခန်းရဲခိဆိုတာက ထုံးတမ်းဓလေ့တစ်ခုအနေနဲ့ပဲ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့် အဲ့ဒီတွက်ချက်တဲ့ပုံက တကယ်တော့ ဂျပန်နိုင်ငံမှာလည်း လက်တွေ့ခုချိန်ထိ အသုံးပြုနေပြီးတော့ တွက်ချက်တဲ့ပုံစံအရ ၁၉၆၆ ခုနှစ်မှာ စိတ်ဝင်စားစရာကောင်းပြီး ဆန်းကျယ်တဲ့အရာတစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနှစ်ကတော့ 丙午(ひのえうま) ဆိုတဲ့နှစ်ပဲဖြစ်ပါတယ်။

အဲ့ဒီနှစ်မှာမွေးဖွားခဲ့တဲ့ မိန်းကလေးက ဒေါသကြီးပြီးတော့ ခင်ပွန်းဖြစ်သူကို အသက်တိုစေတယ်ဆိုပြီး ပြောကြပါတယ်။

ဒါကြောင့် အဲ့ဒီခုနှစ်ရာသီမှာကျရောက်တဲ့ ၁၉၆၆ ခုနှစ်မှာ ကလေးမွေးဖွားတာနည်းခဲ့တယ်လို့လည်းပြောကြပါတယ်။

အဲ့ဒီကနေ အနှစ် ၆၀ ကြာပြီးတော့ ၂၀၁၆ ခုနှစ်မှာ 丙午(ひのえうま) ရာသီခွင်ကျရောက်ခဲ့ပေမယ့် ဘယ်သူကမှအဲ့လောက်ထိ သတိမမူမိကြတော့ပါဘူး။

 

ဒါနဲ့ စာရေးသူက 癸丑(みずのとうし) မိဇုနော့တိုးရှိ ဆိုတဲ့နှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနှစ်မှာမွေးဖွားခဲ့တဲ့ ယောကျ်ားလေးတွေက နူးညံ့သိမ်မွေ့ပြီးတော့ တဖက်လူကို မထိခိုက်စေတဲ့စကားတွေကို ရွေးပြီးပြောတတ်တယ်လို့ သိရပါတယ်။

နှစ်တွေအလိုက် မတူညီကြဘူးဆိုတာက ဆန်းကြယ်မှုတစ်ခုပါပဲလားလို့ တွေးမိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: