ဆွဲထိုးတာခံပြီး ငွေပြန်ညစ်တာက ကြောက်ဖို့ကောင်းတယ်

ရှင်းဂျူ့ခု ၊ ရှိဘုယ စတဲ့မြို့ကြီးတွေဟာ စားသောက်ဆိုင်တွေတန်းစီနေတဲ့ မြို့တွေဖြစ်ပါတယ်။

 

https://nikkan-spa.jp/1529978

 

 

ပျော်ပျော်ရွှင်ရွှင်နဲ့ သောက်စားမူးရစ်နေတဲ့သူတွေများပြီးတော့ ဒုက္ခတစ်မျိုးနဲ့ကြုံတွေနေရတဲ့သူတွေလည်းတိုးပွားလျက်ရှိပါတယ်။

အဲ့ဒါကတော့ ရိုက်နှက်ပြီးငွေညစ်မှုလို့ခေါ်တဲ့ ရာဇဝတ်မှုအသစ်တစ်ခုဖြစ်ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့လည်း ဖမ်းရခက်တဲ့ အဆိုးရွားဆုံးအခြေအနေကိုရောက်ရှိနေပါတယ်။

 

ဒီလိုပုံစံနဲ့ ငွေညစ်ခံခဲ့ရပါတယ်။

 

ယောရှိနိုစံ ဆိုတဲ့သူက သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ အရက်သောက်နေခဲ့ပါတယ်။

ဘေးနားကထိုင်ခုံမှာ သူစိမ်းယောက်ျားလေးတစ်ယောက်လာထိုင်ပြီး ယောရှိနိုစံနဲ့အတူတူသောက်နေတဲ့ သူငယ်ချင်းနဲ့  မရမကစကားတွေလာပြောပါတယ်။

အတင်းအကြပ်လိုက်ပြောနေတဲ့အတွက် အဲ့ဒီယောကျ်ားလေးကို တွန်းထုတ်လိုက်ပြီးတော့ “ ထိုးမလား “ လို့စိန်ခေါ်တဲ့စကားကိုပြောခဲ့ပါတယ်။

ပတ်ဝန်းကျင်ကလူတွေ တွေ့လို့ကူညီခဲ့ပေမယ့် ပြဿနာတွေတက်ကြပါတယ်။

 

နောက်တစ်ခုကတော့ ဧည့်ကြိုနဲ့ ပြဿနာဖြစ်ပါတယ်။

မြို့ရဲ့လူစည်ကားတဲ့လမ်းတွေမှာ လမ်းလျှောက်နေတဲ့ ဧည်သည်တွေကို လမ်းပြခေါ်ဆောင်သွားတဲ့ ခရခုဟိခိ ( 客引き ) ဆိုတဲ့အလုပ်ကို လုပ်ဆောင်ကြတဲ့ သူတွေရှိပါတယ်။

အဲ့ဒီလူတွေက ဘယ်လောက်ပဲငြင်းငြင်း အတင်းအကြပ်ကိုခေါ်ကြပါတယ်။

နောက်ဆုံးမှာ ငြင်းထုတ်လိုက်တဲ့အခါ  “အစ်ကိုရေ ပိုက်ဆံအိတ်ကျပျောက်သွားလို့ “ ပြောရင်းနဲ့ရှာနေတာကို  “ အရူး ၊ လာလိမ်နေတယ် “ ဆိုပြီးတော့ ပြန်ပြောလိုက်ပါတယ်။

ကိုယ့်ခေါင်းပေါ်ရောက်လာပေမယ့် အဲ့ဒါကို ဂရုမစိုက်ဘူးဆိုပြီးတော့  သူတို့တွေးထားသလိုဖြစ်လာပါလိမ့်မယ်။

ခေါင်းကိုအထိုးမခံရဘူးဆိုရင် တော်တော်လေးကို ကံကောင်းပါတယ်။

အဲ့ဒီနောက်မှာရဲစခန်းကိုရောက်သွားပြီးတော့ လျော်ကြေးပေးခိုင်းပါတယ်။

ခေါင်းကိုထိုးပေးပြီးတော့ သူ့ကိုထိုးခိုင်းတယ်ဆိုရင် OK ပါတယ်။

 

ဘယ်လိုမျိုးမှ အဲ့ဒါကို ကာကွယ်နိုင်မှာလဲ?

 

တကယ်တော့ ကြိုတင်ပြီးကာကွယ်ဖို့နည်းလမ်းမရှိပါဘူး။

ဒါပေမယ့် အဲ့ဒီလိုဒုက္ခတွေနဲ့ ကြုံတွေရတဲ့အချိန်မှာ ရဲခေါ်ဖို့လုပ်တာကကောင်းမယ်လို့ထင်ပါတယ်။

တဖက်လူရဲ့တုံ့ပြန်မှုကို ဖုန်းနဲ့အသံသွင်းတာကလည်း သက်သေတစ်ခုအနေနဲ့ ရရှိနိုင်ပါတယ်။

နောက်တစ်ခုက အဲ့ဒီလိုနေရာမှာ လုံးဝပိုက်ဆံမသုံးမိပါစေနဲ့ ။

 

သောက်စားပြီး စိတ်မထိန်းနိုင်တာကြောင့် တစ်ဖက်လူဆီမှာ ငွေညစ်ခံရဖို့ဖြစ်လာတတ်တဲ့အတွက် မကောင်းတာလုပ်ဖို့ချောင်းနေတဲ့သူတွေကို သတိထားကြပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: