မျိုးဆက်သစ်ဘုန်းကြီးကျောင်းရဲ့ အလန်းဆုံးနည်းပညာ !
ဘုန်းကြီးကျောင်းဆိုရင် သမိုင်းထဲက ဘုန်းကြီးကျောင်းရဲ့ အစဥ်အလာအတိုင်းထိန်းသိမ်းထားတဲ့ ဘုန်းကြီးကျောင်းပုံစံကို ဦးတည်မယ်လို့ထင်ပါတယ်။
ဘုန်းကြီးကျောင်းကို နောက်ဆုံးပေါ်နည်းပညာနဲ့ပေါင်းစပ်ထားတယ် ဆိုရင် စာဖတ်သူတို့ ဘာကိုပြေးမြင်ပါသလဲ ?
ဒါလေးကိုကြည့်လိုက်ကြပါဦး…..
လန်းတယ်နော်…..
ဝိညာဥ်လောကပဲရောက်သွားသလိုလို နတ်ပြည်ပဲရောက်သွားသလိုခံစားရလိုက်ရပါတယ်။
အဲ့ဒါက ခရီးသွားဧည့်သည်အလာများတဲ့နေရာတွေ ပွဲတော်တွေတော်တော်များများမှာ အသုံးပြုတဲ့ projection mapping ဆိုတဲ့နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။
Projector နဲ့ ပုံရိပ်တွေကို ပြသထားတာပဲဖြစ်ပါတယ်။
https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQ8UswQwuQj6ywAp5lNh7sjIZefh0YIWcHfO5cEG9GZgQsbk4mj
ဂျပန်တွေက ဘာသာရေးမှာ ယုံကြည်မှုအားမကြီးဘူးဆိုပေမယ့်
လက်တလော လူငယ်တွေအနေနဲ့ ဘာသာရေးအပိုင်းမှာ ဆက်ပြီးတော့လုပ်ဆောင်လျက်ရှိပါတယ်။
ဂျပန်နိုင်ငံမှာဘာသာရေးအသင်းအဖွဲ့တွေကို အခွန်ကင်းလွတ်ခွင့်နဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေကနေ ဘုန်းကြီးကျောင်းအတွက် တင်းကြပ်မှုတွေလျော့နည်းလာပါတယ်။
တေးဂီတတွေဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းတွေရော ကလေးတွေလာပြီးကစားတဲ့ ဘုန်းကြီးကျောင်းတွေဖြစ်လာပါတယ်။
အဲ့လိုတွေဖြစ်လာတဲ့ထဲမှာမှ ဒီတစ်ကြိမ်တော့ နောက်ဆုံးပေါ်နည်းပညာတွေကိုပါအသုံးပြုလာခဲ့ပါပြီ။
အဲ့ဒါတွေကို ကလေးတွေတွေ့တဲ့ အခါမှာ အကျိုးသက်ရောက်မှုရှိကောင်းရှိလိမ့်မယ်ထင်ပါတယ်။
အဲ့ဒီဘုန်းကြီးကျောင်းရဲ့လိပ်စာကတော့…….
町屋光明寺(まちや こうみょうじ)
東京都荒川区荒川7-5-8
地下鉄千代田線 町屋駅下車3分