ဆောင်းတွင်းမှာ ဖမ်းစားတတ်တဲ့ နှင်းပွင့်သူယောင်မယ်

ဂျပန်ရဲ့ ညတွေမှာဆိုရင်တစ္ဆေလိုမျိုး နှင်းပွင့်သူယောင်မယ် တွေ ထွက်လာတတ်ပါတယ်။

ဒေသတစ်ခုနဲ့တစ်ခုပြောကြတာတွေက မတူပေမယ့် ဒီလိုပြောကြတာလည်း ရှိပါတယ်။

 

နှင်းမုန်တိုင်းတွေကြားထဲ တောင်ပေါ်မှာလမ်းလျှောက်နေခဲ့တဲ့ ယောက်ျားလေးနှစ်ယောက်က တဲလေးတစ်လုံးကိုတွေ့ပြီး အဲ့ဒီမှာစိတ်လွတ်ကိုယ်လွတ် ညကို ကုန်ဆုံးခဲ့ကြပါတယ်။

ချောမောလှပတဲ့မိန်းကလေးတစ်ယောက်ကလည်း သူတို့နဲ့အတူ ရှိခဲ့ပါတယ်။

https://okstars.okwave.jp/vol635/

 

အဲ့ဒီညမှာ ယောက်ျားလေးနှစ်ယောက်ထဲက တစ်ယောက်က တစ်ကိုယ်လုံးအေးခဲပြီးတော့ အသက်နှုတ်ခံခဲ့ရပါတယ်။

 

လုံးဝဘယ်သူကိုမှပြောပြလို့မဖြစ်ဘူးနော်

 

ပြောပြလိုက်ရင် အဲ့ဒီ မိန်းကလေးက အသက်ကိုနှုတ်ယူလိမ့်မယ်။

ဒါကို အိမ်မက်တစ်ခုလို့ပဲတွေးပြီးတော့ ကျန်ခဲ့တဲ့ယောက်ျားလေးက မေ့ပစ်လိုက်ရပါမယ်။

 

အဲ့ဒီယောက်ျားလေးရဲ့အိမ်ကို မိန်းမလှလေးက ချက်ချင်းလိုက်လာခဲ့ပါတယ်။

မိန်းမလှလေးက ရောက်လာတဲ့ အခါမှာ အရမ်းကိုလှနေတဲ့ အတွက် ကောင်လေးက အိမ်ထဲကိုခေါ်မိလိုက်ပါတယ်။

အဲ့ဒီနောက်မှာ သူတို့နှစ်ယောက်လက်ထပ်ပြီး ကလေးမွေးခဲ့ကြပါတယ်။

သာယာပျော်ရွှင်စွာနေထိုင်ကြတဲ့ မိသားစုလေးဆိုပေမယ့် ယောက်ျားလေးက အမြဲတမ်းစိုးရိမ်နေတဲ့ကိစ္စကို ပြောလိုက်မိပါတယ်။

 

အဲ့ဒီညက ထူးဆန်းတဲ့ဇာတ်လမ်းကို အိမ်မက်လို့ထင်ပြီးတော့ ပြောထွက်သွားခဲ့ပါတယ်။

https://chinchiko.blog.so-net.ne.jp/2014-08-03

 

နောက်တစ်နေ့မှာတော့ ယောက်ျားလေးကို အိမ်ထဲမှာအေးခဲနေတာကိုတွေ့ခဲ့ရပါတယ်။

သူကဘယ်လိုမိန်းကလေးလဲ သူတို့ရဲ့ကလေးကရောဘယ်လိုကလေးလဲဆိုတာ ပတ်ဝန်းကျင်ကလူတွေရဲ့ မှတ်ဉာဏ်ထဲမှာလည်း ပျောက်ကွယ်သွားခဲ့တဲ့ပုံပါပဲ။

 

ဒီပုံပြင်က သိပ်ပြီးကြောက်စရာမကောင်းဘူးလို့ခံစားရတယ်မလား?

 

ဒါပေမယ့် ဘာကြောင့် ဒီပုံပြင်ကို နှစ်တစ်ထောင်ကျော်တဲ့အထိ အပြောများနေရတာလဲ၊

 

ဂျပန်လူမျိုးတွေရောသိကြသေးရဲ့လား?

 

ဇာတ်လမ်းကျောရိုးကအတူတူပဲဆိုပေမယ့် ဒေသကိုလိုက်ပြီးတော့ အဲ့ဒီမိန်းကလေးကို ယူကီမူဇုမဲ ( 雪娘 )၊ ယူကီအနဲဆ (ゆきあねさ) ၊ ယူကီဂျောရိုး (ゆきじょろう) စတဲ့နာမည်တွေ အမျိုးမျိုးခေါ်ကြပါတယ်။

 

ကြောက်စရာမကောင်းပေမယ့် လူပြောများတဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ဂျပန်ရဲ့ဆောင်းရာသီမှာ နှင်းတွေကလှတယ်ဆိုပေမယ့် အရမ်းကိုလှနေတဲ့မိန်းကလေးတွေဆိုရင်သတိထားစေချင်ပါတယ်။

တွေ့ခဲ့ကြတယ်ဆိုရင် လုံးဝပြန်မပြောကြေးနော်………

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: