ယာဥ်လမ်းကြောင်းအမှတ်အသားတွေက ဘာအတွက်ပါသလဲ???
ယေဘူယျလမ်းစည်းကမ်းအမှတ်လက္ခဏာတွေအပြင် လျှပ်စစ်ကြော်ငြာဘုတ်တွေက အမှတ်အသားတွေကို ဂျပန်မှာတော်တော်များများတွေ့ရပါတယ်။
ဒီလို လျှပ်စစ်ကြော်ငြာဘုတ်တွေက အမှတ်အသားတွေကို သေချာကြည့်ကြပါသလား?
သေချာဂရုမပြုလိုက်မိတဲ့အတွက် မတော်တဆယာဥ်တိုက်မှုတွေ၊ လမ်းပိတ်ဆို့မှုတွေဖြစ်ပွား
ဖြစ်ပွားနေကြပါတယ်။
အဲဒါကြောင့် အားလုံးက ဂရုတစိုက်ဖတ်မိဖို့ရည်ရွယ်ပြီးတော့ ခုမမိုတိုပြည်နယ် (熊本県)
မှာစိတ်၀င်စားအောင်လို့ ရေးသားဖော်ပြထားတာကိုတွေ့ရမှာပါ။
အောက်ကလိုမျိုးစိတ်၀င်စားစရာရေးသားထားတာပါ။
http://blog.esuteru.com/archives/9237637.html
အဓိပ္ပါယ်ကတော့ အာရုံတွေလွင့်ပျံ့ပြီးတော့ ကားမမောင်းပါနဲ့ !
http://blog.esuteru.com/archives/9237637.html
အပေါ်ကပုံကတော့ “ဘာကြောင့်အချက်ပြကနှေးနေရတာလဲ”လို့ရေးထားတာပါ။
ကားမှာပါတဲ့ ဘယ်ညာအချက်ပြတာက နှေးနေတာကို ပြောထားတာပါ.
ဘာကြောင့် ဒီလိုအချက်ပြတွေနဲ့ လှုံဆော်တာလဲဆိုရင် ??
ဒီလိုအချက်ပြတွေက စိတ်၀င်စားဖို့ကောင်းရင် နောက်လည်းဒါမျိုးကို ရှာဖတ်မိမှာပါ.
အဲဒါဆိုရင် အားလုံးလမ်းအချက်ပြတွေကို သေချာကြည့်ပြီးတော့
စည်းကမ်းလိုက်နာလာကြမယ်ဆိုရင်တော့ ဒီလိုစိတ်၀င်စားစရာတွေရေးရတာ
အကျိုးရှိတာပေါ့နော်။
မြန်မာမှာလည်း ယာဥ်စည်းကမ်းမလိုက်နာတဲ့သူတွေ ပိုများပါတယ်။
ဒီလိုစိတ်၀င်စားစရာ အရေးအသားနဲ့ အမှတ်အသားလေးတွေ လုပ်မယ်ဆိုရင်
ကောင်းမလားနော်။?