အရုပ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ ခွဲခွာကြတယ်

မိန်းကလေးတွေက ဘဝမှာတစ်ခါလောက်တော့ အရုပ်လက်ဆောင်ရဖူးမယ်လို့ထင်ပါတယ်။

လူပုံစံအရုပ်နဲ့ ခွေးရုပ် ဝက်ဝံရုပ် စတဲ့ ချစ်စရာကောင်းတဲ့ အရုပ်လေးတွေရှိပါတယ်။

အဖေနဲ့ အမေ နောက်ပြီးတော့ ချစ်သူကောင်လေးဆီက ရတဲ့ အရုပ်တွေဆိုရင် ပိုပြီးတော့တန်ဖိုးထားကြတာများပါတယ်။

ဒါပေမယ့် အချိန်တွေကြာလာတဲ့ အခါမှာ အခြေအနေ အမျိုးမျိုးကြောင့် ပျက်စီးလာပြီးတော့ ညစ်ပတ်လာပါတယ်။

ဘယ်လောက်ပဲ တန်ဖိုးထားထား တစ်ချိန်မှာ ပျက်စီးသွားမှာကို တားလို့မရပါဘူး။

ဒါပေမယ့် လွင့်ပစ်လိုက်မယ်ဆိုရင် အမှိုက်နဲ့ မခြားတော့ဘူးဆိုတာက နည်းနည်းတော့ စိတ်မကောင်းစရာပဲ လို့ထင်ပါတယ်။

 

အဲ့ဒီလိုအရုပ်တွေအတွက်ဂျပန်မှာတော့ အရုပ်သဂြိုလ်ပွဲ ဆိုတာရှိပါတယ်။

 

အဲ့ဒီအကြောင်းမပြောခင်မှာ ဂျပန်ရဲ့ အရုပ်နဲ့ ပက်သပ်တဲ့ ယဥ်ကျေးမှုကို အရင်ဆုံးပြောပြပါမယ်။

အရုပ်ဆိုတာက လူရဲ့အစားထိုးအရာတစ်ခုလို့ စဥ်းစားတဲ့ ပုံက ဟိုးအရင်ကတည်းကရှိပါတယ်။

စက္ကူနဲ့ လုပ်ထားတဲ့အရုပ်တွေပေါ်မှာ ကိုယ့်နာမည်နဲ့ ရောဂါနာမည်ကိုရေးပြီး မြစ်ထဲမှာမျောလိုက်ပြီးတော့ မိမိကိုယ်ကို သန့်ရှင်းစေပြီး ရောဂါတွေပျောက်စေတယ်ဆိုတဲ့ အယူရှိကြပါတယ်။

နောက်ထပ် ဟိနအရုပ်ဆိုတဲ့ အရုပ်အတွဲရှိပါတယ်။ ၃ လပိုင်းရဲ့ ပွဲတော်တွေမှာ ပြုလုပ်ကြပေမယ့်၊ အဲ့ဒါက မိန်းကလေးမွေးဖွားလာမယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုအတွက် မျှော်လင့်ချက်တွေစုပုံထားတဲ့ အရုပ်ဖြစ်ပါတယ်။

 

အဲ့ဒီလို လူတွေရဲ့ အယူတွေရှိကြပါတယ်။

 

လူသားတွေရဲ့စိတ်နဲ့ ဆက်နွယ်ထားတဲ့ အရုပ်ကို အမှိုက်အဖြစ်စွန့်ပစ်လိုက်တာက ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကောင်းစရာအဖြစ်ကနေ အရုပ် သဂြိုလ်ပွဲဆိုတာ ဖြစ်လာခဲ့ပါတယ်။

ယခုအခါ ဘုရားကျောင်း ၇၀ မှာ ကျင်းပလျက်ရှိပါတယ်။

ဂျပန်မှာ ဝိဥာဥ်တွေကိုအလေးထားတဲ့ အရာတစ်ခုအနေနဲ့ ထားရှိပြီးတော့ ထိုနည်းလည်းကောင်းအရုပ်တွေကိုလည်း အလေးထားကြပါတယ်။

လူသားတွေသေသွားတဲ့ အခါမှာ ဘုန်းကြီးဆီက တရားနာပြီး မီးသဂြိုလ် လိုက်ကြပါတယ်။

အရုပ်တွေလည်းဒီလိုပါပဲ ဘုန်းကြီးဆီက တရားနာပြီး မီးသဂြိုလ်ကြပါတယ်။

https://dot.asahi.com/dot/2017101300060.html

 

အဲ့လိုလုပ်တာက အဓိပ္ပာယ်ရှိရဲ့ လား ? လို့ပြောရမယ်ဆိုရင် ဘာသာရေးအရဆိုရင်အဓိပ္ပာယ်မရှိပါဘူး။

ဒါ့ပေမယ့် “ ပစ္စည်းတွေကို အလေးထားခြင်း “ ဆိုတဲ့ ဂျပန်လူမျိုးတွေရဲ့ အယူအဆက ဒီနေရာမှာရှင်သန်နေပါတယ်။

 

မြန်မာနိုင်ငံမှာဆိုရင်ရော အရုပ်တွေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ?

ကိုယ်တိုင်သဂြိုလ်လို့လည်းရပါတယ်။ သဂြိုလ်တဲ့ အခါမှာ ဘယ်လိုလုပ်ရမလဲဆိုတာကို အချက်လေးတွေနဲ့ဖော်ပြပါမယ်။

  • ပေနေတဲ့ နေရာကို လျှော်ပေးလိုက်မယ်။
  • ဆံပင်ရှည်တဲ့ အရုပ်ဆိုရင် သပ်သပ်ရပ်ရပ် စည်းပေးလိုက်မယ်။
  • နေမင်းရဲ့ အလင်းရောင်အောက်မှာ အကောင်းမြင်တဲ့ အတွေးတွေနဲ့ အရုပ်ကို အပန်းဖြေခိုင်းမယ်။
  • အသက်ရှုချောင်စေတဲ့ အဖြူရောင်အစတွေ စာရွက်တွေနဲ့ ပတ်ထားပေးလိုက်ပါ။

နောက်ဆုံးမှာ ကျေးဇူးတင်တဲ့ အနေနဲ့ ဆားကြမ်းကို အသုံးပြုပြီးသန့်စင်ပေးပါမယ်။

အဲ့ဒီနောက်မှာ မီးသဂြိုလ်ပေးလိုက်ပါ။

 

လေတိုက်လို့ အဆောက်အအုံတွေကို မီးမကူးစေဖို့သတိထားပါနော်။

 

အရာဝတ္ထုတွေကို အလေးထားတဲ့စိတ်က ကောင်းတဲ့ အလေ့အကျင့်တစ်ခုလို့ထင်တဲ့ အတွက်ကြောင့် အားလုံးလည်းကြိုးစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: