ရှန်ဟိုင်းမှာ ဂျပန်လူမျိုးတွေတဖြည်းဖြည်းနည်းလာရတဲ့အကြောင်းရင်း???

၂၀၀၇ခုနစ်မှာ ရှန်ဟိုင်းမှာနေထိုင်နေတဲ့ ဂျပန်လူဦးရေက ဂျပန်ရဲ့ နိုင်ငံခြားရေး၀န်ကြီးငှာန၏

စစ်တမ်းအရဆိုရင် ၄၇,၇၃၁ဦးရေရှိပါတယ်။

တစ်ကမ္ဘာလုံးမှာ ဂျပန်လူမျိုးများအများဆုံးနေထိုင်တဲ့မြို့တစ်မြို့ဘဲဖြစ်ပါတယ်။

နယူးယောက်၊ လော့အိန်ဂျယ်တွေကိုသာလွန်ပြီးတော့ ၂၀၀၇ခုနစ်မှာ နံပါတ်၁ဖြစ်လာပြီးနောက်ပိုင်း၊ ၂၀၁၂ခုနစ်မှာတော့ ၅၇၄၅၈ဦးရေလောက်အထိ မြင့်တက်ခဲ့တာပါ။

ဒါပေမယ့်နောက်ပိုင်းမှာတော့ တဖြည်းဖြည်းလူဦးရေကကျဆင်းလာပါတော့တယ်။

 

အခုလက်ရှိမှာတော့ ဂျပန်နိုင်ငံကိုပြန်သွားကြတဲ့ လူဦးရေကများလာပါတယ်။

တရုတ်မှာ အလုပ်သမားစရိတ်တွေမြင့်တက်လာတာကလည်း အကြောင်းရင်းတစ်ခုလို့ထင်ကြပေမယ့် အဲလောက်လွှမ်းမိုးမှုမရှိပါဘူး။

ဘာကြောင့်လဲဆိုတော့ ဥပမာစက်ရုံတွေဆိုရင် စက်တွေကဘဲအများဆုံးလုပ်သွားတဲ့အတွက်

၀န်ထမ်းဦးရေက သိပ်မများတဲ့အတွက် အလုပ်သမားစရိတ်ကလည်း သိပ်မကုန်ကျပါဘူး။

 

စက်ရုံတွေ တော်တော်များများတရုတ်မှာဆက်ရှိနေတာက ကုန်ကြမ်းတွေအလွယ်တကူ၀ယ်လို့ရလို့ပါ။

ဒါကြောင့် တရုတ်မှာဘဲ စက်ရုံထားတာက အဆင်ပြေတယ်ဆိုတဲ့လုပ်ငန်းတွေများလောက်ပေမယ့်……

အဓိကပြသာနာက နိုင်ငံခြားသားတွေနေထိုင်ခွင့်လျှောက်တဲ့အခါ ခက်ခဲတာဘဲဖြစ်ပါတယ်။

 

တစ်နှစ်ထက်တစ်နှစ်ပိုပြီးခက်ခဲလာပြီး အသက်အရွယ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်စသည်ဖြင့် အဖက်ဖက်ကနေစည်းကြပ်လာတာကိုတွေ့ရပါတယ်။

 

အခုလက်ရှိအလုပ်လုပ်ကိုင်နေတဲ့သူတွေဆိုရင်လည်း ဒီလိုတင်းကြပ်လိုက်တဲ့အတွက်ကြောင့် နိုင်ငံပြန်သွားရတဲ့ နိုင်ငံခြားသားတွေတိုးများလာပါတယ်။

 

နောက်တစ်ခုပြသာနာက အီလက်ထရောနစ်ငွေပေးချေတာဘဲဖြစ်ပါတယ်။

စမတ်ဖုန်းရှိရင် ဘယ်နေရာမှာဘဲဖြစ်ဖြစ်ငွေပေးချေနိုင်ပါတယ်.

တရုတ်က အီလက်ထရောနစ်ငွေပေးချေတာက တိုးတက်နေတဲ့နိုင်ငံဖြစ်ပေမယ့်

နိုင်ငံ၏ အစိုးရရဲ့အဆင့်မှာလည်းအသုံးပြုနေတဲ့အတွက် နေထိုင်အသုံးပြုတဲ့အခါ သိပ်ပြီးတော့

စိတ်ထဲမှာ ဘ၀င်မတွေ့ကြပါဘူး။

 

အီလက်ထရောနစ်ငွေပေးချေတာကိုအသုံးပြုတဲ့အခါ အဲဒီအချက်အလက်တွေအကုန်လုံးက ကုမ္ပဏီဘက်ကိုရောက်သွားတာပါ။

ဘယ်မှာ ဘယ်သူက ဘာ၀ယ်ခဲ့တယ်ဆိုတဲ့အချက်အလက်တွေအကုန်လုံးပါ။

၀င်ငွေထွက်ငွေအချက်အလက်တွေအပြင် လမ်းမီးပွိုင့်ဂရုမပြုမောင်းနှင်တာတို့၊ ယာဉ်ရပ်နားချိုးဖောက်မှုချိုးဖောက်တာစသည့်အချက်တွေပါပါ၀င်ပါတယ်။

 

ဒီလိုအချက်အလက်တွေက အမှတ်ပေးစနစ်အဖြစ်ပြောင်းသွားပြီး အမှတ်နိမ့်တယ်ဆိုရင် လေယာဥ်လက်မှတ်၀ယ်လို့မရတာတို့၊ ကလေး၏ ပညာရေးမှာ အဟန့်အတားဖြစ်နိုင်တဲ့အထိ

အမျိုးမျိုးရှိပါတယ်။

အကယ်၍အမှတ်များတဲ့လူဆိုရင်တော့ VIPလိုမျိုးအထူးအခွင့်အရေးတွေနဲ့ ဆက်ဆံခံရတာပါ။

 

ဒီလိုစည်းမျဥ်းတွေကျပ်လိုက်တဲ့အတွက် တရုတ်လူမျိုးတွေပိုပြီး စည်းကမ်းတွေလိုက်နာလာတာတော့ အမှန်ပါ။

ရှန်ဟိုင်းက လူ့ဘောင်အဖွဲ့အစည်းက စောင့်ကြည့်ခံနေရတဲ့ အဖွဲ့အစည်းမျိုးဖြစ်ပါတယ်။

၏ဒီလိုအကြောင်းအရာတွေက တရုတ်မှာ နေထိုင်တဲ့အခါအခက်အခဲဖြစ်လာစေတာကြောင့်

တခြားနိုင်ငံပြောင်းရွှေ့နေထိုင်လာတဲ့ ဂျပန်လူမျိုးတွေများလာတယ်လို့

သိရပါတယ်။

 

အပြုအမှုတွေနဲ့ အခြားနည်းပညာပိုင်းမှာအဆင့်မြင့်လာတဲ့အတွက်

နေထိုင်ရတာအဆင်ပြေလာပေမယ့်

အမြဲစောင့်ကြည့်ခံနေရတာမျိုးကတော့ စိတ်ရှုပ်စရာတစ်ခုပါဘဲနော်။။။။။။။။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: