အရမ်းအဆင်ပြေတဲ့ ဘက်စုံသုံးသန့်စင်ခန်း !!!!

ဂျပန်မှာ သန့်စင်ခန်းတွေက အရမ်းသန့်ရှင်းတာကိုတွေ့ရပါတယ်။

သန့်စင်ခန်းကို အမြဲသန့်နေအောင် ဆေးကြောတာတွေ၊ လှပအောင်လည်းထားတတ်ကြပါသေးတယ်။

 

နိုင်ငံခြားသားတွေဆို တော်တော်အံ့သြပြီး မေးကြတဲ့အထိပါဘဲ။

 

ဘူတာတွေ ကုန်တိုက်တွေမှာ သန့်စင်ခန်းက သုံးမျိုးခွဲခြားထားပါတယ်။

နှစ်မျိုးကတော့ အားလုံးသိကျတဲ့အတိုင်းဘဲ ယောကျာ်းလေးသုံးနဲ့ မိန်းခလေးသုံးသန့်စင်ခန်းပါ။

နောက်တစ်မျိုး သန့်စင်ခန်းကတော့ ဘက်စုံသုံးသန့်စင်ခန်းပါ။

https://item.rakuten.co.jp/takizawa-design/takino_toilet_pict_150_aw_e/

 

အပေါ်ကလို အမှတ်အသားလည်းရှိပါတယ်။

ဓာတ်ပုံမှာ ကြည့်ရင်သိနိုင်သလို‌ယောကျာ်းလေးရော၊ မိန်းခလေးပါအသုံးပြုလို့ရတဲ့အပြင် သူနာထိုင်ဘီးထိုင်ခုံတွေပါပါတဲ့အတွက် အသုံးပြုရတာလွယ်ပါတယ်။

 

http://naonotakeshi.com/archives/3142824.html

 

အကျယ်အ၀န်းက ဒီလောက်ကိုကျယ်ပါတယ်။

အရှေ့ဘက်အခြမ်းမှာဆိုရင် wheelchairနဲ့လူဆိုလည်း အသုံးပြုရအဆင်ပြေမယ့်ထိုင်ခုံမျိုးကိုတွေ့ရပါတယ်။

အရှေ့ညာဘက်အခြမ်းမှာတော့ ခေါက်ထားတဲ့ပျဥ်းပြားကို ထုတ်လိုက်မယ်ဆိုရင် ခုတင်ဖြစ်လာပါမယ်။

တော်တော်လေးကြီးတော့ ကလေးတင်မကဘဲ လူကြီးပါအိပ်လို့ရပါတယ်။

အခန်းကတော်တော်ကျယ်တော့ wheelchairနဲ့ဘဲဖြစ်ဖြစ်၊ မသန်စွမ်းတဲ့သူဘဲဖြစ်ဖြစ် သွားလာလှုပ်ရှားရအဆင်ပြေပါတယ်။

အခန်းကျဥ်းမိရင် တိုက်မိခိုက်မိတာတွေရှိတဲ့အတွက်ပါ။

နောက်ပြီး အရေးပေါ်ခလုတ်ကိုလည်းထားထားပေးတဲ့အတွက် တစ်ခုခုဖြစ်ခဲ့ရင် ၀န်ထမ်းကချက်ချင်းလာပေးပါတယ်။

 

အကျယ်အ၀န်းကတော်တော်နေရာယူတဲ့အတွက် ကုန်တိုက်ရဲ့နေရာတစ်နေရာမှာ သန့်စင်ခန်းတစ်ခုလောက်ဘဲထားလို့ရပါတယ်။

ကိုယ်ခန္ဓာမသန်စွမ်းတဲ့သူတွေနဲ့ အသက်ကြီးတဲ့သူတွေအတွက်တော့

တော်တော်အဆင်ပြေပါတယ်။

 

တစ်ချို့တွေက မသန်စွမ်းတဲ့သူတွေအတွက်လုပ်ပေးထားတဲ့သန့်စင်ခန်းလို့ ထင်ကြပါတယ်။ အမှန်ကအဲလိုမဟုတ်ပါဘူး ။

ဘယ်သူမဆိုသုံးလို့ရပါတယ်။

ဒါပေမယ့် နေရာကျယ်ပြီး သက်တောင့်သက်သာနားနေလို့ရတယ်ဆိုပြီး အကြာကြီးနေတာမျိုး၊

အိပ်နေတာမျိုးတော့ လုပ်လို့မရဘူးပေါ့နော်။။။

 

 

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: