ကလေးငယ်လေးတစ်ယောက်ကြောင့်ဥပဒေကို ပြောင်းလဲလိုက်တဲ့ နိုင်ငံ

2018 ခုနှစ် 6 လပိုင်း မှာအိုဆာကာရဲ့ ခန်းဆိုင်းဧရိယာကို ဗဟိုပြုပြီး ကြီးမားတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ မူလတန်းကျောင်းရဲ့ အုတ်တံတိုင်းပြိုကျခဲ့ပြီး အဲ့ဒီ ရဲ့အောက်မှာ ကျောင်းလာတက်တဲ့ ကလေးငယ်က ညှပ်ပြီးသေဆုံးခဲ့တဲ့ အန္တရာယ်ဖြစ်ပွားခဲ့ပါတယ်။

https://www.huffingtonpost.jp/2018/06/18/danger-blockwall_a_23461353/

 

ဂျပန်က ငလျင် မကြာခဏလှုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။

ကျွန်တော်တို့က ငလျင်လှုပ်တဲ့ အခါမှာ နံရံရဲ့ အနီးနားမှာ ခေါင်းကိုဝပ်နေဖို့ သင်ကြားလာခဲ့ရပါတယ်။

အဲ့ဒါက ဒီတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ငလျင် မတော်တဆမှုကနေ ဆန့်ကျင်ဘက်ရလဒ်ထွက်လာခဲ့ပါတယ်။

ငလျင်လို့မပြောပဲနဲ့ အဖြစ်အပျက်တစ်ခု လို့တောင်ပြောရမလားမသိပါဘူး။

 

တကယ်တော့ နံရံက 2010 ခုနှစ်၊ 1013 ခုနှစ်၊ 2016 ခုနှစ် မှာ မဖြစ်အနေပြန်လည်စစ်ဆေးရမှာကို ဂရုမစိုက်ပဲနဲ့ မစစ်ဆေးခဲ့ပါဘူး။

နောက်တစ်ချက်က ဆောက်လုပ်ရေးမှာကတည်းက ညံ့ဖျင်းခဲ့တယ်ဆိုတာကိုသိခဲ့ရပါတယ်။

လူတွေရဲ့ ပြဿနာအနေနဲ့ ဖြစ်လာတာက မတော်တဆ သေဆုံးမှုတွေပဲဖြစ်ပါတယ်။

တစ်ဘက်မှာလည်း အစိုးရက တော်တော်ကို မြန်မြန်လေးလှုပ်ရှားမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ငလျင်ကာကွယ်ရေးနှင့်ပြုပြင်ရေး မြင့်တင်မှု ဥပဒေ (耐震改修促進法) လို့ခေါ်တဲ့ ဥပဒေကို ၁၁လပိုင်းမှာ ပြဌာန်း ခဲ့ပါတယ်။

ကလေးတွေရဲ့ ကာကွယ်ရေးလမ်းကြောင်းမှာပိတ်ဆို့နေတဲ့အရာတွေနဲ့ တခြားငလျင်ဒဏ်ကို ဖြတ်ကျော်နိုင်မယ့်

လိုအပ်တဲ့ အရာတွေကို ပြုပြင်ဆောင်ရွက်ပေးတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကို ဂရုမစိုက်ဘူးဆိုရင် ဘယ်အရာတွေက အန္တရာယ်ရှိလဲ ဆိုတာကို နာမည်နဲ့ တကွကြော်ငြာတာတွေကို ပြုလုပ်နေပါတယ်။

 

နံရံလည်း ငလျင်ကာကွယ်ဖို့ အတွက်လုပ်မယ်ဆိုရင် ပိုက်ဆံလည်းတော်တော် ကုန်ကျပါမယ်။

အဲ့ဒါကြောင့်ဆိုရင် ကလေးတွေသေဆုံးစေတဲ့ အန္တရာယ်ရှိတဲ့ အရာတွေကိုဒီတိုင်းထားတယ်ဆိုတာက ထူးဆန်းတယ်လို့ပြောရပါမယ်။

 

ငလျင်မကြာခဏဖြစ်ပွားတဲ့ နိုင်ငံဖြစ်တဲ့ အတွက် အဲ့ဒီလို ဘေးအန္တရာယ်တွေကိုတိုင်းတာတဲ့ အခါမှာတော်တော်ကို လျင်လျင်မြန်မြန်လှုပ်ရှားတဲ့ နိုင်ငံဆိုပေမယ့် ဥပဒေနဲ့ ဒီလောက်ထိ အချိန်တိုအတွင်းမှာဆုံးဖြတ်ခဲ့ရတာက ထူးခြားတဲ့ ထုတ်ဖော်ချက်ပဲဖြစ်ပါတယ်။

ဒါပေမယ့် အမှန်အကန်လှုပ်ရှားခဲ့တယ်လို့ထင်ပါတယ်။

ကလေးတွေပဲ မဟုတ်ပဲနဲ့ တစ်နိုင်ငံလုံးကို ကာကွယ်ရမှာက အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။

ဂျပန်ရဲ့ ဒီတစ်ခေါက်လိုပဲ ဘေးကင်းလုံခြုံတဲ့ နေထိုင်မှုဘဝကိုထည့်သွင်းစဥ်းစားတာက  လျင်လျင်မြန်မြန်နဲ့  ဥပဒေတွေကို ပြဌာန်းပြီး ကာကွယ်ပေးတာကိုလိုချင်တယ်လို့ ထင်မြင်မိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: