ခြေထောက်မပါတဲ့ ဂျပန်သရဲမ

ဂျပန်ရဲ့ သရဲတွေက ခြေထောက်မရှိဘူးဆိုတာကိုသိပါသလား?

အောက်မှာ ပြထားတဲ့ ပုံကို ကြည့်လိုက်ပါဦး။

yuhreizu

 

ခြေထောက်မရှိဘူးမလား?

 

ဆာမူရိုင်းတွေတော်တော်များများရှိတဲ့ အဲဒိုခေတ်(江戸時代)မှာ သရဲပုံတွေကို ဆွဲတဲ့ ပန်းချီဆရာတွေရှိပါတယ်။

 

တစ်ချိန်က မြန်မာပြည်ကသရဲလိုပဲ ဝတ်စုံအဖြူဝတ်ထားတဲ့ ဆံပင်အရှည်ကြီးနဲ့ သရဲမ ရဲ့ပုံကိုဆွဲတာများခဲ့ပေမယ့်

ဘယ်ပုံမှာမဆို ခြေထောက်မပါတဲ့ အတွက် ထူးခြားတဲ့ ပန်ချီကားတွေဖြစ်ပါတယ်။

ရေနွေးကြမ်း ကိုသောက်ရင်းနဲ့ စဥ်းစားခဲ့တာဖြစ်တဲ့အတွက် ရေနွေးကြမ်းက ပန်းချီပေါ်ကိုဖိတ်ကျသွားခဲ့တာပဲဖြစ်ပါတယ်။

 

ခြေထောက်ပေါ်ရင်ပိုပြီးကြောက်ဖို့ကောင်းမယ့်ပုံပဲနော် ! ?

အဲ့ဒီကနေ ခြေထောက်မပါတဲ့ သရဲတွေက ပုံမှန်သရဲပုံစံ အနေနဲ့ ဖြစ်သွားတယ်လို့ ပြောပါတယ်။

အရင်ဦးဆုံး ပုံပေါ်မှာ ရေနွေးကြမ်းမောက်ကျခဲ့ပြီးခြေထောက်မပါတဲ့ သရဲပန်ချီကိုရေးဆွဲခဲ့တဲ့သူကတော့ မရုယမအိုးခရော 円山応挙(まるやま おうきょ)ပဲဖြစ်ပါတယ်။

 

ဒီဘက်ခေတ်မှာ လူတစ်ယောက်က အောက်ကပုံ အတိုင်းပြုလုပ်ထားပါတယ်။

https://mag.japaaan.com/archives/70847

 

လိုချင်တဲ့သူ ရှိပါသလား…..

 

အဲဒိုခေတ်တုန်းက ရေးစွဲခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ပုံတွေကို ကြည့်လိုက်ကြရအောင်။

https://blogs.yahoo.co.jp/yunitake2000/GALLERY/show_image.html?id=46515010&no=

အိမ်မှာ ဒီလိုပုံလေးတွေ ချိတ်ထားကြမလား ? ?

နေ့တိုင်း ရင်တထိတ်ထိတ်ဖြစ်နေမှာပဲနော်…….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: