ရှိုးဂန်းရဲ့ ထူးခြားတဲ့ ညများ

ဆာမူရိုင်းတွေရဲ့ နောက်ဆုံးခေတ်က အဲဒိုခေတ်( 江戸時代) ဖြစ်ပါတယ်။

အဲ့ဒီရဲ့ ထိပ်ဆုံးမှာ စိုးစံနေတာကတော့ တိုကူဂါဝါ မိသားစု(徳川家)ပဲ ဖြစ်ပါတယ်။

တိုကူဂါဝါ မိသားစု က ၁၅ ဆက်လောက်ရှိပေမယ့် အဲ့ဒီရဲ့ အကြီးဆုံးကို ရှိုးဂန်း(将軍) )(ခေါင်းဆောင်) လို့ခေါ်ပါတယ်။

ရှိုးဂန်း ရဲ့ အရေးကြီးဆုံး အလုပ်တစ်ခုက ကလေးမွေးဖို့ပဲ ဖြစ်ခဲ့ပါတယ်။

 

နောက် ရှိုးဂန်း တစ်ယောက်ကို ရွေးချယ်တဲ့ အခါမှာ လက်ရှိ ရှိုးဂန်း ရဲ့ သားသမီးတွေထဲက သေချာပေါက်ယောကျ်ားလေးကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

အရင်တုန်းက ကလေးငယ်တွေသေဆုံးတာလည်း များတဲ့အတွက်ကြောင့် တတ်နိုင်သလောက် ယောကျ်ားလေးတွေကို လိုအပ်ခဲ့ပါတယ်။

နောက်တစ်ခုက မိန်းကလေးတွေမွေးဖွားလာတဲ့ အခါမှာ ဒေသရဲ့ အင်အားကောင်း တဲ့ အင်ပါယာမိသားစုက ဆာမူရိုင်းတွေ နဲ့ အင်အားကောင်းတဲ့ ဆွေမျိုးတော်ဆပ်ဖို့ အတွက် လက်ထပ်ပေးဖို့ စီစဥ်ပေးပြီး ကလေးတွေကို တိုးပွားစေခဲ့ပါတယ်။

 

ဒါကြောင့် ရှိုးဂန်း မှာကလေးတွေ တိုးပွားလာဖို့အတွက် အိုးအိုခု 大奥(おおおく)လို့ခေါ်တဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

http://mmbiz.qpic.cn/mmbiz_jpg/EC03Qq7z7GZJHqImHOwueMa8Ar5Ep4StcYSQF7kVsAO8FtQyZ6SxYQUwWO9CondIfdunsjOPOZFcS0y0sMAvnw/0?wx_fmt=jpeg

 

အိုးအိုခု အဆောင်ထဲကို တခြား ယောက်ျားလေးတွေဝင်ရောက်လို့ မရပါဘူး။

မိန်းကလေး အရေအတွက်က အယောက် ၁၀၀၀ ကနေ ၃၀၀၀ ရှိတယ်လို့ပြောပါတယ်။

ရှိုးဂန်းကတော့ မိုက်တယ်ကွာ!

ဆိုပြီးတော့ ယောက်ျားလေးတွေ ထင်နေကြပြီလား?

အဲ့လို မဟုတ်ဘူးပါဘူး။ ရှိုးဂန်းက ဘယ်လောက်ဒုက္ခရောက်လဲဆိုတဲ့ အခက်အခဲတွေကို ပြောပြပါမယ်။

 

တစ်လပြည့်တဲ့နေ့( စုကိမဲနိချိ)月命日(つきめいにち)

 

ပထမဦးဆုံး ရှိုးဂန်းဟောင်းတွေကို ရိုသေလေးစားတဲ့အနေနဲ့  ဆုတောင်းပေးတဲ့ ပွဲတော်တွေကို ကျင်းပခဲ့ပါတယ်။

ဥပမာအားဖြင့် တိုခုဂဝ အိအဲ့ယစု  徳川家康(とくがわ いえやす)ကိုတည်ထောင်ခဲ့တဲ့ ရှိုးဂန်က ၆လပိုင်း ၁ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီအတွက် လတိုင်းရဲ့ ၁ရက်နေ့တိုင်းမှာ တိုခုဂဝ အိအဲ့ယစု ရဲ့ သင်္ချိုင်းကို သွားရပါတယ်။

အဲ့ဒါကို( စုကိမဲနိချိ)月命日  လို့ခေါ်ပါတယ်။

အဲ့ဒီနေ့မှာ အိုးအိုခု ကိုဝင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘယ်ရှိုးဂန်းကမှလည်း သဘောမတူခဲ့ပါဘူး။

နောက်ပြီးတော့ အဲဒိုခေတ်က နှစ် ၃၀၀ ခန့် ကြာခဲ့ပြီး ရှိုးဂန်း ၁၅ ဆက်နဲ့ ဆက်လက်ပြီး အုပ်စိုးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆိုရင် ၁၄ ယောက်စာ တစ်လပြည့်ပွဲကို ကျင်းပပေးရမှာပဲ ဖြစ်ပါတယ်။

ရက်ထပ်နေတဲ့သူတွေလည်းရှိပေမယ့် လတစ်ဝက်လောက်က သင်္ချိုင်း ကိုသွားနေရတဲ့ အတွက် အိုးအိုခုကို မဝင်နိုင်တဲ့ ရက်တွေဖြစ်ခဲ့ပါတယ်။

 

ချစ်တဲ့ သူနဲ့ရော အမြဲတွေ့နေရတာလား?

 

အဲ့လိုလုံးဝမဟုတ်ပါဘူး။

ရှိုးဂန်းက သဘောကျနှစ်သက်တဲ့သူ ရှိပေမယ့် အဲ့ဒီနေရာမှာ တွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

တိုက်ရိုက်အသံပြုတာကိုတောင်မှ တားမြစ်ထားပါတယ်။

 

ဒါဆိုရင် အဲ့ဒီ မိန်းကလေးကိုရဲ့ နာမည်ကိုဘယ်လို သိနိုင်မလဲ?

 

ရှိုးဂန်းက အမျိုးသမီးတွေရဲ့ အကြီးအကဲဖြစ်တဲ့ အသက်ကြီးတဲ့ အမျိုးသမီးတွေဆီမှာ သဘောကျတဲ့ မိန်းကလေးရဲ့ နာမည်ကို မေးခဲ့ရတာပဲဖြစ်ပါတယ်။

 

အဲ့လောက်ထိ စီစစ်ခဲ့တာလား? ?

 

နာမည်ကိုမေးခံရတဲ့ မိန်းကလေးက ရေချိုးကန်ထဲဝင်ပြီးတော့ ခေါင်းလျှော်ပြီး အိုးအိုခု အမျိုးသမီးအကြီးအကဲတွေရဲ့ စစ်ဆေးမှုကို ခံခဲ့ ရပါတယ်။

ကျန်းမာရေးနဲ့ လက်နက်တစ်စုံတစ်ရာကို ဖွက်ထားမှာစိုးတဲ့ အတွက် စစ်ဆေးရခြင်းဖြစ်ပါတယ်။

 

အဲ့ဒီလို မိန်းကလေးတွေက ရှက်ရှက်ကြောက်ကြောက်နဲ့ ရှိုးဂန်ရဲ့ အခန်းတွေကို သွားခဲ့ရပါတယ်။

ဒါပေမယ့်တစ်ယောက်ထဲ မဟုတ်ပဲ အိုဆိုအိဘုကျိお添い伏し ဆိုတဲ့ သူနဲ့ အတူသွားရတာဖြစ်ပါတယ်။

အိုဆိုအိဘုကျိ က အိပ်ခန်းထဲထိလိုက်ပြီး ကြည့်ကျပ်စောင့်ရှောက်ပေးရပါတယ်။

နောက်ပြီးတော့ အလယ်မှာ ရှိုးဂန်းက အိပ်ရပြီးတော့ ညာဘက်မှာတော့ သဘောကျတဲ့မိန်းကလေးနဲ့ ဘယ်ဘက်မှာတော့ အိုဆိုအိဘုကျိ ကြည့်ကျပ်သူက

အနည်းငယ် ကွာတဲ့ နေရာမှာ အိပ်ရပါတယ်။

အိုဆိုအိဘုကျိ ဆိုတဲ့ မိန်းကလေးက နောက်ကျောပေးပြီး အိပ်ရပေမယ့် လျို့ဝှက်ထားတဲ့

လျို့ဝှက်ချက်တွေကို မမေးမြန်းမတောင်းဆိုဖို့အတွက် စောင့်ကြည့်နေရတာပဲဖြစ်ပါတယ်။

 

အသံထွက်တာတို့ လှုပ်ရှားတာတို့ လုံးဝလုပ်လို့မရပါဘူး

 

ရှိုးဂန်းရွေးချယ်ခဲတဲ့ မိန်းကလေးက ဘာအသံမှ မထွက်ပါဘူး။

ပြီးတော့ မိမိကိုယ်ကို လှုပ်ရှားဖို့ကိုတောင်မှ တားမြစ်ထားပါတယ်။

များသောအားဖြင့်အပျော်အပါးအတွက်မဟုတ်ပဲနဲ့ နောက်ဆုံးမှာကလေးမွေးနိုင်ဖို့ ရည်ရွယ်တာပဲဖြစ်ပါတယ်။

 

ဘဒိုတို့ရော ဒီလိုဘဝမျိုးကို မလိုချင်ကြဘူးလား? ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: