လွန်ခဲ့တဲ့နှစ်၂၀၀မတိုင်ခင်က ‌ယောကျာ်းလေးဖက်ရှင်မဂ္ဂဇင်း!!!

ယောကျာ်းလေးတွေ ဖက်ရှင်ကို စိတ်၀င်စားကြလား

ဆံပင်ပုံစံ၊ အ၀တ်အစားတွေ အလန်းစားဖြစ်ချင်တဲ့သူတွေကတော့ လတ်တလောခေတ်စားနေတဲ့ ဖက်ရှင်တွေကို ကြည့်ကြမယ်ထင်တယ်နော်။

 

ဂျပန်မှာဆိုရင်လည်း အရင်ကတည်းက ဖက်ရှင်မဂ္ဂဇင်းတွေရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်၂၀၀မတိုင်ခင်၊ ဆာမူရိုင်းတွေခေတ်ကတည်းက ‌ယောကျာ်းလေးတွေအတွက် ဖက်ရှင်မဂ္ဂဇင်းရှိခဲ့တာပါ။

 

ဘယ်လိုဖက်ရှင်မဂ္ဂဇင်းလဲဆိုတော့ အောက်ကပုံလေးတွေကို ကြည့်လိုက်နော်..

  https://mag.japaaan.com/archives/78368

 တိုးဆေးအိ ဖူးဇိုးခုစွတ်(当世風俗通(とうせいふうぞくつう))ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းပါ။

ပုံနှိပ်နည်းပညာမရှိသေးတဲ့အတွက် အကုန်လုံးက လက်ရေးနဲ့ရေးထားတာပါ။

စျေးကလည်း အခုမဂ္ဂဇင်းတွေလိုမဟုတ်ဘဲ တော်တော်စျေးကြီးပါတယ်။

 

စာအုပ်အတွင်းပိုင်းကို ကြည့်လိုက်မယ်ဆိုရင် ……………

 

 

 

https://mag.japaaan.com/archives/78368

 စာလုံးတွေက အခုဂျပန်လူမျိုးတွေတောင်မှ တော်ရုံနဲ့မဖတ်တတ်ပါဘူး… ဆာမူရိုင်းခေတ်က လူကြိုက်များခဲ့တဲ့ဖက်ရှင်ကိုမိတ်ဆက်ပေးထားတဲ့စာအုပ်ပါ။

 ဒီဖက်ရှင်မဂ္ဂဇင်းက အဲအချိန်အခါက တော်တော်ရေပန်းစားခဲ့ပါတယ်။

မိန်းခလေးတွေကြားထဲမှာ ‌ရေပန်းစားချင်ရင် ဒီမဂ္ဂဇင်းကိုဖတ်ပြီး အဲအတိုင်းလိုက်လုပ်ကြပါတယ်။

ဆာမူရိုင်းခေတ်တုန်းကဖက်ရှင်တွေကလည်း စိတ်၀င်စားစရာဘဲနော်…

 

မဂ္ဂဇင်းမှာကြည့်မယ်ဆိုရင် ပိုက်ဆံရှိတဲ့သူက၀တ်တဲ့ဖက်ရှင်၊ အ၀တ်အစားတွေကို

ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။

 

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: