ကမ္ဘာပေါ်မှာ ရေမြှုပ်အလွယ်ဆုံးမြို့ဖြစ်တဲ့ တိုကျိုမြို့

၂၀၁၈ ခုနှစ် မှာဂျပန်က တိုင်ဖုန်းမုန်တိုင်းမှာ ကြီးမာတဲ့ ဆုံးရှုံးမှု ကို ခံခဲ့ရပါတယ်။

အရှေ့တောင်လေယာဉ်ကွင်းဘက်က နှစ်မြှုပ်သွားပြီးတော့ တစ်ခဏလောက် သုံးမရတဲ့ အခြေနေကို ရောက်ရှိခဲ့ပါတယ်။

 

ဒါပေမယ့်တကယ့်ကို ကြောက်ဖို့ ကောင်းတာက အိုဆာကာမြို့ မဟုတ်ပဲ တိုကျိုပဲဖြစ်ပါတယ်။

၀ မီတာနေရာလို့ ခေါ်ခံရတဲ့ဧရိယာ က တိုကျိုဆင်ခြေဖုံးမှာရှိပါတယ်။

 

ပင်လယ်ရေ မျက်နှာပြင် ၀m ဆိုရင်သဘာဝအတိုင်း ကုန်းမြေက အဲ့ဒီပေါ်မှာသေချာပေါက်ဖြစ်ပေမယ့် ပင်လယ်ရေ မျက်နှာပြင်အောက်မှာ ရှိတဲ့ ဧရိယာကို ၀m ဧရိယာလို့ခေါ်ပါတယ်။

 

ဒါကတော့ ဒီလိုပါ ဒီပုံကို ကြည့်လိုက်မယ်ဆို နားလည်မှာပါ။

 https://allabout.co.jp/gm/gc/453367/

ပင်လယ်ရေ မျက်နှာပြင်ထက် လုံးဝနှိမ့်ဆင်းနေတဲ့ ကုန်းမြေ မှာ မြို့က ရှိနေပါတယ်။

 ကြီးမားတဲ့ဆည်ကို တည်ထားပြီးတော့ ရေတွေ

လျှံကျမလာအောင်လုပ်ထားတာပဲ ဖြစ်ပါတယ်။

 

ဘာကြောင့် အဲ့ဒီလို ဖြစ်ခဲ့ရလဲ ဆိုတာကို ပြောရရင် မြို့ရဲ့ ဖွံဖြိုးတိုးတက်မှုက ပြဿနာရှိခဲ့ပါတယ်။

စစ်ပွဲတွေ ပြီးဆုံးသွားတဲ့ နောက်မှာ တိုကျိုမှာတော့ စက်ရုံအရေတွက်မြောက်များစွာ ဆောက်လုပ်ခဲ့ကြပါတယ်။

အဲ့ဒါက မြို့ကိုတိုးတက်လာစေပေမယ့် စက်ရုံအသီးသီးက မြေအောက်ရေ ကို ထုတ်ယူအသုံးပြုလွန်းတဲ့အတွက် မြေအောက်ထဲ ကျွ့ံကျမှု့တွေ ဖြစ်ပွားခဲ့ပါတယ်။

 

အဲ့ဒီရလဒ်ကတော့ မြစ်ရေပြင်ထက် မြို့က နှိမ့်တဲ့ နေရာဖြစ်လာတယ် ဆိုတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်က ဖြစ်ပွားလျက်ရှိပါတယ်။

 

နှစ်မြှုပ်ပြီး ထိခိုက်တဲ့ နေရာရဲ့ခန့်မှန်းချက်က ဒီမှာပါ။

https://web.smartnews.com/articles/fef68Z5pf2h

 

အရောင်တွေရှိတဲ့ ဧရိယာက ရေမြှုပ်တဲ့ ဧရိယာဆိုပြီး ထားထားပါတယ်။

 ပင်လယ်နဲ့ နီးတဲ့ ရှီနဂဝ က မြှုပ်သွားတဲ့ မြေကို စိုက်ပျိုးမြေ ရဲ့ နေရာကြီးပဲဖြစ်ပါတယ်။ 

ပြီးတော့ အခိဟဘရ နဲ့ ဥအဲနော့ စတဲ့ အနည်းငယ်သော မြို့တွင်းဖြစ်ပါတယ်။

နောက်ပြီးတော့ ယောခိုယမ ဘက်အထိ ထိခိုက်ဧရိယာ က ကျယ်ပြန့် ပါတယ်။

 

အဲ့လိုဆိုတာကို အရင်ကတည်းက သိနေခဲ့တဲ့ အကြောင်း ဖြစ်တာကြောင့် တိုကျိုမှာတော့ အပြန်လှန်သက်ရောက်မှု ရှိခဲ့ပါတယ်။

 

ဆိုပေမယ့် ဂျပန်မှာ လတ်တလော မမျှော်လင့်ပဲ မိုးသည်းထန်စွာရွာလာပါတယ်။

တစ်နာရီကို ၈၀ မီလီမီတာကို ကျော်ပြီး သည်းထန်စွာရွာသွန်းမှုက ၁၉၇၆ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်ကြားနဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြား မှာ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ၁.၆ ဆ လောက် တိုးပွားလျက်ရှိပါတယ်။

 

ထိခိုက်မှုဖြစ်လာနိုင်တာက ၁.၆ ဆ လောက်ဖြစ်တာတယ်လို့ ဆိုတာပဲဖြစ်ပါတယ်။

 https://web.smartnews.com/articles/fef68Z5pf2h

 

နောက်ပြီးတော့ ၂၀၁၁ ခုနှစ်ရဲ့ ငလျင်မှာ အထူးကြေငြာထားတဲ့ မြစ်ရေတက်မှုက နေရာ ၂၀၀၀ခန့် ထိခိုက်ခံခဲ့ ရတဲ့ ပုံပေါ်ပါတယ်။

 အကယ်၍အဲ့ဒီအချိန်မှာ မိုးသည်းထန်စွာရွာသွန်းလာမယ်ဆိုရင် ? ?

တိုကျိုလည်း ပျက်စီးဆုံးရှုံးမှုကို စောင့်‌နေတာမဟုတ်ပဲနဲ့ အမြဲတမ်း ကြိုတင်ကာကွယ်မှုတွေကို တိုးတက်အောင်လုပ်ထားပေမယ့် ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုက သေချာပေါက်ပဲဖြစ်ပါတယ်။

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: