မောင်းသူမဲ့ဘတ်စ်ကားတွေ အစမ်းသပ်ပြေးဆွဲ!!

ကား ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေက အားသွန်ခွန်စိုက်ကြိုးစားပြီး ထုတ်လုပ်ဖို့လုပ်ဆောင်နေတာပါ။

ရည်ရွယ်ချက်က‌တော့ ကားဆိုတာမောင်းနှင်ဖို့မဟုတ်ဘဲ ကားစီးပြီး အေးအေးဆေးဆေးသက်သက်သာသာနေနိုင်ဖို့ပါ။ 

ဒီနည်းပညာကို အသုံးချနိုင်တဲ့ ထုတ်လုပ်သူတွေဟာ တစ်ကမ္ဘာလုံးရဲ့ ထိပ်တန်းစျေးကွက်ရှယ်ယာကိုလည်းရရှိနိုင်ပြီးတော့

ကားထုတ်လုပ်တာတင်မကပါဘူး၊ တခြားထုတ်လုပ်တဲ့အပိုင်းမှာလည်း ဒီနည်းပညာကို အသုံးပြုလာနေပါပြီ။

 ခရူးရှုးပြည်နယ် (九州地区)ရဲ့ အိုအိတခရိုင်(大分県)မှာ မောင်းသူမဲ့ဘတ်စ်ကားကို အစမ်းသပ်စတင်ပြေးဆွဲနေပါတယ်။ 

ခန့်မှန်းခြေ၁.၂ကီလိုမီတာဘဲရှိတဲ့ အကွာအဝေးဆိုပေမယ့် မောင်းသူမဲ့ဘတ်စ်ကားပြေးဆွဲထားတာပါ။

 

https://www.excite.co.jp/News/society_g/20181021/Mainichi_20181021k0000e040196000c.html?utm_source=news_i&utm_campaign=fromapp&utm_medium=mail

 

၂၀၂၅မှာ အတည်ပြေးဆွဲနိုင်ဖို့အတွက် အခုကအစမ်းပြေးဆွဲနေတာပါ။

ဘတ်စ်ကားမှာတပ်ထားတဲ့ GPSနဲ့ အမျိုးမျိုးသောအာရုံခံကိရိယာက တည်နေရာနဲ့ လမ်းမှာတွေ့တဲ့အတားအဆီးတွေကို ရှောင်ရှားစေပါတယ်။  

အများဆုံး ၁၄ယောက်လောက်စီးလို့ရတဲ့ ဘတ်စ်ကားက တစ်နာရီကို ၂၀ကီလိုမီတာနဲ့ ဖြည်းဖြည်းချင်းအစမ်းမောင်းနှင်နေတာပါ။

ပြေးဆွဲနေတဲ့လမ်းက ပုံမှန်ကားတွေပြေးဆွဲနေတဲ့လမ်းပါ။

ကားတွေလည်းပြေးဆွဲနေသလို လမ်းသွားလမ်းလာတွေလည်းရှိပေမယ့်လည်း

အန္တရာယ်ကင်းရှင်စွာပြေးဆွဲနေတာကိုတွေ့ရမှာပါ။

တကယ်တမ်းပြေးဆွဲပြီဆိုရင်တော့ အမြန်နှုန်းကိုလည်း မြင့်ရမှာြဖစ်သလို

ပိုပြီး‌ခရီးဝေးကိုလည်း ပြေးဆွဲနိုင်ရမှာပါ။

နောက်ပိုင်းဆိုရင်တော့ မောင်းသူမဲ့ကားတွေစီးလို့ရတော့မှာပေါ့နော်။။

 

အကယ်၍ မြန်မာမှာလည်း မောင်းသူမဲ့ဘတ်စ်ကားတွေ ပြေးဆွဲမယ်ဆို

ဘယ်လိုဖြစ်လာမလဲမသိဘူးနော်။ 

လမ်းတွေများပိုပိတ်သွားမလား ?

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: