အင်တာနက်ကဖေးမှာ နေထိုင်ကြတဲ့ဘ၀များ
ဂျပန်မှာ အိမ်မရှိပေမယ့် လမ်းဘေးကဘ၀တော့လည်း မဟုတ်ပြန်ဘူး။
အင်တာနက်ကဖေးမှာ နေထိုင်လာကြတဲ့ဘ၀တွေ များလာပါတယ်။
အရင်ကဆိုရင် အင်တာနက်သုံးချင်လို့သွားကြပေမယ့် အခုဆိုရင် အခန်းတစ်ခန်းလိုဖြစ်လာပြီး
အင်တာနက်ကဖေးမှာ အိပ်တဲ့သူတွေလည်းများလာပါတယ်၊။
ဆိုင်မှာလည်း ရေချိုးခန်းနဲ့ အဝတ်လျှော်စက်တွေပါထားပေးထားတော့ အိမ်အစားဒီလိုကဖေးမှာ နေတဲ့သူတွေများလာတာလည်းမဆန်းပါဘူး။
https://rocketnews24.com/2015/03/18/558559/
တစ်လကို ခန့်မှန်းခြေ ယန်း၆၀,၀၀၀လောက်ကုန်ကျပါမယ်။
အခန်းကတော်တော်ကိုကျဥ်းပေမယ့် ပေးရတဲ့စျေးကများတာကို ဘာလို့
အိမ်မငှားဘဲနဲ့ ကဖေးမှာနေကြတာပါလိမ့်။
အကြောင်းရင်းကတော့ ငွေကြေးပြသာနာပါ။
အိမ်ခန်းငှားရင်ပိုပြီးတော့ စျေးသက်သာတဲ့အခန်းမျိုးတွေရှိပေမယ့် တစ်ကယ်တမ်းငှားပြီဆိုရင် စရံငွေပေးရတာ၊ အကျိုးဆောင်ခပေးရတာတွေရှိပါတယ်။
စရံငွေက အနည်းဆုံး တစ်လစာကနေ အိမ်ခန်းပေါ်မူတည်ပြီးတော့
သုံးလစာပေးရတာလည်းရှိပါတယ်။
အကျိုးဆောင်ခကတော့ အကြမ်းဖြင်းတစ်လစာပေးရပါတယ်။
အဲလိုတွက်ကြည့်လိုက်ရင် အရင်ဆုံး သုံးလစာကနေ ငါးလစာလောက်တော့ လိုပါမယ်။
ယန်း၅၀,၀၀၀ပေးရတဲ့အခန်းဆို ယန်း၁၅၀,၀၀၀ကျော်ကျော်ကုန်ကျသွားမှာပါ။
နောက်ပြီး အိမ်ထောင်ပရိဘောဂတွေမပါတာများပါတယ်။
အိမ်ထောင်ပရိဘောဂတွေပါထည့်တွက်လိုက်ရင် ယန်း၃၀၀,၀၀၀လောက်မရှိရင်အဆင်မပြေပါဘူး။
နောက်တစ်ခုက အာမခံပေးတဲ့သူမရှိတာကလည်း ပြသာနာပါ။
ကုမ္ပဏီတစ်ခုခုမှာ သေချာအလုပ်မလုပ်တဲ့တို့၊ ဒါမှမဟုတ် အလုပ်လုပ်ပေမယ့် ရက်ပေါင်းနည်းနည်းဘဲရှိသေးတဲ့အတွက် ငွေကြေးပေးချေဖို့ကို အာမခံပေးတဲ့သူလိုအပ်ပါတယ်။
အိမ်ကမိဘနဲ့စကားများပြီး အိမ်ကထွက်လာတဲ့သူတွေဆိုရင် အာမခံပေးတဲ့သူ မရှိတဲ့အတွက်
အိမ်ငှားလို့မရပါဘူး။
ရှင်ဂျုကု(新宿)ရဲ့ အင်တာနက်ကဖေးတစ်ခုမှာ နေနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဘ၀ကို
အောက်ကဗီဒီယိုမှာတွေ့နိုင်ပါတယ်။
https://www.youtube.com/watch?v=Bd0YcwiFExI
ဒီလိုမျိုးနေနေမယ်ဆိုရင်တော့ လိပ်စာမရှိတဲ့အတွက် အလုပ်၀င်ဖို့လည်းအဆင်မပြေတာတွေများပါတယ်။
အဲလိုဖြစ်လာပြီဆိုရင်တော့ အခုလိုဆင်းရဲမွဲတေမှုဘဝကနေ ရုန်းထွက်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။
အခုလက်ရှိ၊ တိုကျိုတစ်မြို့ထဲမှာတင် အင်တာနက်ကဖေးမှာဘဲနေထိုင်နေကြတဲ့သူတွေ စုစုပေါင်း ၄,၀၀၀နီးပါးလောက်ရှိတယ်လို့သိရပါတယ်။
နောက်ပိုင်းဆိုပိုပြီးတော့ များလာမလား?
စိတ်ပူစရာဘဲနော်။