အိုကီနာဝါကျွန်းရဲ့ကြောက်လန့်စရာ ယူတ နတ်ကွန်း

ဂျပန်ပင်မကျွန်းကနေကွဲကွာသွားတဲ့နေရာကတော့ အိုကီနာဝါကျွန်းပဲဖြစ်ပါတယ်။

ဟိုးအရင်တုန်းက ဂျပန်မဟုတ်ပဲ ရူးခယူး ဘုရင့်တိုင်းပြည် (琉球王国) ဆိုတဲ့ နာမည်နဲ့ တခြားနိုင်ငံဖြစ်ပါတယ်။

အဲ့ဒီအတွက်ကြောင့် ဂျပန်မှာတခြားမတူညီတဲ့ ယဥ်ကျေးမှုတွေရှိပါတယ်။

အဲ့ဒီတစ်ခုကတော့ ဘာသာရေးပဲ ဖြစ်ပါတယ်။

ဂျပန်က ရှင်တိုလို့ ခေါ်တဲ့ ရှင်တိုနတ်ကွန်း ကို အလယ်ဗဟိုမှာထားတဲ့ ဘာသာမှာ တရုတ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာခဲ့တဲ့ ဗုဒ္ဓဘာသာရောထွေးနေတဲ့ ယဥ်ကျေးမှုကို  လက်ခံထားပါတယ်။

ဆိုပေမယ့် ဂျပန်လူမျိုးတွေရဲ့ အများစုက အဲ့ဒီလို ဘာသာကိုမဝင်ရောက်ဘူးဆိုတာအမှန်ပါပဲ။

သို့ပေမယ့် အိုကီနာဝါရဲ့ လူထုက အကြောင်းအရာ အများကြီးနဲ့ နာမည်ကြီးပါတယ်။

အိုကီနာဝါမှာ အစမှာဖော်ပြခဲ့တဲ့ ဘာသာကိုကိုးကွယ်ကြပါတယ်။

အဲ့ဒီ ဘာသာမှာ ဘုန်းကြီးလိုပုံစံမျိုးရှိတဲ့သူကို ယူတလို့ ခေါ်ပါတယ်။

အဲ့ဒီလူက လူတွေရဲ့ တိုင်ပင်ဆွေးနွေးတာကို ဝိဉာဏ်ရေးရာရှု့ထောင့်ကိုအကြံပေးတာတွေ ၊ ဝိဉာဏ်ရေးရာ ပြဿနာတွေကို ဖြေရှင်းပေးတဲ့ အလုပ်တွေကို လုပ်ဆောင်ရပါတယ်။

အဲ့ဒီယူတတွေက ဒီနေရာကို နတ်ကွန်းလို့ခေါ်ကြပါတယ်။

https://gunosy.com/articles/RvPpR

ယူတ ကသေဆုံးသွားပြီး တည်နေရာအဖြစ်ရှိနေပေမယ့် ဒီနေရာမှာ ယူတရဲ့ အကြောင်းကို သိတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားကိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အဲ့ဒီနတ်ကွန်းတွေက ကံကြမ္မာရှိပါတယ်။

ယူတနှစ်ယောက်ရှိတဲ့ အတွက် အဲ့ဒီနှစ်ယောက်က ငွေကြေးပြဿနာ နဲ့ အငြင်းပွားခဲ့ကြပါတယ်။

ယုံကြည်သူတစ်ဦးစီကိုပျံ့နှံ့သွားခဲ့တဲ့အတွက်ကြောင့် ငယ်ရွယ်တဲ့ယူတ နှစ်ယောက်ရှိတဲ့နေရာကို ယုံကြည်သူတွေလာတာနည်းသွားပြီးတော့ အသက်ကြီးတဲ့ ယူတတွေဆီကိုပဲ သွားကြပါတော့တယ်။

OLYMPUS DIGITAL CAMERA

http://yuta.unison.jp/?page_id=194

ယုံကြည်သူတွေဆီကနေရတဲ့ သူတွေဆီကနေ ရတဲ့ ပိုက်ဆံ နဲ့ အသက်ရှင်သန်ရတာဖြစ်တဲ့ အတွက်ကြောင့် ယုံကြည်သူတွေလက်မခံရင် အသက်ဆက်မရှင်နိုင်တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ငယ်ရွယ်တဲ့ ယူတတွေက အသက်ရွယ်ကြီးတဲ့ ယူတတွေအလေးထားတဲ့ နတ်ကွန်းတွေကို ဖျက်ဆီးလိုက်ကြပါတယ်။

ပျက်စီးသွားပေမယ့်လည်း အဲ့ဒီသန့်ရှင်းနယ်မြေအဖြစ်ကနေ အစားထိုးခြင်းမရှိခဲ့ပါဘူး။

ညသန်းခေါင်ချိန်အဲ့ဒီနတ်ကွန်းရှေ့ကနေဖြတ်သွားတဲ့ အခါမှာ အဖွားအိုကြီးတစ်ဦးက လက်အုပ်ချီပြီး ကိုးကွယ်နေပါတယ်။

သတိထားပြီးတော့ အသံပြုလိုက်တဲ့ အခါမှာ အဖွားအို က ဒီလိုပြောခဲ့ ပါတယ်။

 

သင်က ဂျပန်ရဲ့ ပြည်တွင်းကနေလာခဲ့တာ မလား?

နေရာတိုင်းမှာ ဒီနတ်ကွန်းရဲ့ အကြောင်းကို စုဆောင်းနေတယ်ဆိုတာကိုကြားနေရပါတယ်။

အဲ့လိုအကြောင်းအရာတွေစုဆောင်းပြီးဘာလုပ်မှာလဲ?

တစ်ခုခုကိုသုတေသနလုပ်မလို့လား?

မကောင်းကြောင်းမပြောနဲ့ အဲ့ဒီအကြောင်းတွေကိုဒီထက်မရှာတာကောင်းမယ်။

အသက်ဆုံးရှုံးရတတ်တယ်နော်။

လို့ဆိုပြီးတော့ အဖွားအိုက မျက်လွှာချခဲ့ပါတယ်။

မျက်နှာကလည်းပါးရေတွေတွန့်နေခဲ့ပါတယ်။ နောက်ပြီးတော့ ဖြူဖွေးနေတဲ့ မျက်ခုံးမွှေးက ၂၀ စင်တီမီတာလောက်ရှည်နေပါတယ်။

နောက်ပြီးတော့ ဘယ်မျက်လုံးက ဘယ်ဘက်နား အနီးနားထိရှိနေပြီးတော့ …အဲ့ဒီကနေ သွေးတွေစီးကျနေခဲ့ပါတယ်။

မသိနိုင်တဲ့နယ်မြေရဲ့ ဘာသာရဲ့ တတ်နိုင်တဲ့အရာကိုရှာဖွေမယ်ဆိုရင် အံ့ဩစရာကောင်းတဲ့စွမ်းအားတွေနဲ့ တားမြစ်ခံရမလားမသိပါဘူး။

အိုကီနာဝါကိုသွားမယ်ဆိုရင် သတိထားကြပါနော်……….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: