တရုတ်လူမျိုးတွေ ဘာကြောင့်ဂျပန်အိမ်ခြံမြေတွေကို ၀ယ်ချင်ကြတာလဲ ??

အခုဆိုရင် တရုတ်လူမျိုးတွေ ဂျပန်ရဲ့တိုက်ခန်းတွေကို ၀ယ်တာတွေခေတ်စားနေပါတယ်။
နိုင်ငံခြားကမြေတွေ၊တိုက်ခန်းတွေ ၀ယ်တဲ့အခါ အမျိုးမျိုးသော အခက်အခဲတွေရှိပါတယ်။
ဥပဒေကိုနားမလည်တာတွေ၊ ပိုက်ဆံလွှဲတဲ့အခါြပသာနာတွေ၊ ငွေကြေးလဲလှယ်တဲ့အခါစျေးအတက်အကျရှိတာတွေ စသဖြင့်ပါ။
အမျိုးမျိုးပြသာနာတွေရှိတာတောင်မှ ဂျပန်ကတိုက်ခန်းအိမ်မြေယာတွေကို ၀ယ်တဲ့သူတွေ ပိုများလာနေပါတယ်။
ဘာကြောင့်လဲဆိုတော့ ?
တရုတ်မှာ အခုဆိုရင် အိမ်ခြံမြေစျေးတွေက တော်တော်လေးကို စျေးတွေတက်နေလို့ပါ။
စျေးကြီးပေးပြီး ၀ယ်ပေမယ့် အိမ်ငှားတဲ့အခါ အကျိုးအမြတ်မရဘူးလို့ ပြောနေကြပါတယ်။
အိမ်ခြံမြေစျေးတွေတက်နေတဲ့ တရုတ်မှာ ဒီလိုအခြေအနေတွေက တော်တော်နဲ့ပြောင်းလဲသွားဖို့မရှိပါဘူး ။
ဂျပန်မှာတော့ အိမ်ခြံမြေစျေးတွေငြိမ်နေပြီးတော့ ပြန်ငှားတဲ့အခါမှာလည်း အကျိုးအမြတ်ရနေပါတယ်။
https://www.japlusu.com/sites/default/files/news/Unusual%20Japanese%20Apartment%
20Buildings%20Volume%201/Sakura-Apartment-by-Hitoshi-Wakamatsu01.jpg
တရုတ်ရဲ့ အိမ်ခြံမြေထက် အကျိုးအမြတ်ပိုထွက်တာက လူကြိုက်များနေတဲ့ အဓိကအချက်ပါဘဲ။
နောက်တစ်ချက်က Riskနည်းတာကြောင့်လည်း ရေပန်းစားတာပါ။
တရုတ်ရဲ့ အိမ်ခြံမြေစျေးတွေက တရိပ်ရိပ်တက်နေပြီး ဘယ်တော့ပြန်ပြုတ်ကျမယ်ဆိုတာ မသိတဲ့အတွက် စိုးရိမ်ရတာပါ။
ဒါပေမယ့် ဂျပန်ရဲ့အိမ်ခြံမြေစျေးတွေကျတော့ အတိုင်းအတာတစ်ခုအထိငြိမ်နေတဲ့အတွက် သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။
အဲဒါအပြင် ဂျပန် နိုင်ငံက နေထိုင်လို့ကောင်းတဲ့နိုင်ငံတွေစာရင်းမှာ ထိပ်ပိုင်းရောက်တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်တာကြောင့်ပါ။
ဒီလိုနိုင်ငံရဲ့ အိမ်ခြံမြေကိုပိုင်ဆိုင်ထားပြီဆိုရင် စိတ်ကျေနပ်မှုဟာ တခြားဘယ်အရာနဲ့မှမတူတာကြောင့်လည်း ပါပါတယ်။
စာဖတ်သူတို့လည်း ဂျပန်မှာ အိမ်ခြံမြေ၀ယ်ဖို့ စိတ်၀င်စားကြပါသလား ??