နင်ဂျာလို ကင်းလှည့်ကား !!

ဂျပန်ရဲ့လမ်းတွေက အထူးသဖြင့် အ‌‌‌‌မြန်လမ်းမကြီးတွေဆိုရင် လမ်းတွေက ကောင်းလွန်းတော့ ကားအရှိန်ကို တင်မောင်းရတာလွယ်တာပေါ့။

အမြန်ဆုံးမောင်းရင်တောင်မှ တစ်နာရီကို ၁၀၀ကီလိုဆိုပြီး စည်းကမ်းထုတ်ထားပေမယ့် အခုနောက်ပိုင်းကားတွေကတော့ ပိုပြီး မြန်မြန်မောင်းရတာလွယ်လာပါတယ်

 

လမ်းတွေကလည်း အရမ်းကောင်းနေတော့ အရှိန်ကိုတင်ပြီးရင် တင်မောင်းချင်လာတယ်လေနော် …

 

အဲလိုနဲ့ ရဲမရှိတဲ့နေရာတွေမှာ အရှိန်မြင့်မောင်းလာကြတာတွေရှိပါတယ်…

 

ဒါပေမယ့် အဲလိုအခါမျိုးမှာ နင်ဂျာလိုဘဲ ပုန်းကွယ်နေရာကနေထွက်လာတဲ့ ကင်းလှည့်ကားတွေရှိနေပါတယ်။

 

 

ဒါကတော့ ပုံမှန် ကိုယ်တွေတွေ့ဖူးနေကျ ကင်းလှည့်ကားပေါ့နော်


https://www.webcartop.jp/2018/04/221967

 

အဖြူအမဲနှစ်ရောင်နဲ့ အပေါ်က အနီရောင်မီးလုံး ။

ဘယ်လိုကြည့်ကြည့် ကင်းလှည့်ကားမှန်းသိသာတယ်လေ။

 

အောက်ကပုံကတော့ ဘယ်လိုကြည့်ကြည့် မသိနိုင်တဲ့ ……. ကင်းလှည့်ကား ။။။

https://autoc-one.jp/knowhow/3388384/

 

လုံး၀ကို မသိနိုင်တာပါ…..

အရောင်ကလည်း တောက်ပနေပြီးတော့ ပုံမှန်အိမ်စီးကားနဲ့ ဘာမှမကွာပါဘူး ။

https://autoc-one.jp/knowhow/3388384/

 

အဲကားက ရုတ်တရက် အနီရောင်မီးလုံးကိုထုတ်လာပြီးတော့ နောက်ကနေလိုက်လာတော့တာဘဲ။

ကိုယ်မောင်းနေတဲ့ကားနဲ့ အရှိန်တူတူလိုက်မောင်းပြီး အမြန်အရှိန်နှုန်းကို စစ်တာပါ။

 

 

အဲလိုကင်းလှည့်ကားနဲ့ လိုက်ဖမ်းတဲ့အခါ ဘယ်လိုလဲဆိုတာ အောက်ကဗီဒီယိုကိုကြည့်လိုက်ပါ။

https://www.youtube.com/watch?v=BLv4Mryc6k8

 

 

ပိုအရှိန်မြင့်ပြီးထွက်ပြေးလို့ ရရဲ့သားနဲ့လို့တွေးနိုင်ပေမယ့် ဂျပန်မှာက အမြန်လမ်းတွေမှာ ကင်မရာတွေအများကြီးလေ။

ထွက်ပြေးတဲ့ကားနံပါတ်ရော မောင်တဲ့သူရဲ့မျက်နှာရော ဓာတ်ပုံရိုက်ပြီးသားဆို‌တော့

ဖမ်း၀ရမ်းထုတ်နိုင်တယ်လေ။

 

နောက်ပြီး ပိုပြီးလည်း ပစ်မှုကြီးသွားနိုင်သေးတယ်။

အဲလို ရဲတပ်ဖွဲ့တွေက သေသေချာချာကြပ်မတ်နေတဲ့အတွက် အန္တရာယ်ရှိတဲ့ မောင်းနှင်တာတို့၊

မတော်တဆမှုတွေလည်း နည်းသွားတာပေါ့နော်

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: