သူဌေးဖြစ်ချင်ရင် မှတ်စုစာအုပ်လေးဆောင်ထားပါ

‘ငါတော့တစ်ချိန်ကျရင် သူဌေးဖြစ်ချင်လိုက်တာ’ ဆိုပြီး အားလုံးစိတ်ကူးဖူးကြမှာပါ။ ဒါပေမဲ့ စိတ်ကူးနေရုံနဲ့တော့ သူဌေးဖြစ်မလာနိုင်ပါဘူး။

 

ကဲ ဒါဆိုဘာတွေလုပ်ရင်သူဌေးဖြစ်မှာလဲ?

အဲ့ထဲကအဖြေတစ်ခုကတော့ “မှတ်စုစာအုပ်ကို ဘယ်သွားသွားဆောင်သွားပါ”။

ဒီအတိုင်းဆောင်ထားရုံနဲ့လည်း ဘားမှအကျိုးဖြစ်မှာမဟုတ်ပါဘူး။
အခုပြောပြမယ့် စည်းကမ်းချက်၁၀ချက်ကို အတိအကျလိုက်နာမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

သူဌေးဖြစ်ချင်သူတွေအားလုံး ဒီအချက်လေးတွေကို လုံးဝမှတ်မိအောင်လုပ်လိုက်ပါနော်။

မှတ်စုစာအုပ်တစ်အုပ်ထဲနဲ့ဘဲမှတ်ပါ
ကိုယ့်တစ်ကိုယ်ရေ အတွက်သုံးဖို့မှတ်စုစာအုပ်၊ အလုပ်အတွက်သုံးမယ့်မှတ်စုစာအုပ် စသဖြင့်ဆောင်ထားတတ်တဲ့လူတွေရှိသလို၊ လူကိုလိုက်ပြီးတော့ လုပ်ငန်းတာဝန်တွေအလိုက် မှတ်စုစာအုပ်တွေခွဲခြားထားတတ်တဲ့ လူတွေလည်းရှိကောင်းရှိမှာပါ။
ဒီလိုတော့ သတ်သတ်စီမလုပ်ပါနဲ့။

မှတ်စုစာအုပ်ကို တစ်အုပ်ထဲထားပြီး၊ အားလုံးကို တစ်အုပ်ထဲမှာရေးမှတ်ဖို့က အရေးကြီးပါတယ်။
ကိုယ့်ရဲ့ အိမ်မက်တွေ၊ ပန်းတိုင်တွေ၊ အတွေးတွေ၊ အလုပ်နဲ့ဆိုင်တဲ့မှတ်စုတွေ၊ ကိုယ့်တစ်ကိုယ်ရေမှတ်တမ်းတွေ စတာတွေအားလုံးကို မှတ်စုတစ်အုပ်ထဲမှာစုပြီး ရေးထားပါ။

အလုပ်နဲ့ဆိုင်တဲ့ အိုင်ဒီယာတွေကို စဉ်းစားနေတဲ့အချိန်မှာ တခြားမဆိုင်တဲ့ အကြောင်းအရာတွေ တွေးမိတဲ့အခါမျိုး ခဏခဏကြုံဖူးကြမှာပါ။

တစ်ကိုယ်ရေမှတ်တမ်းရေးနေတဲ့အချိန်မှာလည်း စာရွက်လှန်ရင်းနဲ့ အလုပ်နဲ့ဆိုင်တဲ့ မှတ်စုတွေလည်းမြင်ရတော့၊ အိုင်ဒီယာကောင်းတွေ စဉ်းစားမိတာတို့၊ ကိုယ့်အိမ်မက်တို့ ပန်းတိုင်တို့ကို ခဏခဏမြင်တွေ့နေရတာကြောင့်၊ မမေ့မလျှော့ ခေါင်းထဲမှာအချိန်တိုင်းမ အမှတ်ရနေစေပါတယ်။

အဲ့တာကြောင့် မှတ်စုစာအုပ်ကို တစ်အုပ်ထဲထားပြီး၊ ဘယ်သွားသွား ယူသွားပါ။ နောက်ပြီး ခဏခဏပြန်ကြည့်ပါ။

အိုင်ဒီယာတွေက ဘယ်အချိန်ထွက်လာမလဲဆိုတာ မသိနိုင်ပါဘူး။
အဲ့လိုထွက်လာတဲ့အချိန်မှာလည်း ချက်ချင်း မှတ်စုထဲမှာ ရေးမှတ်နိုင်အောင်ပြုလုပ်ပါ။
အဲ့လိုမလုပ်ဘူးဆိုရင်၊ ချက်ချင်းမေ့သွားနိုင်ပါတယ်။
ဒီလိုချက်ချင်းမှတ်တာက စီးပွားရေးလုပ်ရင်လည်း အောင်မြင်နိုင်တဲ့အချက်ထဲမှာ ပါဝင်ပါတယ်။

မှတ်စုစာအုပ်စဖွင့်ဖွင့်ခြင်းစာရွက်မှာ အိမ်မက်တွေ ပန်းတိုင်တွေရေးပါ
ဒီစာမျက်နှာက မှတ်စုစာအုပ်စဖွင့်တာနဲ့ ချက်ချင်းမြင်ရတဲ့ စာမျက်နှာဖြစ်ပါတယ်။
ဒီစာမျက်နှာမှာ အိမ်မက်တွေ ပန်းတိုင်တွေချရေးထားပါ။
အိမ်မက်တွေ ပန်းတိုင်တွေ မေ့သွားမယ်ဆိုရင် အကောင်အထည်ဖေါ်နိုင်မှာလည်းမဟုတ်ပါဘူး။
အဲ့တော့ အမြဲတမ်းမြင်နေရအောင်လုပ်ပြီး အမြဲတမ်းသတိရနေမယ်ဆိုရ၍တော့ အကောင်အထည်ဖေါ်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်၄မျက်နှာကိုတော့ လုပ်ရမယ့်စာရင်းတွေ မှတ်ဖို့အတွက် သုံးပါ
ဒီစာမျက်နှာတွေမှာ ပထမဆုံးစာမျက်နှာမှာ ရေးထားတဲ့ အိမ်မက်တွေ ပန်းတိုင်တွေနဲ့ သက်ဆိုင်တဲ့ လုပ်ရမယ့်စာရင်းတွေတင်မကဘဲနဲ့၊ အလုပ်နဲ့သက်ဆိုင်တဲ့ လုပ်ရမယ့်စာရင်းတွေလည်း ဒီစာမျက်နှာတွေ မှာရေးပါ။
လုပ်ရမယ့်စာရင်းတွေမှာ အရေးကြီးတဲ့အချက်တွေနဲ့ အချိန်တွေကိုပါရေးပါ။
ဦးစားပေးမယ့်ဟာတွေ၊ အချိန်နီးကပ်နေတဲ့ဟာတွေကနေစပြီးတော့ အစဉ်အလိုက်ပြုလုပ်ပါ။
လုပ်လို့ပြီးသွားတဲ့ဟာတွေကို ဘောပင်အနီနဲ့ဖျက်လိုက်ပါ။
နေ့စဉ်ဒီစာမျက်နှာတွေကိုကြည့်မယ်ဆိုရင်၊ ကိုယ်ဘာကိုလုပ်ရမလဲဆိုတာ သိနိုင်မှာဖြစ်တာကြောင့်၊ ခေါင်းခြောက်စရာမလိုတော့ပါဘူး။ နောက်ပြီး လုပ်ရမဲ့အလုပ်တွေ ကိုလည်း မမေ့တော့ပါဘူး။

အလုပ်များတယ်များတယ် လို့အော်နေတဲ့သူတွေက ကိုယ်လုပ်ရမဲ့ဟာတွေကို စာရင်းသေချာမလုပ်ဘဲနဲ့ ဒီအတိုင်းမိသလိုလုပ်နေကြပါတယ်။
ဒီလိုနဲ့ လုပ်စရာတွေကိုလည်း မေ့သွားပြီး အလုပ်မှာလည်းအချိန်ကုန်၊ ဘာကိုလုပ်ရင်ကောင်းမလဲဆိုတာစဉ်းစားရင်းနဲ့ ခေါင်းခြောက်တာတွေလည်းဖြစ်ပါတယ်။
ဒီလို ကိုယ်လုပ်ရမယ့်ဟာကို စာရင်းကို သေချာလုပ်ထားတယ်ဆိုရင်တော့ အဲ့လောက်အချိန်တွေလည်း ကုန်စရာအကြောင်းမရှိပါဘူး။

အဲ့လိုအလုပ်များတယ်လို့ အော်နေတဲ့သူတစ်ဝက်လောက်က၊ အလုပ်များအောင် ကိုယ့်ဟာကိုယ်ဘဲလုပ်နေကြတာဖြစ်ပါတယ်။
အလုပ်တော်တော်လုပ်နိုင်တဲ့ စီးပွားရေးသမားက၊ သာမန်စီးပွားရေးသမားထက် အလုပ်တွေ အဆပေါင်းများစွာလုပ်ရပေမဲ့လည်း အလုပ်များတယ်လို့ သိပ်မပြောကြပါဘူး။
ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်သင့်တဲ့ဟာကို အမြဲတမ်း စီမံခန့်ခွဲပြီးလုပ်ဆောင် နေနိုင်လို့ဖြစ်ပါတယ်။

ဘယ်အချိန်? ဘယ်သူက? ဘာကို? စတဲ့ဟာတွေကို ရှင်းလင်းစွာ မှတ်သားပါ
မှတ်စုမှတ်တဲ့အချိန်မှာ၊ ဘယ်သူကဘယ်အချိန်မှာ ဘာနဲ့ပတ်သတ်ပြီးပြောခဲ့တာလဲ ဆိုတာကို စာမျက်နှာရဲ့ အပေါ်ဆုံးမှာချရေးပါ။

မှတ်စုစာအုပ်စာရွက်လှန်တဲ့အချိန်မှာ၊ အားလုံးကို လှန်လှောရှာစရာမလိုတော့ပါဘူး။
ကိုယ်ရှာနေတဲ့မှတ်စုကို ချက်ချင်းရှာတွေနိုင်ပါတယ်။ ပြီးတော့ ရှာနေရင်းနဲ့ နောက်စာမျက်နှာမှာမှတ်ထားတဲ့ အကြောင်းအရာတွေပါ ခေါင်းထဲမှာပေါ်လာပါတယ်။

တခြားအကြောင်းမှတ်ထားတဲ့ မှတ်စုက လုံးဝမလိုအပ်ဘူးလို့ထင်ရပေမဲ့၊ မတူညီတဲ့လူတွေပြောထားတဲ့ တခြားအကြောင်းအရာတွေကလည်း ဆက်စပ်မှုတွေရှိပြီး စီးပွားရေးလုပ်ဆောင်တဲ့နေရာမှာ အောင်မြင်မှုတွေရရှိတယ်ဆိုတာကလည်း လက်တွေ့မှာအများကြီးရှိပါတယ်။

နေရာလွတ်ကို ပြုလုပ်ပါ
မှတ်စုတွေကော အိုင်ဒီယာတွေကော မှတ်စုစာအုပ်မှာ နေရာလွတ်မချန်ဘဲ အကုန်မရေးပါနဲ့။
နောက်မှပြန်ကြည့်ပြီးတော့၊ ကိုယ်ဟာကိုယ် အပိုပြန်ထည့်ရေးတာတို့ ပြုလုပ်နိုင်ဖို့အတွက် နေရာလွတ်ကို ချန်ရေးပါ။
အပိုပြန်ထည့်ရေးရင်းနဲ့ ခေါင်းထဲမှာလည်း သေချာပြန်စဉ်းစားရင်းနဲ့၊ ပြီးပြည့်စုံတဲ့ အိုင်ဒီယာတွေကို ရရှိနိုင်ပါတယ်။

အပြန်အလှန်ပြောစကားတွေလည်း ရေးဖို့လိုအပ်ပါတယ်။
မှတ်စုမှတ်တဲ့အချိန်မှာ အပြန်အလှန်ပြောစကားတွေကိုလည်း အလွယ်တကူ မှတ်စုမှတ်ထားပါ။
နောက်တစ်ကြိမ် တစ်ဖက်လူနဲ့ပြန်တွေ့တဲ့အခါ၊ မှတ်စုစာအုပ်ပြန်ကြည့်လိုက်တာနဲ့ “ဒီလူနဲ့ဒါတွေပြောခဲ့တာဘဲ” ဆိုပြီးပြန်အမှတ်ရလာပါလိမ့်မယ်။ အဲ့တာကိုအခြေခံပြီး အဲ့လူနဲ့ နောက်ထပ်စကားတွေ ကောင်းကောင်းပြောနိုင်မှာဖြစ်ပါတယ်။
ဒီလိုလုပ်မယ်ဆိုရင် တစ်ဖက်လူနဲ့ ကိုယ်နဲ့လည်း ပိုပြီးနီးစပ်မှုရရှိနိုင်မှာဖြစ်ပါတယ်။

 

မျဉ်းကြောင်းတွေ မြားတွေနဲ့ အဓိကစကားလုံးတွေကို ဆက်စပ်ပါ

မှတ်စုစာအုပ်အတွက် အရေးကြီးတဲ့အချက်က၊ မှတ်စုတွေ အသေးစိတ်အချက်အလက်တွေ၊ အိုင်ဒီယာတွေ စတာတွေကို မျဉ်းကြောင်းတွေ မြားတွေနဲ့ အရေးကြီးတဲ့စကားလုံးတွေကို အကုန်ဆက်စပ်ပါ။
ဒီဟာက ခေါင်းထဲမှာ သေချာပြန်စဉ်းစားတဲ့အချိန်မျိုးမှာ အရေးပါပါတယ်။

ဒီစကားရဲ့ အရေးကြီးတဲ့အပိုင်းကဘယ်ဟာလဲ? တကယ်ကောအဓိပ္ပါယ်ရှိရဲ့လား? စတာတွေကို နားလည်နိုင်မယ့်နည်းလမ်းဖြစ်ပါတယ်။

ကောင်းကောင်းမွန်မွန် အကျဉ်းချုပ်စရာတော့မလိုပေမဲ့၊ အဓိကကျတဲ့ အကြောင်းအရင်းတွေ၊ အကျိုးဆက်တွေ လုပ်သင့်တဲ့ဟာတွေကို ဆက်စပ်ရေးထားနိုင်ရင်ရပါပြီ။

ဥပမာအားဖြင့်
ရောင်းအားသိပ်မတက်ဘူး → ဧည့်သည်သိပ်မလာဘူး → လူတွေပိုပြီးအသိအမှတ်ပြု ဖို့လိုအပ် → လက်ဆောင်ပေးတဲ့ပရိုမိုးရှင်းကိုအကောင်အထည်ဖေါ်ကြစို့

စသဖြင့် ရေးထားနိုင်ပါတယ်။
ဘာကြောင့် လက်ဆောင်ပေးတဲ့အစီအစဉ်ကိုလုပ်ရတာလဲဆိုတာကို အားလုံးကိုရှင်းပြတဲ့အချိန်မှာလည်းလွယ်ပါတယ်။ ‘ဧည့်သည်တွေကိုဆိုင်လာအောင်လုပ်ပြီး၊ အရောင်းမြင့်တင်ရေးလုပ်ဖို့အတွက်’ဆိုပြီးတော့ ရှင်းပြနိုင်မှာပါ။
‘ဒါပေမဲ့ဒီလက်ဆောင်ပေးတဲ့ပရိုမိုးရှင်းက အရောင်းမြင့်တင်ဖို့အတွက် အဆင်ပြေမှာမဟုတ်ဘူး’ စသဖြင့် ပရိုမိုးရှင်းရဲ့ အကြောင်းအရာတွေ အိုင်ဒီယာတွေ ကောင်းလားမကောင်းဘူးလား ဆိုတာကိုဝေဖန်ပိုင်းခြားမှုတွေပြုလုပ်နိုင်ပါတယ်။

ဘာကြောင့်လဲ? ဘာလဲ? ဆိုတာတွေကလည်း အရေးကြီးတယ်
ဒီဟာလည်း စဉ်းစားပုံတွေ အစီအစဉ်တကျဖြစ်စေဖို့အတွက် လိုအပ်ပါတယ်။

ဘာကြောင့်လဲ? ဆိုတာကိုမေးပါ။
ဘာကြောင့်လူတွေမလာရတာလဲ? ဘာကြောင့် မရောင်းရတာလဲ?

အဲ့တော့ ဘယ်လိုဆက်လုပ်မှာလဲ?

ဒီလိုအချက်တွေကို သတိထားပြီး မှတ်စုမှတ်မယ်ဆိုရင်၊ ဘာကိုလုပ်ရမလဲဆိုတာ ချက်ချင်းသဘောပေါက်ပါလိမ့်မယ်။

 

အရောင်တွေကိုသုံးပါ
အမဲရောင်နဲ့ မှတ်စုမှတ်တာမလုပ်သင့်ပါဘူး။
အနီတို့ အပြာတို့ကိုအသုံးပြုပါ။
ပုံမှန်စာလုံးတွေထဲမှာ အရေးကြီးတဲ့ နေရာတွေကို အရောင်တွေအသုံးပြုပြီး ထင်ရှားအောင်လုပ်ပါ။ အဲ့တာကတော့ ကိုယ့်စိတ်ကြိုက် သတ်မှတ်ပြီးတော့ အရေးကြီးတဲ့ဟာတွေကို မြင်ရလွယ်အောင်ပြုလုပ်ပါ။

အကြိမ်ကြိမ်ပြန်ကြည့်ပြီးတော့ ပြန်ပြင်ပါ။
ဒီအတိုင်းမှတ်စုမှတ်လိုက်တာနဲ့ ပြီးသွားတာမဟုတ်ပါဘူး။
အကြိမ်ကြိမ်ပြန်ကြည့်ပြီးတော့၊ အပိုထည့်ရေးတာတို့၊ ပိုကောင်းအောင်ပြန်ရေးတာတို့ ပြုလုပ်ပါ။
‘အလုပ်များတဲ့အချိန်မှာ ဒီဟာလုပ်ဖို့မဖြစ်နိုင်ဘူး’ လို့ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။

အလုပ်များနေရင်လည်းဘဲ၊ ထမင်းစားတဲ့အချိန်ဘဲဖြစ်ဖြစ်၊ မအိပ်ခင်အရင်ဘဲဖြစ်ဖြစ် အချိန်ထုတ်ကြည့်ပါ။ ဒါမှမဟုတ် ကော်ဖီသောက်ရင်း ၅မိနစ်လောက်ဘဲဖြစ်ဖြစ် မှတ်စုစာအုပ်ကိုပြန်ကြည့်ပါ။
ဒီလောက်တော့ ဘယ်သူမဆိုလုပ်နိုင်ပါတယ်။
နောက်ပြီး၊ ဒီဟာကိုလုပ်မယ်ဆိုရင် အလုပ်လုပ်နိုင်စွမ်းတိုးတက်လာနိုင်ပြီး၊ အလုပ်ရှုပ်မှုတွေလျှော့ချနိုင်ပါတယ်။

ဒါလေးဖတ်ပြီးဘယ်လိုထင်လဲ။
အလုပ်များတယ်၊ အလုပ်များတယ်လို့ ပြောနေတဲ့သူတွေ၊ ဒီလိုအစီအစဉ်တကျလုပ်မယ်ဆိုရင် အဲ့လောက်အလုပ်များမှာလည်းမဟုတ်ပါဘူး။
ကိုယ့်ရဲ့အလုပ်တွေကို အစီစဉ်တကျလုပ်ပြီး၊ အောင်မြင်မှုရနိုင်ချေကိုမြှင့်တင်နိုင်ပါတယ်။ ဒါကသူဌေးဖြစ်မယ့်လမ်းကြောင်းဖြစ်ပါတယ်။

၂၀၁၉နှစ်သစ်လည်းအစပြုနေပါပြီ။ နောက်နောင်် သူဌေးဖြစ်ဖို့အတွက် အခုကနေစပြီး မဟာဗျူဟာတွေ ချမှတ်ပြီးလုပ်ဆောင်သွားကြပါ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: