ခြင်မျိုးပွားခြင်းကိုယန်း ၁၀ နဲ့ ဖြေရှင်းခြင်း

ဒီနှစ်ရဲ့နွေရာသီက ဘာပဲဖြစ်ဖြစ်ပူခဲ့ပါတယ်။

အရမ်းပူတဲ့အချိန်မှာ လူသားတွေပဲမဟုတ်ပဲနဲ့ ခြင်တွေလည်း မရှင်သန်နိုင်တဲ့ပုံပဲ။

၃၅ ဒီဂရီကို ကျော်လွန်တာနဲ့ ခြင်က လှုပ်ရှားမှုတွေပါလျော့နည်းလာတယ်ဆိုတဲ့ အကြောင်းနဲ့ အရမ်းပူတဲ့အခါမှာရေအိုင်တွေခန်းခြောက်လာြပီးတော့ ဥတွေကအကောင်မပေါက်လာတော့ဘူးဆိုတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် ခန်းခြောက်တဲ့နေရာမှာ ဥတွေက ပိုပြီးအားကောင်းပါတယ်။

အဲ့ဒီမှာနည်းနည်းလေး အေးလာပြီဆိုတာနဲ့ စပြီးတော့ လှုပ်ရှားပါတယ်။ 

နောက်ပြီးအခု ၁၅ ဒီဂရီ အောက်ရောက်ရင် ခြင်တွေက ဥ ဥပြီးသေသွားပါတယ်။

ဥ ဥတဲ့အခါမှာ ခြင်တွေက လူတွေရဲ့ သွေးတွေကို လိုအပ်ပါတယ်။

အဲ့လိုရေအိုင် နေတဲ့ နေရာမှာ ပိုးလောက်လန်း ဆိုတဲ့ အကောင်လေးတွေ ဖြစ်လာပါတယ်။

 

အဲ့လိုခြင်ကရေအိုင်တွေရှိတဲ့နေရာတွေမှာပိုးလောက်လန်းလို့ခေါ်တဲ့ သားလောင်းလေးတွေဖြစ်လာပါတယ်။

အဲ့ဒီမှာ ယန်း ၁၀ တန်အကြွေစေ့ ကိုထည့်လိုက်မယ်ဆိုရင် ပိုးလောက်လန်းတွေက သေသွားမှာဖြစ်ပါတယ်။

ယန်း ၁၀တန်အကြွေစေ့က ကြေးနီနဲ့ ပြုလုပ်ထားတဲ့ အတွက်ကြောင့် ရေထဲကိုထည့်လိုက်တဲ့နေရာမှာ ကြေးနီအိုင်းယွန်းတွေထွက်လာပြီး ခြင်ရဲ့သားလောင်း ဖြစ်တဲ့ ပိုးလောက်လန်းတွေကိုသေစေပါတယ်။

အကုန်လုံးမဖြစ်နိုင်ရင်တောင်မှ ပိုးလောက်လန်းတွေရှိလောက်တဲ့နေရာတွေရှိမယ်ဆိုရင် ယန်း ၁၀ တန်အကြွေစေ့ကို မြှုပ်ထားလိုက်မယ်ဆိုရင်ကောင်းပါတယ်။

ပိုးသတ်ဆေးတွေသုံးတာမျိုးလည်းရှိပေမယ့် အဲ့ဒါက ပတ်ဝန်းကျင်ကို ထိခိုက်စေပြီးတော့ အနီးနားကလူတွေရဲ့ ခန္ဓာကိုယ်ကို မကောင်းတဲ့ ရလဒ်တွေရစေပါတယ်။

ဒါပေမယ့် ကြေးနီတွေက ပြဿနာမရှိပါဘူး။

သဘာဝရဲ့ ကုန်ကြမ်းဖြစ်တာကြောင့် ကလေးငယ်လေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေရှိတဲ့ အိမ်မှာဆိုရင် စိတ်ချရပါတယ်။

ယန်း ၁၀တန်အကြွေစေ့လက်ထဲမှာရှိဖို့ခက်တဲ့ မြန်မာနိုင်ငံမှာဆိုရင်တော့ ကြေးနီကို လက်ဝယ်ရရှိနိုင်တဲ့အတွက် ခြင်များတဲ့ရာသီမှာဆိုရင် အကျိုးရှိစွာအသုံးချကြည့်ပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: