ကမ္ဘာ့နံပါတ်တစ် မျက်မှန်

မျက်မှန်

မျက်မှန်

မျက်မှန်

မြန်မာမှာကော ဂျပန်မှာကော မျက်မှန်တပ်တဲ့သူတွေ တော်တော်များပါတယ်။
အဲ့လိုမျက်မှန်တပ်တဲ့သူတွေအတွက် တိုကျိုမှာ မျက်မှန်ပြပွဲကိုပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ ကမ္ဘာ့မျက်မှန်ပြပွဲရဲ့ ပုံရိပ်တွေပါ။

အဲ့ပြပွဲမှာ ကမ္ဘာ့အကောင်းဆုံးမျက်မှန်ကိုလည်းပြသခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးမျက်မှန်အကြောင်းမပြောခင်မှာ ပြပွဲမှာဘယ်လိုမျက်မှန်တွေ ပြထားလဲ ဆိုတာ အရင်ပြောပြပါမယ်။

ဒါကတော့ ခေါက်သိမ်းလို့ရတဲ့မျက်မှန်ပါ။

ဒီဟာလေးကြည့်ပြီးဘာနဲ့တူတယ်လို့ထင်လဲ။
အရင်တုန်းက ထွက်ခဲ့တဲ့ ခါးမှာချိတ်တဲ်ဟန်းဖုန်းနဲ့တူတယ်မလား။
အမှန်က မျက်မှန်ဗူးပါ။

ဗူးကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်
မျက်မှန်ပါပါတယ်။
အဖုံးနဲ့အဖိခံထားရလို့ သေးသေးလေးဖြစ်နေတာပါ။ အဖုံးဖွင့်လိုက်တော့ ပုံမှန်အရွယ် အစား ဖြစ်သွားပါတယ်။
ပုံသဏ္ဍာန်မှတ်မိတဲ့ သတ္တုကိုသုံးထားလို့ ကွေးနိုင်ဆန့်နိုင်တာပါ။
အဲ့မျက်မှန်ကို ပုံမှန်မျက်မှန်တွေအတိုင်း တပ်လို့ရပါတယ်။
ဒီလောက်သေးငယ်တဲ့ဗူးထဲမှာ ဖိသိပ်ထည့်ထားနိုင်တော့၊ အိတ်ထဲမှာလည်း မရှုပ်တော့ဘူးပေါ့။
ဒီမျက်မှန်ကို စတင်ရောင်းချခဲ့တဲ့ လွန်ခဲ့တဲ့အနှစ် ၃၀ ကနေ အခုချိန်အထိ လူကြိုက်များနေဆဲပဲ ဖြစ်ပါတယ်။

ဒီလို ထူးဆန်းတဲ့မျက်မှန်တွေလည်း ပြပွဲမှာပြထားပါတယ်။
ဒီမျက်မှန်ကိုင်းကို ဝါးစစ်စစ်နဲ့လုပ်ထားတာဖြစ်ပါတယ်။
ဝါးကို သေချာပေါလစ်တိုက်ပြီး ပြောင်လက်နေအောင်လုပ်ထားတာပါ။
ညှပ်ဖိနပ်စီး၊ ဘောင်းဘီအတိုဝတ်၊ ပေါ်ပိုင်းအင်္ကျီဗလာနဲ့ တစ်နည်းပြောရရင် ကမ်းခြေမှာဝတ်တဲ့ပုံစံပေါ့။ အဲ့လိုပုံစံဒီဇိုင်းမျိုးနဲ့ ဒီမျက်မှန်ဝတ်မယ်ဆို တော်တော်လိုက်မှာပါ။

ဒါကတော့ အမြင်အာရုံနဲ့သက်ဆိုင်တဲ့ကုသရေးတွေမှာ သုံးတဲ့မျက်မှန်ဖြစ်ပါတယ်။

နောက်ပြောပြချင်တာက ဒီမျက်မှန်လေးပါ။
ဘီတဲလ်အဆိုတော်အဖွဲ့အတွက် တရားဝင်ထုတ်ထားပေးတဲ့ ဒီဇိုင်းလေးပါ။
မျက်မှန်ဒီဇိုင်းကော၊ ခင်းကျင်းပြထားတဲ့ပုံစံကော တော်တော်လေး မိုက်ပါတယ်။
ဒါလေးကြည့်ပြီးသွားတော့ ဒါကိုကမ္ဘာ့အကောင်းဆုံးမျက်မှန်လို့ ထင်သွားရင်တော့

မှားသွားပါလိမ့်မယ်။

အားလုံးသိချင်နေကြတဲ့ ကမ္ဘာ့အကောင်းဆုံး မျက်မှန်ကတော့ ဒီဟာလေးပါ။
ကြည့်တာနဲ့တင် တော်တော်ဈေးကြီးမယ်မှန်း သိသာပါတယ်။

သူ့ရဲ့တန်ဖိုးကတော့ ယန်း ၃၂၄ သိန်း (ကျပ် သိန်း ၃၂၄၀ လောက်) ဖြစ်ပါတယ်။
ဒီလောက်ပိုက်ဆံနဲ့ တိုကျိုမှာဆိုရင် အကောင်းစားတိုက်ခန်းတစ်ခန်းဝယ်လို့ရပြီး မြို့ပြင်မှာတော့ လုံးချင်းအိမ်တစ်လုံးဝယ်လို့ရပါတယ်။

ဒီမျက်မှန်ရဲ့ထူးခြားချက်က မျက်မှန်ကိုင်းမှာ စိန်အစစ်တွေ အများကြီးမြုပ်ထားပါတယ်။
မျက်မှန်ကိုင်းရဲ့ ဘေးနားမှာအပန်းရောင်စိန်ကို မြုပ်ထားတာဖြစ်ပါတယ်။
အပန်းရောင်စိန်တစ်လုံးတည်းရဲ့ တန်ဖိုးက ယန်း သိန်း ၁၀၀ (ကျပ် သိန်း ၁ ထောင်လောက်) ကျော်ပါတယ်။

ဒီမျက်မှန်ကို အော်ဒါမှာတဲ့အချိန်ကနေ ပြီးစီးတဲ့အချိန်အထိ ၁ နှစ်နဲ့လေးလတောင်ကြာပါတယ်။
ဒီမျက်မှန်ကိုင်းကို နာမည်ပေးထားတာရှိပါတယ်။ သူ့နာမည်ကတော့ Queen ဖြစ်ပါတယ်။

သူငယ်ချင်းတို့ကေဒီလို တန်ဖိုးကြီးတဲ့ မျက်မှန်မတပ်ချင်ကြဘူးလား။

်စာရေးသူကတော့ ဒီမျက်မှန်ကို တပ်ချင်ပေမဲ့လည်း ဆိုင်ကယ်စီးတို့ ၊ တစ်ခုခုနဲ့ခိုက်မိတာတို့ ဖြစ်ရင် စိန်တွေအကုန်ပြုတ်ထွက်ကုန်မှာ ဆိုတော့ ့အဆင်မပြေလောက်ပါဘူးလေ။

ဒီမျက်မှန်ကတော့အစောပိုင်းကပြခဲ့တဲ့တန်ဖိုးကြီးမျက်မှန်နဲ့ တံဆိပ်တူတူပါဘဲ။

ဒီမျက်မှန်ရဲ့ စျေးက ယန်း ၂၁၃၈၄၀၀ တန်ပါတယ်။
ဒီမျက်မှန်ရဲ့ ပုံစံကိုကြည့်မယ်ဆိုရင် စျေးပေါတဲ့ မျက်မှန်တစ်လက်လို့ ထင်ရပေမဲ့ စျေးကြီးချက်တော့ ကြောက်စရာကောင်းလောက်အောင်ပါပဲ။

်ေ သူငယ်ချင်းတို့ဆိုရင်ရော ဘယ်လိုမျက်မှန်မျိုးကို လိုချင်ပါသလဲ။

ကိုးကား
https://www.excite.co.jp/News/bit/E1510551194857.html

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: