ကျည်ဆန်ရထားတွေကို ၇မိနစ်အတွင်း သန့်ရှင်းခြင်း

အလွန်လျင်မြန်တယ်ဆိုတဲ့ ကျည်ဆန်ရထားဟာ ၁ ရက်မှာ ခရီးစဉ်ဘယ်လောက်ပြေးဆွဲနေလဲဆိုတာသင်သိပါသလား။

ကျည်ဆန်ရထားတွေဟာ တစ်ရက်မှာအစီးရေပေါင်းမြောက်များစွာပြေးဆွဲနေပါတယ်။ အဲ့ဒီထဲမှာ နာမည်အကြီးဆုံးက တိုးကိုင်းဒိုးရထားလိုင်းရဲ့ ကျည်ဆန်ရထားဖြစ်ပါတယ်။ တစ်ရက်ကိုအစီးပေါင်း ၃၀၀ ကျော် ပြေးဆွဲနေပါတယ်။

ဒီလောက်များတဲ့ ရထားအစီးအရေအတွက်ပြေးဆွဲနိုင်ဖို့အတွက်၊ ခေါက်တုန့်ခေါက်ပြန် အမြန်ပြေးဆွဲမှဲသာရနိုင်မှာဖြစ်ပါတယ်။

ရထားစီးခရီးသည်တွေ သက်သောင့်သက်သာ စီးနိုင်ဖို့အတွက် သန့်ရှင်းရေးပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျည်ဆန်ရထား တွေမှာ သန့်ရှင်းရေးကို ရ မိနစ်အတွင်းပြီးအောင်လုပ်ဆောင်ကြရပါတယ်။

၇ မိနစ်အတွင်းလုပ်ဆောင်ရလို့ဆိုပြီး ပြီးစလွယ်လုပ်လို့လည်းမရပါဘူး။

သန့်ရှင်းရေးလုပ်ဆောင်တဲ့နေရာမှာ မေ့ကျန်ပစ္စည်းတွေရှိမရှိ၊ ခေါက်ထားတဲ့စားပွဲတွေမှာ မေ့ကျန်ပစ္စည်းတွေ ညှပ်နေလားဆိုတာ စစ်ဆေးရပါတယ်။ ကြမ်းပြင်ကိုလည်းကျကျနနသန့်ရှင်းရေးပြုလုပ်ရတာကြောင့် အမှိုက်တစ်စက်မှ မတွေ့ရပါဘူး။
ဒါ့အပြင်အိမ်သာသန့်ရှင်းရေးနဲ့ ထိုင်ခုံအခြေအထားကိုစစ်ဆေးခြင်းတွေလည်းလုပ်ရပါတယ်။

ကောင်းကောင်းမမြင်နိုင်တဲ့ ကြားတွေမှာလည်း အညစ်အကြေးတွေရှိနိုင်တာကြောင့် သန့်ရှင်းအောင်သုတ်ရပါတယ်။
အိမ်သာတွေကိုလည်း ပိုးသတ်ရပါတယ်။

https://www.youtube.com/watch?v=rFXi1cM9vO0&feature=youtu.be

ဒီလိုအလုပ်များတဲ့အခြေအနေမှာလည်း ဝန်ထမ်းတွေဟာ ခရီးသည်တွေကို နှုတ်ဆက်ဖို့လည်း မမေ့ကြပါဘူး။
သန့်ရှင်းရေလုပ်ပြီးသွားရင်လည်း၊ ခရီးသည်တွေကို နှုတ်ဆက်ပြီးမှ သူတို့ရဲ့လုပ်ငန်းကို အဆုံးသတ်ကြပါတယ်။

ဝန်ထမ်းတစ်ယောက်ဟာ ရ မိနစ်အတွင်း ထိုင်ခုံပေါင်း ၁၀၀ လောက်ကို သန့်ရှင်းရေးလုပ်ရတာကြောင့် အလုပ်ကို အမြန်မလုပ်လို့မရပါဘူး။

အဲ့လိုအမြန်လုပ်ရတာတောင်မှ လုပ်ရည်ကိုင်ရည် တော်တော်ကောင်းကြပါတယ်။
၁ နှစ်လုံးမှာ ထိုင်ခုံပေါင်း သန်း ၅၀ လောက်ကို သန့်ရှင်းရေးပြုလုပ်ရတဲ့အထဲမှာ၊ ခရီးသည်တွေရဲ့ စိတ်တိုင်းမကျတာတွေဖြစ်လို့ အတိုင်ခံရတာက ၅ မှုလောက်ပဲရှိပါတယ်။

အလုပ်လုပ်ကိုင်မှု အဆင်ပြေချောမွေ့စေဖို့အတွက် အထူးပစ္စည်းကိရိယာတွေကိုလည်း အသုံးပြုကြပါတယ်။

ဒီမှာသုံးထားတဲ့ တံမြက်စည်းက
အထူးပြုလုပ်ထားတဲ့ဟာပါ။


လက်ကိုင်ကွေးဆန့်လို့ရပြီး၊ လက်ကောက်ဝတ်ထိခိုက်မှုကို လျော့ချပေးပါတယ်။
တစ်ရက်ထဲမှာ ထိုင်ခုံရာပေါင်းများစွာကို သန့်ရှင်းရေးပြုလုပ်ရတာကြောင့် ခန္ဓာကိုယ်ထိခိုက်မှုကို လျှော့ချဖို့ကလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

နောက်ပြီး ခါးမှာချိတ်ထားတဲ့ အိတ်ကလည်း အထူးပြုလုပ်ထားတဲ့အရာဖြစ်တယ်။

အပေါ်ပိုင်းကို စောင်းစောင်းလေးဖြတ်ထားပါတယ်။
ခန္ဓာကိုယ်ဘေးမှာချိတ်ဆွဲမှာဖြစ်တဲ့အတွက် အနောက်ပိုင်းကိုဦးတည်ပြီး နိမ့်အောင်ဖြတ်ထားတာဖြစ်ပါတယ်။
ဒီဟာက တစ်ခုခုနဲ့မချိတ်မတိုက်မိအောင်ပြုလုပ်ထားတဲ့ တီထွင်ကြံဆမှုပဲဖြစ်ပါတယ်။
ချိတ်မိတိုက်မိလို့ပြုတ်ကျသွားရင် အလုပ်သမားအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ပစ္စည်းတွေပျက်စီးသွားနိုင်ချေလည်းရှိပါတယ်။
နောက်ပြီး အဲဒါတွေကို သတိလိုက်ထားနေရင်လည်း အချိန်မလောက်ပဲ အလုပ်လည်းပြီးစီးအောင်ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။

ပညာရှင်တွေက သန့်ရှင်းရေးလုပ်ဖို့အတွက် အသုံးပြုမဲ့ အထူးပစ္စည်းတွေရဲ့ ဒီဇိုင်းပုံစံတွေကို စဉ်းစားတီထွင်ကြံဆပေးထားပါတယ်။

ဂျပန်နိုင်ငံရဲ့ရထားတွေ သွားရေးလာရေးအခက်အခဲမရှိဘဲ အချိန်နှင့်တပြေးညီပြေးဆွဲနိုင်နေတာက ရထားသန့်ရှင်းရေးဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကလည််း အရေးကြီးတဲ့အခန်း ကဏ္ဍတစ်ရပ်အနေနဲ့ပါဝငလို့နေပါတယ်။
ကိုးကား
http://shinkansen50.jp/job/maintenance_tokai_02.html
http://shinkansen50.jp/job/maintenance_tokai_03.html

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: