ဂျပန်နိုင်ငံတွင်ဝန်ထမ်းအသစ်များအတွက် အရေးကြီးသော လုပ်ငန်းတာဝန်

ဂျပန်မ့ ဧပြီလဆိုတာ ပူတဲ့ရာသီ တစ်နည်းအားဖြင့် နွေရာသီရောက်ပြီပေါ့။
ဂျပန်ရဲ့ ကျောင်းတွေလည်း ဒီဧပြီလမှာဘဲစဖွင့်ကြပါတယ်။

ရာသီဥတုပူနွေးလာတာနဲ့အတူတူ ဘဝနေထိုင်မှုပုံစံအသစ်ကို စတင်ကြ်ပါတယ်။ ကုမ္ပဏီကို အသစ်ဝင်လာတဲ့ ကုမ္ပဏီဝန်ထမ်းတွေကလည်း ဝင်ပြီးပြီးချင်းမှာပဲ အရေးကြီးတဲ့အလုပ်တစ်ခုကို တာဝန်ပေးအပ်ခြင်းခံကြရပါတယ်။

အဲ့ဒါကတော့ တခြားမဟုတ်ဘူး။ ပန်းကြည့်ခြင်းပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံအနေနဲ့ကတော့ ထူးဆန်းတယ်လို့ထင်ရပေမဲ့ ဂျပန်မှာ ပန်းကြည့်တယ်ဆိုတဲ့ ဓလေ့ကရှိပါတယ်။
အဲ့ဒါက ချယ်ရီပန်းကိုကြည့်ရင်းနဲ အားလုံးအပြင်မှာ အစားအသောက်စားရင်း၊ အရက်သောက်ကြတာဖြစ်ပါတယ်။
အဲ့ဒါကိုဘာဖြစ်လို့ အရေးကြီးတဲ့အလုပ်လို့ ခေါ်ရတာလဲဆိဆိုရင်။။။။

ပန်းကြည့်ဖို့နေရာကောင်းကူရှာရတာက အလုပ်တစ်ခဖြစ်လို့နေပါတယ်။

ပန်းကြည့်တာက အထူးသဖြင့် အလုပ်ဆင်းတဲ့အချိန်နောက်ပိုင်း ညပိုင်းမှာလုပ်တာဖြစ်ပါတယ်။ အဲ့အချိန်မှာအားလုံးက ပန်းကြည့်ဖို့ ချိန်နေကြပါတယ်။

ချယ်ရီပန်း ကိုလှလှပပမြင်နိုင်တဲ့နေရာက ဦးသူယူတဲ့စနစ်ဖြစ်တာကြောင့် အဲ့နေရာကို ဝန်ထမ်းအသစ်တွေက ရတဲ့နည်းနဲ့ ဦးရတာက အလုပ်တစ်ခုပဲဖြစ်ပါတယ်။

နေ့ခင်းဘက် လူတွေသိပ်မရှိတဲ့အချိန်မှာ နေရာဦးရတာဖြစ်တယ်။

ကိုယ်ဦးယူထားတဲ့နေရာမှာ တစ်ယောက်ယောက်စောင့်မနေဘူးဆိုရင် နေရာဆုံးမှာဖြစ်တဲ့ အတွက်ကြောင့် တစ်ယောက်ယောက်ကတော့ စောင့်နေမှကိုရတာပါ။
အနီးအနားမှာ အိမ်သာလည်းရှိတာဖြစ်လို့ ဝန်ထမ်းအသစ်တွေက တစ်လှည့်စီ နေရာကို စောင့်ပေးရတာဖြစ်ပါတယ်။

ဝန်ထမ်းအသစ်တွေအတွက်က ကုမ္ပဏီအလုပ်တွေကသိပ်မရှိသေးတော့ ဒီအလုပ်ကို ခိုင်းလို့ရတာဖြစ်ပါတယ်။
သူတို့အလုပ်ဝင်တဲ့အချိန်ကလည်း ပန်းကြည့်တဲ့ အချိန်နဲ့ကွက်တိဖြစ်လို့ ဝန်ထမ်းအသစ် တွေကို လုပ်ခိုင်းရတပါ။

ဒီလိုပုံစံမျိုးနဲ့ပန်းကြည့်တာကို ပျော်ပျော်ပါးပါးစတင်ကြတာပါ။

 

တော်တော်သောက်ကြတာဘဲ။

ခေါင်းပေါ်မှာကလည်း ချယ်ရီပန်းတွေကလည်း အခိုင်လိုက်ဖူးပွင့်လို့….


ရာသီဥတုနွေးလာတဲ့အချိန်မှာ အားလုံးအပြင်ထွက်ပြီး ချယ်ရီပန်းကြည့်ကြရင်းနဲ့ အရက်သောက်ရတာလည်း တော်တော်ကောင်းတယ်လို့ပြောကြပါတယ်။

ဒါပေမဲ့ အရက်တွေမူးပြီးတော့ ချယ်ရီပင်ကိုင်းတွေကို ချိုးလို့တော့မရပါဘူးနော်
ပန်းလေးတွေခူးပြီး သယ်ပြန်သွားချင်ပေမဲ့လည်း ကြည့်ရုံလေးပဲ အခွင့်ရတာပါ။
မြန်မာနဲ့တော့ ကွာတယ်နော်။

ချယ်ရီအပင်က သိပ်မခိုင််လို့ အကိုင်းချိုးလိုက်မယ်ဆိုရင် ့ချိုးတဲ့နေရာကနေစပြီး တစ်ပင်လုံးခြောက်သွားတဲ့အထိဖြစ်နိုင်ပါတယ်။

အားလုံးပဲ သဘာဝကိုအလေးထားပြီး အလှအပကိုခံစားနိုင်ကြပါစေနော်။

ဓာတ်ပုံ Nakaya Wataru

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: