ထွက်ပြေးရင် ဒုက္ခရောက်နိုင်တဲ့ ဂျပန်နိုင်ငံ

ခရီးသွား၊ ထရိန်နင်သင်တန်းသားအနေနဲ့ ဂျပန်ကို လာတဲ့ သူတွေ ရုတ်တရက်များပြားလာပါတယ်။

ထွက်ပြေးပြီးတော့ ဂျပန်မှာ တိတ်တိတ်လေး အလုပ်လုပ်ကြမယ်…

ဆိုပြီး ထွက်ပြေးသွားတဲ့လူတွေက ဘယ်လိုဖြစ်မှာလဲ။ လက်တွေ့သာဓကတွေနဲ့ ပြောပြပေးပါမယ်။

အရင်ဆုံး ထွက်ပြေးသွားတယ်ဆိုရင်၊ အဲဒီလူကို ထိန်းသိမ်းစောင့်ရှောက်တဲ့သူ ဘယ်သူမှမရှိတော့ပါဘူး။

ဂျပန်ရဲစခန်းတွေမှာလည်း အကူအညီတောင်းလို့ မရတော့ပါဘူး။

ရှာမတွေ့အောင်လို့ တိတ်တိတ်ကလေးနေထိုင်စားသောက်ရမှာဖြစ်ပြီး အဲဒီအနေအထားနဲ့ ပုံမှန်အလုပ်တွေလည်း လုပ်လို့မရတော့ပါဘူး။

တရားမဝင်ဆေးဝါးလုပ်ငန်းမှာ လုပ်ဆောင်တာတွေလိုမျိုး ပိုက်ဆံသိပ်မရတဲ့အလုပ်တွေပဲ လုပ်ရပြီးတော့ တခြားအားကိုးလို့ရမယ့်လူလည်း မရှိပါဘူး။

အဲဒီအနေအထားမှာ ကူပေးတဲ့သူရှိရင်တောင်၊ တော်တော်များများက အခြေအနေတူတွေပါ။

နောက်ပြီး အသတ်ခံရရင်တောင် ဘယ်သူသတ်တယ်ဆိုတာ ရှာဖွေစုံစမ်းမပေးပါဘူး။
ကြောက်စရာပါ။
ပြီးတော့ ဂျပန်ရဲတွေက တကယ်ကိုတော်တဲ့အတွက် ဖမ်းမိတာလည်း များပါတယ်။

ဖမ်းဆီးခံရရင် ဘာဖြစ်မှာလဲ။

သေချာတာကတော့ ဥပဒေအရ အမိနိုင်ငံကိုပြန်လွှတ်မှာဖြစ်ပါတယ်။

အဲဒီချိန်မှာ ဒဏ်ကြေးအနေနဲ့ ယန်းသိန်းသုံးဆယ်ပေးရမယ်လို့ အမိန့်ချမှတ်ထားပါတယ်။

ပိုက်ဆံမရှိဘူးလို့ ပြောလို့လည်း ခွင့်လွှတ်ပေးမှာ မဟုတ်ပါဘူး။

မရှင်းနိုင်တဲ့အနေအထားဆိုရင် ထောင်ဒဏ်၃နှစ်ကျခံရမှာ ဖြစ်ပါတယ်။

နေထိုင်ခွင့်ကဒ် အတူလုပ်ပြီး အသုံးပြုတာမျိုးတွေဆိုရင် ဒဏ်ကြေးထပ်ပေးရတာမျိုးတွေ ရှိပါတယ်။

ပြီးတော့ အမိနိုင်ငံမှာ ဖမ်းဆီးခံရမှာဖြစ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၃နှစ် ကျခံရမှာပါ။

ထပ်ပြီးတော့ ဂျပန်ကို ပြည်ဝင်ခွင့်၅နှစ်ပိတ်ခံရမှာ ဖြစ်ပါတယ်။

၅နှစ်စောင့်ရင် ရပြီလား? ဆိုရင်လည်း အဲလိုမဟုတ်ပါဘူး၊ ဂျပန်တင်သာမက နိုင်ငံတော်တော်များများရဲ့ VISA လုပ်ဖို့ ခက်ခဲသွားမှာပါ။.

မြန်မာနိုင်ငံကူးလက်မှတ်နဲ့ဆိုရင် နိုင်ငံတော်တော်များများမှာ VISAလိုအပ်တဲ့အတွက်၊ ဒီလိုဖြစ်သွားပြီဆိုရင် နိုင်ငံတော်တော်များများကို သွားလို့ မရတော့ပါဘူး။

ပေါ့ပျက်ပျက်တွေးပြီးတော့ ထွက်ပြေးလိုက်တဲ့လာဒ်က၊ ကိုယ့်ဘဝတစ်ခုလုံးကို ဖရိုဖရဲဖြစ်သွားစေမှာပါ။

ဒီအခြေအနေတွေကိုကြည့်ပြီးတော့ ကိုယ့်ရဲ့မိသားစုကကော ဘယ်လိုခံစားရမလဲ။

ထွက်ပြေးတဲ့လူတွေများလာတဲ့အတွက် ကန့်သတ်ချက်တွေကို ပြန်လည်တင်းကျပ်ဖို့လုပ်ဆောင်ရတော့မှာပါ။

သေချာမစဉ်းစားပဲနဲ့ ထွက်ပြေးလိုက်တဲ့ရလာဒ်ကြောင့်၊ ကိုယ့်ဘဝ ဖရိုဖရဲဖြစ်ရုံသာမက ကိုယ့်လူမျိုး အားလုံးကိုလည်း အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာ သေချာ နားလည်ထားသင့်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: