ဂျပန်ကဘေးကင်းလုံခြုံတယ်ဆိုတဲ့ သက်သေ

‘ဂျပန်က လုံခြုံတယ်’ လို့ ပြောကြပေမဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှု သတင်းတွေလည်း မကြာခဏကြားရပါတယ်။

ဘေးကင်းလုံခြုံတယ်ဆိုတာ အရင်တုန်းကစကားတွေပါလို့ တွေးနေတဲ့သူတွေ….

အဲလိုမဟုတ်ပါဘူး။ ကိန်းဂဏန်းတွေနဲ့တိတိကမယ်။ပြောပြပါမယ်။

နိုင်ငံအသီးသီး လူဦးရေကွာခြားပေမဲ့ လူဆယ်သိန်းမှာ သေဆုံးသူအရေအတွက်ကို နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။

အရင်ဆုံး ဒီမှာ….

ရဲဝန်ထမ်းကြောင့်သေဆုံးသူအရေအတွက်

 


အမေရိကားကအံ့သြလောက်အောင်များတယ်နော်…
ဒါပေမဲ့ ဂျပန်မှာတော့ သုညပါ။

နောက်တစ်ခုက ဒါပုံကိုကြည့်ပါ။ ကိုယ်ပိုင်သေနတ်ကိုင်ဆောင်ထားတဲ့ အရေအတွက်

 

ဂျပန်လည်း သုညအဆင့်ထိတော့မရောက်ပေမယ့် အတော်လေးနည်းပါတယ်။

အမေရိကား ကတော့ အမြဲတမ်း အဆင့်တစ်ပါပဲ။

ပြီးရင် ဒီကိုကြည့်ပါ။

လုပ်ကြံသတ်ဖြတ်ခံရသူ အရေအတွက်၊ လူသတ်မှုတွင် သေဆုံးသူအရေအတွက်

ဒီမှာလည်း ရလာဒ်အတူတူပါပဲ။

ဒီနောက်ဆုံးဇယားနဲ့ ရှေ့ဆုံးဇယားကို နှိုင်းယှဉ်ကြည့်ရင် ကိန်းဂဏန်းတွေက စိတ်ဝင်စားစရာကောင်းပါတယ်။

အမေရိကမှာ ရဲဝန်ထမ်းကြောင့်သေဆုံးရတဲ့ အရေအတွက်ထက်၊ ဂျပန်မှာ လူသတ်မှုကြောင့် သေဆုံးရတဲ့လူအရေအတွက်က ပိုနည်းတယ်ဆိုတာလည်း တွေ့ရမှာပါ။

ကိန်းဂဏန်းတွေက လိမ်ညာလို့မရပါဘူး။

ပေနဲ့ဂျပန်မှာ ပြစ်မှုတွေများလာတယ်ဆိုပေမယ့် ဘေးကင်းလုံခြုံတဲ့နိုင်ငံတစ်ခု အဖြစ်ရှိနေဆဲပါ။
ကိုးကား။  http://karapaia.com/archives/52253235.html

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: