ဝီစကီတစ်လုံးတည်းနဲ့ ယန်း 31,500,000 မြတ်နိုင်ပါ့မလား။

ဂျပန်ဲ့ရဲ့ဝီစကီဟာ နှစ်အကြာကြီး တော်တော်နဲ့ နာမည်မရခဲ့ပါဘူး။

ဒါပေမယ့် ဒီဝီစကီကတော့ ဒီနှစ်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝှမ်လုံးမှာ အရမ်းလူကြိုက်များခဲ့တယ်။
အားလုံးရောကြားဖူးကြလိမ့်မယ်ထင်တယ်။

ယမဇခိ(やまざき)、 ဟိဘိခိ (ひびき) ‌ယောအိချိ (よいち)။
ဒီလိုမျိုး အမှတ်တံဆိပ်တွေ နာမည်ရလာတယ်။

儲かるウイスキー転売、「山崎50年」は3250万円に大化け。今狙うべき銘柄は?

အဲ့လိုမျိုးထဲတွေထဲမှာ ၂၀၁၈ ၁လပိုင်း ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ လေလံပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဝီစကီတစ်မျိုးကို ခင်းကျင်းပြသခဲ့တယ်။

ယမဇခိ နှစ် ၅၀
စန်တိုရီလို့ခေါ်တဲ့ ထုတ်လုပ်သူက နှစ်များစွာ ကြာအောင် ထုတ်လုပ်ခဲ့ရတဲ့ ဝီစကီ။

နှစ် ၅၀ ကြာ ကစော်ဖောက်ခြင်း ကို ဖြတ်သန်းပြီး တင်ပို့ခဲ့တဲ့ အရမ်းကို အားထုတ်လုပ်မှုနဲ့ အချိန်များစွာ ရင်းနှီးခဲ့ရတဲ့ ကုန်ပစ္စည်း ဖြစ်ပြီး နဂိုမူလက ၂၀၁၁ ခုနှစ်မှာ ပုလင်း ၁၅၀ ကို အကန့်အသတ်နဲ့ ထုတ်ခဲ့တယ်။
ရောင်းစျေးက ယန်း ၁၀ သိန်း။
တော်ရုံနဲ့ မဝယ်နိုင်လောက်ဘူးနော် ။

ဘယ်လိုဖြစ် လို့ လေလံ ပွဲမှာ

ယန်း 32,500,000 ဖြစ်သွားရတာပါလိမ့်။

၇ နှစ်အတွင်းစျေးတက်သွားပြီးတော့ ပြောင်းလဲလာတာဖြစ်ပါတယ်။

အခု ဂျပန်နိုင်ငံအဝှမ်းက အရက်ဆိုင်တွေမှာ ကြာနေပြီဖြစ်တဲ့ အဆင့်မြင့် ဝီစကီတွေကို တရုတ်လူမျိုးတွေက ရှာဖွေနေပါတယ်။

သူတို့တွေ ရည်ရွယ်ထားတာကတော့ ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ရောင်းချခဲ့တဲ့

ယမဇခိ မိဇုနရ ၂၀၁၇ ခုနှစ်ထုတ်ပါ။

ပရီမီယံစျေးနှုန်း ဖြစ်ပြီးအင်တာနက်လေလံပွဲမှာ ယန်း 400,000မှ500,000 အဆင့်ထိ ရရှိထားတာ ဖြစ်ပါတယ်။
ဒီဟာက နောက် ၃ နှစ်မှာ အနည်းဆုံးစျေး ယန်း ၁၀ သိန်း
စျေးတက်လာမယ်ဆိုရင် ယန်းသိန်း ၅၀ ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းနေကြတဲ့ပုံရှိပါတယ်။

ဂျပန်နိုင်ငံမှာ ရှာကြည့်မယ်ဆိုရင် အတုဆိုတာ တော်တော်လေး မရှိတဲ့အတွက် မှားနိုင်ချေနည်းပါတယ်။
ဒီလောကတာင် မြတ်လိုက်မယ်ဆိုရင် ဂျပန်ကိုသွားမယ့် ခရီးစရိတ်က စျေးချိုတယ်လို့ ပြောနိုင်ပြီပေါ့နော်။
အဲ့လောက်တောင်အရသာရှိပုံရတဲ့ အရက်ကို မသောက်ပဲနဲ့ သိမ်းထားနိုင်ပါ့မလားနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: