ချစ်စရာကောင်းလွန်းလှတဲ့ ငှက်ပုံ ထမင်းဆုပ် Onigiri

ဒီချစ်စရာကောင်းတဲ့ ငှက်ကလေးကို ထမင်းဆုပ်ပုံလုပ်ထားတာ ပိုပြီးတော့တောင် ချစ်စရာကောင်းနေပြန်ပါတယ်

Shima Enaga လို့ခေါ်တဲ့ ဂျပန်မှချစ်စရာအကောင်းဆုံး ငှက်လေးပဲဖြစ်ပါတယ်
ဒီငှက်ပုံနဲ့ ထူးထူးဆန်းဆန်း လုပ်တဲ့ပစ္စည်းတွေကြားထဲမှာမှ အခုလူပြောများနေတာက Boku, shimaenaga (Twitter, Instagram) ကတင်လိုက်တဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်
Hokkaido က Shima Enaga ငှက်လေးရဲ့ အရမ်းချစ်စရာကောင်းတဲ့ ပုံလေးတွေကို လူကြိုက်များနေတာပါ
ဖြူဖြူလုံးလုံး၊ နူးနူးညံ့ညံ့လေးဖြစ်နေတော့ ချစ်ကြတာမဆန်းပါဘူး
Boku Instagram အကောင့်လေးက Shima Enaga
ဒီအကောင့်မှာ Shima Enaga ငှက်ပုံလေးတွေတင်တဲ့အပြင်၊ ဒီငှက်ပုံ အစားအစာလေးတွေကိုလည်း ချက်ပြထားတတ်ပါတယ်
အဲ့ဒီထဲကမှ ဒီထမင်းဆုပ်လေးက တော်တော်နာမည်ကြီးပြီး တစ်နိုင်ငံလုံးကို တင်ပို့ရောင်းနေရပါပြီ
ချစ်စရာငှက်ပုံလေးနဲ့ Onigiri ကို အင်တာနက်မှာ တွေ့နေကြမယ်လို့ ထင်ပါတယ်
“okoru” လို့ခေါ်တဲ့ ထမင်းဆုပ်ပဲဖြစ်ပါတယ်
အရမ်းချစ်စရာကောင်းလွန်းလို့ စားရက်စရာတောင် မရှိဘူးနော်?
Kengo Abe
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: