အသက် 97 နှစ်ရှိပြီဖြစ်တဲ့ အဖွားရဲ့လက်ရာမြောက်လက်ရာ ပီဇာ

Toyosu Market ဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးငါးဈေးဖြစ်တဲ့ Tsukiji Market မှ မွေးဖွားလာတာပါ

လူတွေအများကြီး အလုပ်လုပ်နေတဲ့ ဒီနေရာမှာ ငါးဆိုင်အပြင် အခြား စားသောက်ဆိုင်၊ ဈေးတန်းတစ်ခုလည်းရှိပါတယ်

“ Uogashi Tomina” ဆိုတဲ့ အီတလီစားသောက်ဆိုင်တစ်ဆိုင်ရှိပါတယ်

ဒီနေရာမှာ ၉၇နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ ပီဇာဖုတ်ရောင်းနေပါတယ်

အဲဒါကတော့ Suzuko စံပါ

https://r-tsushin.com/people/pioneer/doi_suzuko/#page-1

အသက် 21 နှစ်မှာ အိမ်ထောင်ကျပြီး အိမ်မှာပဲနေခဲ့တဲ့သူပါ

ခင်ပွန်းက တိုကျိုမှာ အထည်ဆိုင်တစ်ဆိုင်ဖွင့်ဖူးတဲ့အတွက် ငါးဈေးတွေ ဒါမှမဟုတ် အီတလီစားသောက်ဆိုင်တွေနဲ့ ပတ်သက်မှုမရှိတဲ့ ဘဝကိုနေထိုင်နေခဲ့တာပါ

သမီး Setsuko ဟာအီတလီစားသောက်ဆိုင်ကို စဖွင့်ခဲ့ပြီး အကူဝင်လုပ်နေခဲ့တာပါ

ဆိုင်မှာ အလုပ်များနေလို့ သမီးလေးရဲ့ တောင်းဆိုမှုကြောင့် ပထမဆုံးစလုပ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်

1994 ခုနှစ်လောက်ကစပြီး ပီဇာဖုတ်ဖို့ တာဝန်ယူခဲ့ပါတယ်

သူအသက် 75 နှစ်မှာ အီတလီစားသောက်ဆိုင်မှာ စတင်အလုပ်လုပ်ခဲ့ပြီး ဒီအလုပ်ကိုပဲ တစ်သက်လံုးလုပ်သွားချင်တယ်လို့ တွေးလိုက်မိပုံရပါတယ်

အသက် 80 တွင် ပီဇာဖုတ်တဲ့ စာဖိုမှူးအနေနဲ့ အလုပ်စလုပ်ပါတယ်

ပတ်ဝန်းကျင်မှာရှိတဲ့ သက်တူရွယ်တူတွေနဲ့ လုံးဝကိုကွဲပြားနေတဲ့ ကျန်းမာနေမှုကြီးပါပဲ

ဆုဇုကိုစံက ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်သူဖြစ်ပြီး နှစ် 60 ကြာရင်းနှီးခဲ့တဲ့ ဘရာဇီးအမျိုးသမီးရဲ့ သင်ပြမှုနဲ့ နိုင်ငံခြားဟင်းလျာတွေကိုစတင်ချက်ပြုတ်ခဲ့တာပါ

နိုင်ငံခြား ဟင်းလျာ မျိုးစုံကို စားသုံးပြီးနောက် ခရီးသွားရတာကြိုက်သွားတာကြောင့် အသက် ၅၀ ကျော်အရွယ်မှာ နေရာမျိုးစုံကို ခရီးထွက်ခဲ့ပါတယ်

အသက် ၈၄ နှစ်မှာ အာဖရိကကိုသွားခဲ့ပါသေးတယ်

ကမ္ဘာကိုပတ်ချင်နေသေးတဲ့ပုံပါပဲ

လက်ရှိမှာတော့ သမီး၊ မြေးတို့နဲ့ နေနေပါတယ်

သမီးရဲ့ကားနဲ့ ၁၁ နာရီလောက်မှာ အလုပ်သွားပြီး ဆိုင်ပိတ်ချိန်မှာ ၁၄း၃၀ အထိမတ်တပ်ရပ်ရင်း ပီဇာဖုတ်ပါတယ်

သူမရဲ့ ပီဇာဟာ အလွန်လူကြိုက်များတာကြောင့် နိုင်ငံခြားကနေပါ လာစားကြပါတယ်

လူဦးရေများလာတာနဲ့အမျှ ဂျပန်လူမျိုးတွေရဲ့ ပျမ်းမျှသက်တမ်းလည်း တိုးလာပါတယ်

ဂျပန်အမျိုးသမီးများ၏ ပျမ်းမျှသက်တမ်းဟာ ၈၇.၇၄ နှစ်ဖြစ်ပါတယ်

ကုမ္ပဏီတော်တော်များများက အငြိမ်းစားယူတဲ့အသက်ကို 60 ဒါမှမဟုတ် 65 လို့ သတ်မှတ်ကြပြီး လူတော်တော်များများက ဒီအသက်အရွယ်မှာ အလုပ်ပြုတ်ကြပါတယ်

သူတို့ထဲက ဆုဇုကိုစံကတော့ ပျမ်းမျှသက်တမ်း 10 နှစ်ခန့်ထက်ကျော်လွန်နေပြီး ဘဝတစ်လျှောက်လုံး တက်ကြွလှုပ်ရှားနေသွားနိုင်ဖို့ မျှော်မှန်းထားတယ်လို့ပြောပါတယ်

အငြိမ်းစားယူတဲ့ အသက်သတ်မှတ်ချက်က မှန်ရဲ့လား? ဒီအကြောင်းအပါအဝင် ဂျပန်လူ့အဖွဲ့အစည်းဟာ အသက်အရွယ် ကန့်သတ်ချက်တွေကို ပြန်လည်အကဲဖြတ်ရန် အချိန်ကျရောက်လာပြီလို့ထင်ပါတယ်

ဒါကတော့ဆိုင်လိပ်စာလေးပါ

◎ Uogashi Tomina

6-6-1 Toyosu၊ Koto-ku၊ Tokyo Facility management building 307

☎ ၀၃-၆၆၃၃-၀၀၃၉

9:00-15:00 (LO 14:30)

တနင်္ဂနွေ၊ အားလပ်ရက်များ၊ ဈေးပိတ်ရက်များ

Yurikamome Shijo-mae ဘူတာမှ ၃ မိနစ် လမ်းလျှောက်ပါ။

http://www.tsukiji-tomina.com/

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: