ဒေသအလိုက် မတူညီတဲ့ အရသာ၊ မတူညီတဲ့ပုံစံ ရှိတဲ့ဆူရှီများ

ဂျပန်နိုင်ငံကို သွားရင် ဆူရှီစားချင်တယ်ဆိုသူ များမယ်လို့ထင်ပါတယ်
ဟုတ်ကဲ့ အဲ့သလောက်ကို ဆူရှီကလည်း အရသာကောင်းလွန်းပါတယ်
ဒါပေမယ့် စာဖတ်သူများ ဆာလမွန်ငါးတွေချည်းကိုပဲ စားဖြစ်နေတာမဟုတ်ဘူးလား
ဆူရှီဆိုတာ ငါးအမျိုးမျိုးရဲ့ အရသာရှိမှုကို ခံစားရတဲ့အားသာချက်ရှိပြီး
ဒေသအသီးသီးမှာ အရသာရှိတဲ့ဆူရှီပုံစံတွေဟာ ကွဲပြားပါတယ်
မတူညီတဲ့ဆူရှီပုံစံတွေကို တွေ့ဖူးပါသလား?

အရင်ဆုံး တိုကျိုကနေ စကြည့်ရအောင်
တိုကျိုဆိုရင် အဲဒိုမအဲဆူရှီ

https://www.tokyoheadline.com

ဆာမူရိုင်းတွေရှိတဲ့အဲဒိုခေတ်မှာ ဆူရှီဟာ လက်ရှိတိုကျိုကလို Fast Food တစ်မျိုးဖြစ်ခဲ့ပါတယ်။
ရေခဲသေတ္တာမရှိတဲ့ခေတ်ဖြစ်တဲ့အတွက် သိမ်းဆည်းဖို့အတွက် ပဲငံပြာရည်ကိုအခြေခံထားတဲ့ဆော့စ်နဲ့ နှပ်ထားတဲ့တူနာငါးစတာတွေက နာမည်ကြီးပါတယ်။
ပျော့ပြောင်းအောင်ပေါင်းထားတဲ့ ငါးရှဉ့်တွေလည်း အရမ်းအရသာရှိပါတယ်။
အဲဒိုခေတ်မတိုင်မှီ တစ်နည်းအားဖြင့် အဲဒိုခေတ်ရှေ့ပိုင်း အခုခေတ်မှာဆိုရင် တိုကျိုပင်လယ်အော်မှာ ဖမ်းတဲ့ငါးရှဉ့်တွေဖြစ်ပါတယ်။
အပေါ်က ပုံကိုကြည့်လိုက်ပါ။
ထမင်းက နည်းနည်းနီသယောင်ရှိပါတယ်
အနီရောင်ရှာလကာရည်ဟာ အဲဒိုမအဲဆူရှီအတွက် အဓိကပါ။
ဒီနေ့ခေတ်မှာ သိပ်မတွေ့ရတော့ပေမယ့် နူးညံ့တဲ့ချဉ်ချဉ်ချိုချိုအရသာရှိတဲ့အထူးရှာလကာရည် ကို အသုံးပြုထားတဲ့ဆူရှီဟာ တိုကျိုရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်။

နောက်တစ်ခု ဆိုဆာကာကို သွားကြည့်ရအောင်
အဲဒိုမအဲနဲ့အပြိုင် ဒီဆူရှီကိုတော့ ခန်းဆိုင်းဆူရှီလို့ ခေါ်ပါတယ်။

https://www.sushiacademy.co.jp

အသွင်အပြင်က အရမ်းလှတယ်နော်
Oshizushi (ဖိထားသောဆူရှီ) အမျိုးအစားတစ်ခုဖြစ်ပြီး သစ်သားဘောင်အတွင်းမှာ ငါး၊ ဆူရှီထမင်းစတာတွေကို လှလှပပဖြစ်အောင် ပြုလုပ်ထားပါတယ်။

တိုယမစီရင်စု
တိုယမစီရင်စုရဲ့ နာမည်ကြီးစားစရာကတော့ “မဆုဆူရှီ” ပါ။

https://www.nta.co.jp/media/tripa/articles/809w5

အဆီများတဲ့ ဆာလမွန်ငါးကို အသုံးပြုထားပါတယ်။
ဆာလွန်ကြိုက်သူဆိုရင်တော့ အလွန်ကြိုက်နှစ်သက်မှာ အသေအချာပါပဲ။
အရွက်နဲ့ထုပ်ပိုးထားတဲ့အတွက် ရနံ့ကလည်း အလွန်ကောင်းလှပါတယ်။

ဖုခုအိ၊ ကျိုတို၊ ရှိဂ

ဂျပန်ပင်လယ်မှာ ဖမ်းမိတဲ့ မက်ကရယ်ငါးကို ပင်လယ်ရေမှော်၊ ရှာလကာရည်နဲ့စိမ်ပြီး ဖိသိပ်ထားတဲ့အရာဖြစ်ပါတယ်။
မက်ကရယ်ငါးအဆီနဲ့ ပင်လယ်ရေမှော်တို့ရဲ့ အနံ့က စားချင်စဖွယ် အလွန်ကောင်းပါတယ်။
ကျွန်တော်ကတော့ ဒါကို အရမ်းကြိုက်ပါတယ်။

မိအဲခရိုင်


Skipjack တူနာနဲ့ တူနာငါးစတဲ့ အနီရောင်အသားရှိတဲ့ငါးကို ပဲငံပြာရည်အခြေခံ ဆော့စ်နဲ့ နှပ်ထားပြီး ရှာလကာရည်ဆန်အပေါ်မှာ တင်ထားပါတယ်။
ပန်းကန်လုံးပုံသဏ္ဍာန်ရှိပေမယ့် tekone sushi လို့ခေါ်တဲ့ ဆူရှီအမျိုးအစားဖြစ်ပါတယ်။
ရှာလကာရည်ဟာ အခြားဒေသတွေထက် အနည်းငယ်ချိုပေမယ့် အဲ့ဒီအပေါ်မှာ အရသာပြင်းတဲ့အနီရောင်ငါးအသား၊ ပြီးတော့ ရှမ်းနှမ်းလိုမျိုး ဟင်းခတ်အမွှေးအကြိုင်ပါရှိတဲ့အရသာနဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

နရခရိုင်

ပင်လယ်မရှိတဲ့စီရင်စုဖြစ်တဲ့ နရရဲ့ အထူးဟင်းပွဲ။
မက်ကရယ်၊ ဆယ်လ်မွန် စတာတွေနဲ့ ပြုလုပ်ထားပါတယ်။
ငါးအသားကို ပါးပါးလှီးထားသောကြောင့် ငါး၏အရသာထက် ထုပ်ထားတဲ့တည်သီးရွက်ရဲ့ ရနံ့ကို ခံစားနိုင်ပါတယ်။
တည်သီးရွက်က စားလို့တော့မရပါဘူး။ ရနံ့အတွက်သာ အသုံးပြုထားတာဖြစ်ပါတယ်။ ပြီးတော့ ကြာရှည်ခံစေဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။

ဝခယမခရိုင်

အသွင်အပြင် တော်တော်လေးမိုက်တဲ့ဒီဆူရှီကတော့ “မဲဟရှိ” ဆူရှိဖြစ်ပါတယ်။
မုန်ညှင်းချဉ်ရွက်နဲ့ထုတ်ထားပေမယ့် အတော်လေးကို အရသာရှိပါတယ်။
မဲဟရှိဆူရီရဲ့ မူရင်းအဓိပ္ပာယ်ကတော့ မျက်လုံးကျယ်သွားလောက်အောင် အရသာရှိတယ် ဆိုတာပဲ ဖြစ်ပါတယ်။
အံ့သြသွားလောက်အောင် အရသာရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ဒါတွေအပြင် တခြားဒေသတွေမှာလည်း အကောင်းဆုံးဆူရှိတွေများစွာ ရှိနေပါသေးတယ်။
ဆူရှီTour လုပ်လိုက်ရင်ရော ဘယ်လိုလဲ လိုက်မှာလားနော်

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: