ဆာရှိမိအရမ်းကြိုက်ပါတယ်ဆိုတဲ့ ဂျပန်တွေတောင်မစားကြတဲ့ ငါးအစိမ်းတစ်မျိုးအကြောင်း။

ဆူရှီ၊ ဆာရှိမိ။

ဂျပန်ဟင်းလျာတွေကို ကြိုက်ကြသူတွေလည်း များမယ်ထင်ပါတယ်

ငါးအစိမ်းစားရတာကတော့ ရွံဖို့ကောင်းမယ်မဟုတ်လား?

ငါးတင်မကဘူး အမဲသားတွေ မြင်းသားတွေပါ အစိမ်းစားကြတာပါ

အဆိပ်ရှိပါတယ်ဆိုတဲ့ ပူတင်းငါးကိုပါ မချန်ပါဘူး

ဂျပန်တွေရဲ့ ဆာရှိမိစားချက်ကတော့ လက်လံပါတယ်

ဒီလိုဂျပန်တွေတောင် အစိမ်းမစားတဲ့ ငါးတစ်မျိုးရှိပါတယ်

အုနဂိ ဆိုတဲ့ငါးရှဥ့်ပါပဲ

ချွဲကျိကျိနဲ့ဖြစ်နေပြီး ကြည့်ရတာလည်း ရွံစရာကောင်းတာကြောင့် လူတော်တော်များများက မကြိုက်ကြပေမယ့် ဂျပန်တွေကတော့ အရမ်းကြိုက်ပါတယ်

နွေပူပူမှာ ကျန်းမာဖို့အတွက် ငါးရှဥ့်ကိုစားကြပါတ​ယ်

ဒီလိုစားတာပါ

နယ်ဒေသကိုလိုက်ပြီး ချက်ပြုတ်ပုံမတူပါဘူး

ခန်းဆိုင်းမှာဆိုရင် ကင်ပြီး၊ နူးအိနေအောင်ပေါင်းပြီး ငံပြာရည်စမ်းစားကြပါတယ်

ပါးစပ်ထဲမှာတင် အရည်ပျော်သွားလောက်အောင် စားကောင်းတာပါ

ကလီစာတွေကို kimosui လို့ခေါ်ပြီး ဟင်းရည်အဖြစ် စားတတ်ကြပါတယ်

ငါးရှဉ့်ကို အရမ်းကြိုက်ပေမယ့် ငါးရှဥ့်ဆာရှိမိကိုတော့ ဘယ်သူမှမစားပါဘူး

သူ့သွေးထဲမှာ အဆိပ်ရှိနေလို့ပါပဲ

အစိမ်းစားပါက ပြင်းထန်တဲ့ ဝမ်းဗိုက်နာခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ဖြစ်စေပြီး ပမာဏများပြားပါက အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်

စကားမစပ် ပုံစံဆင်တူတဲ့ Blotched snakehead ဆိုတဲ့ငါးလည်း ရှိပါသေးတယ်

သူလည်းအဆိပ်ရှိပုံပါပဲ

အဆိပ်ကအပူဒဏ်မခံနိုင်တော့ ကင်လိုက်ရင်အဆိပ်ပျယ်သွားတာကြောင့် ငါးရှဥ့်ကင်ကို စိတ်ချလက်ချ စားနိုင်ပါတယ်

သေစေနိုင်တဲ့ အဆိပ်ကြောင့် နာမည်ကြီးတဲ့ ငါးပူတင်းကို ဆာရှိမိတောင် လုပ်စားပြီးတော့? လို့တွေးမိရင်တော့  သင်ဟာ ဂျပန်အစားအစာ ဝါသနာရှင်တစ်ယောက်ပါပဲ။

ဒေါသထွက်တဲ့အခါ ဖောင်းလာတတ်တဲ့ ချစ်စရာပုံပန်းသဏ္ဍာန်ရှိတဲ့ ငါးဟာ ခန္ဓာကိုယ်ထဲမှာ အလွန်အဆိပ်ပြင်းပြီး အနည်းငယ် စားမိရင်တောင် သေစေနိုင်ပါတယ်။

ဒါပေမယ့် ဆာရှီမိလုပ်ပြီး အစိမ်းစားကြပါတယ်

ကွာခြားချက်မှာ အဆိပ်ရှိသောနေရာဖြစ်ပါတယ်

ငါးပူတင်းမှာက ကိုယ်တွင်းအင်္ဂါတွေမှာ အဆိပ်သင့်သော်လည်း သွေးမှာအဆိပ်မရှိပါဘူး

ကောင်းကောင်းကိုင်တွယ်နိုင်ပြီး ကလီစာတွေကိုမထိမိရင် ဘာမှမဖြစ်ပါဘူး

ဒါပေမယ့်လည်း အန္တရာယ်ရှိတာကြောင့် လိုင်စင်ရှိမှ ကိုင်လို့ရပါတယ်

ဒီငါးတွေအပြင် တခြားအဆိပ်ရှိငါးတွေလည်း ရှိပါသေးတယ်

ဒါပေမယ့်လည်း လူအသက်တွေစတေးပြီးတော့ တီထွင်ထားရတဲ့ ဟင်းချက်နည်းတွေဆိုတော့ စားရတာ ဝန်လေးမိပါတယ်

ဒီလောက်တောင်အစိမ်းစားချင်ကြတာလား၊ ဂျပန်တွေက?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: