အမဲသားအစိမ်းက စားလို့ရတယ်၊ ဝက်သားကျတော့ မရဘူး။ ဘာကွာတာလဲ?

ကြွားပါရစေ

ဒါလေးက ကျွန်တော်အရင်ကစားဖူးတဲ့ လက်ရာမြောက်ဆူရှီပါ

ရေညှိပေါ်မှာ ထမင်းကိုတင်ပြီး အမဲသားအစိမ်းနဲ့ လိပ်ထားတာပါ

အပေါ်မှာမှ Sea urchin, caviar နဲ့ ရွှေေတွကိုတင်ထားတာပါ

ဘေးဘက်မှာ ဝါဆာဘိကပါပါသေးတယ်

အရမ်းစားကောင်းပါတယ်

ရွံလို့မစားချင်တဲ့ နိုင်ငံခြားသားတွေ တော်တာ်များပုံပါပဲ

အစိမ်းစားတယ်? ရူးများနေတာလား? လို့အပြောခံရဖူးပါတယ်

ဂျပန်မှာသေသေချာချာ ထိန်းသိမ်းထားတဲ့အသားစိမ်းဆိုရင် စားလို့ဖြစ်ပါတယ်

ဝဂယူး အကောင်းစားအသားကို မီးနဲ့တစ်ခုခုလုပ်လိုက်ရင် အရည်အသွေးကို ခံစားလို့မရတော့ဘဲ အရသာကောင်းတော့မှာမဟုတ်လို့ မကျက်တကျက်ဖြစ်ဖြစ် စားကြည့်စေချင်ပါတယ်

ပါးစပ်ထဲမှာပြန့်သွားတဲ့ အချိုဓာတ်နဲ့ ရောပါလာတဲ့ အဆီလေးတေွ

စားတောင်စားချင်လာပြီ

ဒီလိုအသားစိမ်းကို ကြိုက်တတ်တဲ့ ဂျပန်တွေဟာ ဝက်သားကိုတော့ အစိမ်းမစားကြပါဘူး

ကွာခြားချက်ကတော့ အသားထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့်ပါပဲ

ဝက်သားထဲမှာ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေအများကြီး ရှိနေတတ်တာကြောင့် သေသေချာချာ ချက်မှာရပါတယ်

အမဲသားမှာတော့ ဒီလိုပိုးမွားတွေ မရှိပါဘူး

ဆိုပေမယ့်လည်း ထိန်းသိမ်းတဲ့အခြေအေန မကောင်းခဲ့ရင်လည်း မကောင်းတဲ့ပိုးမွားတွေ ကပ်နေမှာဖြစ်လို့ ဆိုင်ကောင်းကောင်းကို ရွေးတတ်ဖို့လည်း လိုပါတယ်

အမဲသားကတော့ ခုနကပြောခဲ့သလိုပဲ အသားထဲမှာ လူကိုအန္တရာယ်ပေးတဲ့ ပိုးတွေမရှိတာကြောင့် ပိုးတွေကပ်ရင်တောင် မျက်နှာပြင်ပေါ်မှာပဲ ရှိမှာပါ

စိတ်ပူတတ်ရင် အပေါ်လွှာကိုအပူပေးရုံနဲ့ စားလို့ရပါတယ်

အထဲထဲက မကျက်တကျက်နဲ့ အရည်ရွှမ်းရွှမ်းလေး သုံးဆောင်နိုင်မှာဖြစ်ပါတယ်

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: