ဆန်နာမည်ကနေ ထွက်ရှိခဲ့တဲ့ ခေတ်ကို သိနိုင်ပါသလား?

ဂျပန်မှာ ဆန်ကိုအတော်လေး ဂရုတစိုက် စိုက်ပျိုးထုတ်လုပ်ကြပါတယ်

အရသာကတော့ ပြောစရာလိုမယ်မထင်ပါဘူး

အေးတဲ့ဒေသတွေမှာတောင် စိုက်ပျိုးပြီး ရောဂါတွေကို ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ကြပါတယ်

လက်ရှိ ဂျပန်နိုင်ငံမှာ ဖြန့်ဖြူးတဲ့ ဆန်အားလုံးနီးပါးဟာ ပိုကောင်းအောင်ထုတ်လုပ်ထားတဲ့ အရာတွေပါပဲ

 

ဒီဆန်တစ်ခုချင်းစီမှာ နာမည်အသီးသီးရှိပြီး၊ အရသာကိုကြည့်ပြီး ရွေးကြပုံပါပဲ
ဥပမာ Koshihikari (コシヒカリ) ၊ Akitakomachi (あきたこまち) လိုမျိုး

နာမည်တွေရှိပြီး ကိုယ်ကြိုက်တာကို ရွေးချယ်နိုင်ပါတယ်

 

ဒီတစ်ခေါက်မှာတော့ နာမည်တွေနဲ့ပတ်သက်ပြီး ပြောပြပါမယ်

နာမည်တွေကို ကြည့်လိုက်တာနဲ့ ခေတ်ကိုမြင်ရပါတယ်

ရိုးရာဆန်လား၊ ခေတ်သစ်နည်းပညာနဲ့လားဆိုတာကို ခွဲခြားနိုင်ပြီး ကိုယ်ကြိုက်တာဝယ်နိုင်မယ့် နည်းလမ်းလေးပြောပြပါမယ်

 

ဆန်မျိုးကွဲတွေအနေနဲ့ တိုးတက်ကောင်းမွန်အောင်လုပ်ခဲ့တာက ဆာမူရိုင်းခေတ် ကုန်ပြီး Meiji ခေတ်မှာပါ

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ထိန်းချုပ်ထားပြီး နာမည်ဆိုတာ နံပါတ်ပါ

Norin နံပါတ် 1၊ နံပါတ် 2 လို့ပဲပေးရင် ခွဲရခက်တာတွေဖြစ်လာပါတယ်

Norin နံပါတ် 52 နောက်ပိုင်းကိုတော့ စာလုံး 6 လုံးပါတဲ့ katakana ကိုထည့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်

 

အခုထိစားနေကြသေးတဲ့ ဆန်ကတော့

Norin နံပါတ် 100 ဖြစ်တဲ့ Koshihikari (コシヒカリ)

Norin နံပါတ် 150 ဖြစ်တဲ့ Sasanishiki (ササニシキ)

တို့ဖြစ်ပါတယ်

 

Katakana နာမည်ကိုကြည့်တာနဲ့ တော်တ်ောလေးအစောပိုင်းကတည်းက ရှိခဲ့တဲ့ ဆန်လို့ပြောနိုင်ပါတယ်

 

ဒုတိယကမ္ဘာစစ်အပြီး၊ စီရင်စုအသီးသီးမှာလည်း ဆန်မျိုးကွဲတွေ ထုတ်လုပ်နိုင်လာပါတယ်

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ တစ်နည်းအားဖြင့် အစိုးရမှ စီမံခန့်ခွဲတဲ့ ဆန်နာမည်တွေက katakana ဖြစ်ပြီးတော့

စီရင်စုအလိုက်ခွဲဖို့အတွက် hiragana မြို့နာမည်တွေကို ထည့်ခဲ့ပါတယ်

အဲ့ဒီကနေ ဖြစ်လာတာက Akita စီရင်စုကဖြစ်လာတဲ့ Akitakomachi (あきたこまち)

Hokkaido ကဖြစ်လာတဲ့ Hikari Yuki (ゆきひかり) ။

 

Hiragana ပဲပါတဲ့ နာမည်တွေက ဒီဘက်ခေတ်ရောက်မှ ထုတ်ထားတဲ့ဆန်တွေပါ

အချိန်ကြာလာသည်နှင့်အမျှ၊ ၁၉၉၁ မှာတော့ နာမည်တွေကို ကြိုက်သလိုမှည့်ကြပါတော့တယ်

Tsuyahime (つや姫) ၊ Mori no Kuma-san (森のくまさん) ၊ Seiten’no Hekireki 青天の霹靂(へきれき)ဆိုပြီး ခန်းဂျိတွေနဲ့ပါ ရေးလာကြပါတယ်

hiragana နဲ့ပဲပေးထားတဲ့ နာမည်တွေလည်း အခုခေတ်မှာရှိပြီး Yumepirika (ゆめぴりか) လိုမျိုးရှိပါတယ်

ခေတ်ဆန်တဲ့နာမည်ပါပဲ

အခုခေတ်စတိုင်လ်အနေနဲ့ နာမည်တွေကို လူကြိုက်များရာရွေးပေးတဲ့ပုံစံလည်း ပြောင်းလာပါတယ်

 

စူပါမားကတ်တွေမှာ တန်းစီထားတဲ့ ဆန်တွေ

အဲ့ဒီအထဲမှဦ ထင်ပေါ်နေချင်ရင်တော့ နာမည်ဆန်းဆန်းလေး မှည့်ဖို့လိုပါတယ်

အင်္ဂလိပ်နာမည်တွေနဲ့ ဆန်တွေလည်း ထွက်လာနိုင်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: