Miso ရဲ့စွမ်းအားကို အထင်သေးနေမိပါသလား? Miso ဟင်းချိုဟာ အရသာရှိရုံတင်မကတဲ့ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနေပါတယ်။

ဂျပန်ကိုကိုယ်စားပြုတဲ့ ဟင်းခတ်ပစ္စည်းကိုပြောပါဆိုရင် (ပဲငံပြာရည် 醤油) နဲ့ (Miso 味噌) လို့ပြောရမှာဖြစ်ပါတယ်။
အဲ့ဒီအထဲမှာလည်း Miso ဟာ တကယ်တော့ အလွန်အသုံးဝင်ကြောင်းကို စာဖတ်သူတို့အားလုံး သိကြပါသလား?

အရသာရှိတယ်ဆိုတာကတော့ အထူးတလည်ပြောနေစရာမလိုတဲ့အပြင် ကျန်းမာရေးအတွက်လည်းအထောက်အကူပြုတဲ့အတွက် ၎င်းဟာအဆင့်မြင့် ဟင်းခတ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

အဲ့ဒီလို Miso ကို ရာမန်အပါအဝင် ဟင်းပွဲအမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုကြပေမဲ့၊ အဓိကကိုယ်စားပြုတာကတော့ Miso ဟင်းချိုပဲဖြစ်ပါတယ်။

ဂျပန်စားသောက်ဆိုင်တွေမှာ ဒီဟင်းချိုကိုသောက်ဖူးသူရှိကြမယ်ထင်တယ်နော်?
ဒီဟင်းချိုဟာ ဘယ်လောက်အထိ အကျိုးကျေးဇူးတွေပေးသလဲဆိုတာကို ဆေးပညာအချက်အလက်အရ ကြည့်ကြရအောင်..

Calcium ဓါတ်ကြွယ်ဝစွာပါဝင်ခြင်း။
အရိုးနဲ့သွားရဲ့တည်ဆောက်ပုံအတွက်လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်သော ကယ်လ်ဆီယမ်။
Miso မှာ သဘာဝအတိုင်း ကယ်လ်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါတင်မကသေးဘဲ Miso ဟင်းချိုချက်တဲ့အချိန် Dashi ဆိုတဲ့ဂျပန်ဟင်းခတ်အမှုန့်ကိုပါထည့်ရပါတယ်။
Dashi ဆိုတာ ငါးနဲ့ပင်လယ်ရေမှော်ကိုပြုတ်ပြီး အရသာထုတ်ထားတဲ့ ဟင်းခတ်ပစ္စည်းဖြစ်တဲ့အတွက်၊ ဒီ Dashi ကိုရဖို့ ငါးသေးသေးလေးတွေကို အခြောက်လှန်းထားတဲ့ 煮干し(Niboshi)နဲ့ 鰹節(Skipjack tuna ငါးခြောက်အသားခြစ်အမွ)တွေကို အသုံးပြုထားခြင်းဖြင့် ပိုပြီး Calcium ဓါတ်ကို ရရှိစေပါတယ်။ ဒီအပြင် ပါဝင်ပစ္စည်းအနေနဲ့ တို့ဟူးနှင့်ပင်လယ်ရေညှိ၊ ဟင်းသီးဟင်းရွက် စတာတွေကိုထည့်သွင်းထားတဲ့အတွက် Calcium ဓါတ်ပိုလို့ပါဝင်နေပါတယ်။

ဖွံ့ဖြိုးကြီးထွားချိန်ရောက်နေတဲ့ကလေးတွေနဲ့၊ အရိုးတွေမကြံ့ခိုင်တော့တဲ့ အသက်ကြီးရွယ်အိုတွေအတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ ဟင်းပွဲတစ်ခုဖြစ်ပါတယ်။

အစာအိမ်ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးခြင်း။
အလွန်အံ့သြစရာကောင်းတဲ့ ဆက်နွယ်မှုဖြစ်ပါတယ်။
အမျိုးသားကင်ဆာ သုတေသနဌာန ရဲ့ထုတ်ပြန်ချက်ထဲမှာ၊ အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးနိုင်ချေကို လျော့ချပေးတယ် လို့ပြောထားပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ကင်ဆာပိုပြီးအဖြစ်များကာ၊ နေ့စဥ် Miso ဟင်းချိုသောက်သုံးသူနဲ့ယှဥ်ကြည့်တဲ့အခါ မသောက်သုံးသူဟာ 48% ပို၍စောလျှင်စွာ သေဆုံးနိုင်ချေရှိကြောင်း တွေ့ခဲ့ရပါတယ်။

ရင်သားကင်ဆာအား ကာကွယ်ပေးခြင်း။
ဒါကတော့ လူဝင်မှုကြီးကြပ်ဖူလုံရေးဌာနရဲ့ သုတေသနအဖွဲ့ထံမှ စစ်တမ်းကောက်လေ့လာချက်ဖြစ်ပါတယ်။
Miso ဟင်းချိုနှင့်တို့ဟူး၊ Natto ရဲ့ ပါဝင်တဲ့ပမာဏနဲ့ ရင်သားကင်ဆာရဲ့ဖြစ်ပွားနှုန်ကို ၁၀ နှစ်ကြာ လေ့လာခဲ့ပါတယ်။
တစ်ရက်မှာ ၁ ခွက်တောင်မသောက်တဲ့နေ့ထက် ၁ ရက်မှာ ၂ ခွက်အနည်းလေးသောက်တဲ့လူဟာ 26%၊ ၃ ခွက်အထက်သောက်သုံးတဲ့လူဟာ 40% ၊ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ချပေးကြောင်း တွေ့ရှိခဲ့ရပါတယ်။

တင်းတိတ်များလျော့နည်းခြင်း။
အလွန်ပြင်းတဲ့နေရောင်ခြည်အောက်မှာ ပျက်ဆီးသွားတဲ့အသားအရေပေါ် တင်းတိတ်တွေဖြစ်သွားပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေအတွက်တော့ ရန်သူတော်ပါပဲ။
ဒါကိုတော့ စမ်းသပ်မှုကြီးကြီးမားမားမလုပ်ရသေးပေမဲ့၊ အရောင်ဖျော့ Miso ကိုအသုံးပြုထားတဲ့ Miso ဟင်းချိုနဲ့ ၁ ရက်ကို ၂ ခွက် သောက်သုံးတဲ့အမျိုးသမီးများမှာ မျက်နှာအဆီပြန်တဲ့ပမာဏကိုလျော့နည်းစေပြီး၊ တင်းတိပ်ပါပျောက်ကင်းသွားတဲ့ရလဒ်ကို အစီရင်ခံထားပါတယ်။

Miso ဟင်းချိုနှင့် ဝိတ်ချခြင်း?
ပဲပိစပ်ပဲမှာ linoleic acid ၊ ပဲပိစပ် lecithin ၊ saponin စတဲ့ မကောင်းတဲ့ cholesterol ကိုလျော့ချပေးတဲ့ဓါတ် ပါဝင်ပါတယ်။
နေ့စဥ် ၁ ခွက်နှုန်းဖြင့် ၆ လကြာ Miso ဟင်းချိုကိုသောက်သုံးခြင်းဖြင့်၊ ဗိုက်မှာရှိတဲ့အဆီပိုကို လျော့ချပေးတယ်လို့ အစီရင်ခံထားပါတယ်။ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဝိတ်ကျစေမယ့်အကျိုးကျေးဇူးရှိပါတယ်။

ကဲ စာဖတ်သူတို့ ဘယ်လိုသဘောရပါသလဲ?
Miso ရဲ့စွမ်းအားကို ခံစားရပါပြီလား?

မနက်ဖြန်နံနက်ကနေစပြီး Miso ဟင်းချိုနဲ့အတူ ကျန်းမာရေးလိုက်စားကြတော့မလား…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: