နှစ်သစ်ကူးရုံးပိတ်ရက်တွေလည်း ပြီးဆုံးသွားပြီ။ Nanakusa-gayu ကိုစားပြီး၊ ကိုယ်ရောစိတ်ရော ပြန်အားဖြည့်ရအောင်

ဂျပန်မှာလည်း ရုံးပိတ်ရက်အမျိုးမျိုးရှိပေမဲ့၊ ဟိုးရှေးယခင်က အကောင်းဆုံးပွဲတော်လို့ပြောရင် နှစ်သစ်ကူးရုံးပိတ်ရက်ပဲဖြစ်ခဲ့ပါတယ်။ နှစ်သစ်ကူးရုံးပိတ်ရက်မှာ အေးအေးဆေးဆေးနေနိုင်ဖို့အတွက် အလုပ်တွေကိုတတ်နိုင်သလောက် အပြီးသတ်ကြတယ်။ အိမ်သန့်ရှင်းရေးအကြီးစားနဲ့ မိသားစုစားသောက်ပွဲတွေအပြီးမှာ နှစ်သစ်ကူးရုံးပိတ်ရက်ကို အေးအေးဆေးဆေးဖြတ်သန်းဖို့အတွက်၊ ၁၂ လပိုင်းဟာ ဂျပန်မှာအလုပ်အရှုပ်ဆုံး လလို့လည်းပြောနိုင်ပါတယ်။

နှစ်သစ်ကူးပိတ်ရက်အတွင်း စားကောင်းသောက်ကောင်းတွေကို စားချင်ကြတယ်။ ကလေးတွေကတော့ နှစ်သစ်ကူးမုန့်ဖိုး お年玉 ကိုမျှော်လင့်ကြတယ်။ နောက်ပြီး အိမ်ရှင်မတွေအားလုံးဟာ နှစ်သစ်ကူးပြီး ၃ ရက်အတွင်း အိမ်အလုပ်မလုပ်ဘဲ အနားယူကြတဲ့အလေ့အကျင့်လည်းရှိတာကြောင့်၊ တစ်နှစ်မှာတစ်ကြိမ်လောက် အေးအေးဆေးဆေးနေနိုင်တဲ့ အချိန်ကာလဖြစ်ပါတယ်။

စားကောင်းသောက်ကောင်းတွေ စားကြ၊ သောက်ကြ၊ ရေချိုးကန်ထဲဝင်ကြ၊ အိပ်ကြ၊ နိုးလာရင်ပြန်စားကြ…

ဒီလိုပျော်စရာကောင်းတဲ့နှစ်သစ်ကူးရုံးပိတ်ရက်ဟာ ခဏလေးအတွင်းမှာကုန်ဆုံးသွားပြီး၊ ပုံမှန်နေ့စဉ်ဘဝထဲကို ပြန်ဝင်လာရပါတော့မယ်။ ဟောဒီခန္ဓာကိုယ်ရော စိတ်ရော လျော့ရဲရဲဖြစ်နေတဲ့အခြေအနေကို ပုံမှန်ပြန်ဖြစ်စေဖို့အတွက် ဂျပန်လူမျိုးတွေဟာ တစ်ခုလုပ်ကြပါတယ်။ အဲ့ဒါကတော့ 七草粥(ななくさがゆ)ကိုစားခြင်းပဲဖြစ်ပါတယ်။

၁ လပိုင်း ၇ ရက်နေ့မှာစားကြတဲ့ ဟောဒီ 七草粥 မှာ၊ ဟင်းရွက် ၇ မျိုးကိုစားပြီး အပင်တွေမှာရှိတဲ့ ရှင်သန်တဲ့စွမ်းအားကိုထည့်သွင်းကာ၊ အနာတရကင်းဝေးပါစေ ဆိုတဲ့ဆန္ဒပြုမှုကိုထည့်သွင်းထားပါတယ်။

သို့သော် အကျိုးသက်ရောက်မှုက အဲ့ဒါတင်ပဲမဟုတ်ပါဘူး။
နှစ်သစ်ကူးပိတ်ရက်မှာ စားလွန်ခြင်း၊ သောက်လွန်ခြင်းတို့ကြောင့် ထိခိုက်သွားတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းအတွက် နူးညံ့တဲ့အစားစာဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက်အထောက်အကူဖြစ်စေပါတယ်။ ဒီအပြင် ပိတ်ရက်တွေကုန်ဆုံးပြီဆိုတာကို အသိပေးဖို့အတွက်လည်း အသင့်တော်ဆုံးဖြစ်ပါတယ်။

ပုဇွန်တို့ ဂဏာန်းတို့လို့စားကောင်းသောက်ကောင်းတွေကို ဇိမ်ကျကျစားသောက်နေရင်းနဲ့ ရုတ်တရက် စားရမှာကတော့ ဟောဒီ ရိုးရှင်းတဲ့ဆန်ပြုတ်ဖြစ်ပါတယ်။
နှစ်သစ်ဆိုတာထက်၊ ကောင်းကင်ဘုံ ဒါမှမဟုတ် အိပ်မက်ကနေ ပြန်နိုးထလာတဲ့ပုံစံမျိုးလို့တောင် ခံစားမိပါတယ်။

ဆန်ပြုတ်ကိုချက်ပြုတ်ပုံကလည်း ရိုးရှင်းပါတယ်။
အရင်ဆုံး အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ဟင်းရွက် ၇ မျိုးကိုပြင်ဆင်ထားရပါမယ်။

https://www.kagome.co.jp/vegeday/eat/202101/10889/

အခုချိန် စူပါမားကတ်တွေမှာ ဟင်းရွက် ၇ မျိုးကို အတွဲလိုက်ရောင်းချပေးလို့ ရှာဝယ်ရလွယ်ကူပါတယ်။
ပြီးရင် ဆန်ပြုတ်အိုးတည်ပါမယ်။
အဲ့ဒီအချိန်မှာ ဆားနဲ့ပြုတ်ထားတဲ့ ဟင်းရွက် ၇ မျိုးကို လှီးဖြတ်ပြီး ဆန်ပြုတ်ထဲမှာရောလိုက်ပါမယ်။
ဆားလေးနည်းနည်း ခပ်ပြီးရင်တော့ ရပါပြီ။

せり、なずな、ごぎょう、はこべら、ホトケノザ
ဒီ ၅ မျိုးကတော့ နည်းနည်းခါးတဲ့အတွက် ကလေးတွေကိုကျွေးတဲ့အခါ လျှော့ထည့်တာပိုကောင်းပါမယ်။

ဒါပေမဲ့လူကြီးတွေအတွက်တော့ ဒီအခါးဓါတ်ဟာ ရုံးပိတ်ရက်အတွင်းမှာ လျော့ရဲသွားတဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ပြန်လည်နိုးထစေတဲ့အရာအဖြစ် စားသုံးပေးပါ။

ကဲ.. 七草粥 Nanakusa-gayu ဆန်ပြုတ်ကိုစားပြီး မနက်ဖြန်ကစပြီး အကောင်းဆုံးတစ်နှစ်တာလုံးအတွက် ကြိုးစားကြရအောင် !!

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: