ဒီလိုချစ်စရာကောင်းတဲ့မုန့်လေးက နှစ်၄၀၀ သက်တမ်းရှိပြီ!?

Facebook နဲ့ Instagram မှာ like အများကြီးရလွန်းလို့ မိန်းကလေးတွေက အရမ်းကျေနပ်နေကြပါတယ်
ဂျပန်လူမျိုးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာလားပဲ
ကိုယ့်ပုံထက် စားစရာတို့ ရှုခင်းတို့ကိုပဲ တင်ကြတတ်တာ များပါတယ်
အဲ့ဒါကြောင့်ကိုပဲ မိန်းကလေးတွေရဲ့ Instagram မှာတင်စေချင်လို့ မုန့်လှလှလေးတွေကို ကြိုးစားလုပ်နေကြတဲ့ ကဖီးတို့ စားသောက်ဆိုင်တို့ ပေါများလာတာပါ
ဒါကတော့ အားလုံးလည်းနားလည်ကြမယ်ထင်ပါတယ်
ဒါဆိုရင် ဒီမုန့်လေးကိုရော ဘယ်လိုထင်ပါသလဲ?
https://intojapanwaraku.com/gourmet/159168/
အရောင်ဖျော့ဖျော့လေးနဲ့ ချစ်စရာကောင်းတဲ့ မုန့်လေးပါ
ဒါလေးရှိလာတာ နှစ်၄၀၀ ကျော်နေပါပြီ
ဒီရောင်စုမုန့်လေးက အခွံကြွပ်ကြွပ်လေးနဲ့ အတွင်းထဲမှာ လွတ်နေတော့ ပါးစပ်ထဲရောက်တာနဲ့ ပေါက်ခနဲဖြစ်ပြီး ပျောက်သွားတာပါ
မြင်ရတာလည်း နူးနူးညံ့ညံ့နဲ့ အရသာကလည်း နူးနူးညံ့ညံ့လေးပါပဲ
“အိုအိရိ” လို့ခေါ်တဲ့မုန့်လေးဖြစ်ပြီး ခဂဝစီရင်စု ဆကအိဒဲမြို့၊ မရုဂမဲ့မြို့၊ ခန်းနွန်းဂျိမြို့ တွေမှာပဲရှိတာပါ
မူလကတော့ ဒေသအုပ်ချုပ်သူနဲ့ လက်ထပ်တဲ့မိန်းကလေးအတွက် အချိုပွဲအနေနဲ့ စတင်ခဲ့ပုံပါပဲ
အုပ်ချုပ်သူနဲ့ ပြည်သူပြည်သား သင့်မြတ်တဲ့အခါ ဒီမုန့်ကို ပွဲတော်တွေမှာပါ သုံးကြမယ်ဆိုပြီး ပြုလုပ်ရာကနေ ခေတ်စားလာခဲ့တာပါ
နယ်ဘက်တွေမှာဆိုရင် မင်္ဂလာဆောင်တွေမှာ အိမ်နီးချင်းတွေကို ဝေတတ်တဲ့ဓလေ့လည်း ရှိပြီး “အိုအိရိ” ကလည်းလှလိုက်တာ၊ သတို့သမီးလေးကလည်း လှလိုက်တာ ဆိုပြီး ပြောတတ်ကြတဲ့ မင်္ဂလာဆောင်တွေမှာ မရှိမဖြစ် မုန့်လေးပါ
လုပ်ပုံလုပ်နည်းကို ကြည့်ကြည့်ရအောင်
ကုန်ကြမ်းက ကောက်ညှင်း။ အရင်နေ့ကတည်းက ရေစိမ်ထားပြီး ရေနွေးငွေ့နဲ့ မိုချီလုပ်ဖို့အတွက် ဒီငရုတ်စုံလိုပစ္စည်းနဲ့ ပြုလုပ်တာပါ
ရလာတဲ့ မိုချိကို ဖြည်းဖြည်းလေးဖြန့်ပြီး 4mm လောက်အထူရအောင် လုပ်ရပါမယ်
ဒါကို နေပူထဲမှာ အခြောက်ခံပြီး။
ရာသီဥတုကိုကြည့်ပြီး မိုးရွာနိုင်ခြေရှိရင် အိမ်တွင်းကိုပြန်ထည့်ရတာကြောင့် ပင်ပန်းပါတယ်
ခြောက်သွေ့သွားရင် 5mm အရွယ် လှီးဖြတ်ပါတယ်
ဒီမှာ နေလှန်းပြီး သင့်တော်တဲ့ အရွယ်အစား တစ်ခုတည်းကိုပဲ ရွေးထားတာပါ
ဒါကို အိုးထဲထည့်ပြီး ကင်ပြီးတဲ့အခါ အချိန်တိုအတွင်း လှပတဲ့ပုံစံအထိ ဖောင်းလာပါလိမ့်မယ်။
ပြီးမှ စက်ကိုလှည့်ပြီး အရောင်ခြယ်ရတာပါ
အရင်ကတော့ အရောင်၅ရောင်ပဲရှိပေမယ့် အပြာရောင်နဲ့ အဝါရောင်တွေပါရလာတော့ အခုဆိုရင် ၇ရောင်ရှိပါတယ်
နွေဦးရာသီမှာ ချယ်ရီပန်းပွင့်ပုံအတိုင်း ပန်းရောင်၊
လတ်ဆတ်ပြီး စိမ်းလန်းဆွတ်ဆွတ် နွေရာသီမှာ စိမ်းဝါရောင်၊
အရောင်တစ်ခုစီ ရာသီပေါ် မူတည်ပြီး ပြောင်းလဲသွားပုံရပါတယ်
ဒီလိုချစ်စရာကောင်းတဲ့ မုန့်လေးတွေကို ဝယ်လို့ရနိုင်တာကတော့ ဒီဆိုင်မှာပါ
山下おいり本舗(Yamashita Oiri Honpo)
香川県三豊市高瀬町新名字天古(New surname Tenko, Takase-cho, Mitoyo-shi, Kagawa )1018-20
Tel 0875-72-5438