ခဂဝ ဆိုတာ အုဒွန်းစီရင်စု။ အုဒွန်းကိုအရမ်းချစ်ပြီး၊ တခြားစီရင်စာတွေကတောင် နားလည်မပေးနိုင်ကြဘူးလား?

MARUGAME UDON ကို ကမ္ဘာကလူကြိုက်များလာပြီး ပိုပြီးတော့ နာမည်ကြီးလာပါတယ်

ဂျပန်မှာ အုဒွန်းလို့ပြောလိုက်တာနဲ့ ပြေးမြင်မိတဲ့ ခဂဝစီရင်စု

“အုဒွန်းစီရင်စု”လို့တောင် ပြောယူရတဲ့အထိ ကြိုက်ကြတာပါ

ဂယူးဒွန်းဆိုင်တွေထက်ကို ပိုများတာပါ

ဘယ်လောက်အထိကြိုက်ကြလဲ ကြည့်ကြည့်လိုက်ပါဦး

 

လေဆိပ်ကရေပိုက်ခေါင်းက ထူးဆန်းနေပါတယ်

https://kagawan.com/udon-faucet/

အုဒွန်းစီရင်စုမှာရှိတဲ့ တကမဆုလေဆိပ်က ရေပိုက်ခေါင်းကိုဖွင့်လိုက်ရင် ဒီအရောင်ရှိတဲ့ ရေတွေထွက်လာပါတယ်

ရေပိုက် သံချေးတက်တာမဟုတ်ပါဘူး

အုဒွန်းဟင်းရည်တွေပါ

အိမ်ယူသွားလို့ရလားမသိဘူးနော်?

 

အခုကတော့ ကိုရိုနာကြောင့် အဲ့ဒီပိုက်လေးလည်း ရပ်သွားပါပြီ

ဒီ ၁ နေရာတည်းပါ။ ကျန်တာတွေကတော့ ရိုးရိုးရေထွက်ပါတယ်

အုဒွန်းစီရင်စုဆိုတာနဲ့ ပိုက်တိုင်းက ဟင်းရည်ထွက်တာတော့ မဟုတ်ပါဘူး

 

တက္ကစီကလည်း အုဒွန်း

https://www.sankei.com/west/amp/180610/wst1806100056-a.html

 

တက္ကစီမှာတောင် “အုဒွန်းတက္ကစီ” ဆိုတာလည်းရှိပါသေးတယ်

ဒီလောက်အထိကတော့ သူများစီရင်စုကလူတွေ နားလည်နိုင်ဦးမှာပါ

ဒါပေမယ့် အုဒွန်းတက္ကစီကိုမောင်းမယ့် ဒရိုက်ဘာဖြစ်ဖို့ ဘာလုပ်ရလဲဆိုတော့…

အုဒွန်းလုပ်တတ်လားစစ်တာက စာမေးပွဲမှာပါပါတယ်

အုဒွန်းကိုဘယ်လောက်ချစ်ကြောင်း မပြောနိုင်ရင် အုဒွန်းဒရိုက်ဘာ မဖြစ်နိုင်ပါဘူး

 

မင်္ဂလာဆောင်အခမ်းအနား

ပုံမှန်မင်္ဂလာဆောင်တွေမှာဆိုရင် စုံတွဲလေးက ဓားကိုင်ပြီး ကိတ်ခွဲရတာဖြစ်ပေမယ့်

အုဒွန်းစီရင်စုမှာတော့ စုံတွဲတွေက လက်ထပ်ပွဲမှာ ဒီလိုလုပ်ရတာပါ

https://cier.marrymarry.net/report/2609

 

အုဒွန်းပေါ် နှစ်ယောက်အတူဟင်းရည်လောင်းပြီး ခွံ့ကျွေးကြရတာပါ

ကိတ်လိုမျိုးပဲပေါ့နော်?

အဲ့လောက်ကြီးထိတောင် အုဒွန်းကိုကြိုက်ကြတာလား!

 

အိမ်ဆောက်ပြီးရင် ရေချိုးရင်းနဲ့လည်း အုဒွန်း

https://ameblo.jp/makitchgoroku/entry-12227974641.html

 

အိမ်ဆောက်ပြီး ရေချိုးကန်အသစ်ထဲမှာ အရင်ဆုံးဝင်ချိုးတဲ့သူက အုဒွန်းကိုစားတာကလည်း ရိုးရာတစ်ခုပါပဲ

တခြားစီရင်စုကလူတွေ ချဲ့ကားပြောတာလို့ ထင်ရပေမယ့် တကယ့်ကို စားကြတဲ့လူတွေ ရှိပါတယ်

အုဒွန်းစီရင်စုက လူတွေတောင် မသိတဲ့သူမသိကြပါဘူး

 

ဘာလုပ်လုပ် အုဒွန်းပါမှလုပ်ကြတယ်

အကုန်လိုက်ပြောရရင် တစ်နေရာမှကျန်မှာမဟုတ်လို့ အနှစ်ချုပ်ရရင်

ဘာနေနေ အုဒွန်းကိုသုံးတဲ့ ထူးဆန်းတဲ့ယဥ်ကျေးမှုလေးပါပဲ။

 

ကော်ဖီအုဒွန်း

http://nippon-sumizumi-kanko.com/k-start.html

 

အုဒွန်းထဲကော်ဖီထည့်ပြီး ဆိုဘ အရောင်တောင်ပေါက်နေပါပြီ

ခွက်ထဲက ကော်ဖီလို့ထင်နေပါသလား

အုဒွန်းဟင်းရည်တွေပါ

ကော်ဖီဆိုင်မှာ မနက်စာမှာရင် ကော်ဖီနဲ့ပါမုန့် လာချပေးတတ်ပေမယ့်၊ အုဒွန်းစီရင်စုမှာတော့ ဒါလေးလာချပါတယ်

 

Curry အုဒွန်း ပါမုန့်

http://matsuneclinc.blog109.fc2.com/blog-entry-3614.html

 

ကာရေပါမုန့်ကို ဂျပန်မှာ လူတိုင်းကြိုက်ပါတယ်

ပါမုန့်ကြော်ထဲကို ကာရေထည့်ထားတာကြောင့် အရမ်းနာမည်ကြီးပြီး၊ ခဂဝဆိုရင် ကာရေအုဒွန်းပါမုန့် ဖြစ်နေပါတယ်

ပါမုန့်ထဲထိပါထည့်စားဖို့လိုလို့လားဗျာ?

ဂျုံနဲ့လုပ်ထားတဲ့ ပါမုန့်ထဲကို ဂျုံနဲ့လုပ်ထားတဲ့ အုဒွန်းထည့်စားတယ်?? နားမလည်နိုင်ပါဘူး…

 

နားမလည်နိုင်တာတွေနဲ့ စိတ်ဝင်စားမှုခံရတဲ့ ခဂဝစီရင်စုရဲ့ အုဒွန်းကြိုက်မှုလေးပါ

လက်တွေ့သွားကြည့်ပြီး စားခဲ့တော့လည်း အရမ်းကိုကောင်းပါတယ်

MARUGAME UDON အုဒွန်းကို ကြိုက်တဲ့သူတွေ ခဂဝစီရင်စုကို သွားလည်ကြည့်ပါ

သို့သော် အုဒွန်းဆိုင်တွေက မနက်စောစောထက် ည၆နာရီလောက်မှာ ကုန်တတ်ကြလို့ ညနေဆိုစောစောသွားပါနော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: