Twitter ပေါ်မှာနာမည်ကြီးနေတဲ့ 『ヤンキーおにぎり』 Yankī onigiri

စတိုင်းအသစ်နဲ့လွှင့်နေတဲ့ onigiri လက်ရှိ twitter ပေါ်မှာနာမည်ကြီးနေပါတယ်။
စားပဲစားရမှာလား၊ အလှပဲထိုင်ကြည့်ရမလားလို့ တွေဝေသွားလောက်အောင် အလန်းစားကေနဲ့မိမိုက်နေပါတယ်။
အလန်းစားကေဆိုမှ လက်ရှိမြန်မာနိုင်ငံမှာလည်း နာမည်ကြီးနေတဲ့ animation series တစ်ခုရှိပါတယ်။
Tokyo Revengers လို့ပြောလိုက်ရင် anime ချစ်သူတွေထဲမှာမသိတဲ့သူခပ်ရှားရှားပဲထင်တယ်နော် …

https://www.tumgir.com/tag/akkun%20x%20reader

ခပ်မိုက်မိုက်နဲ့ကြမ်းတဲ့ အလယ်တန်းကျောင်းသား ၆ ယောက်ကနေအစပြုခဲ့တဲ့ Toman ဆိုတဲ့ဂိုဏ်းဟာ shibuya မှာကျက်စားရင်းနဲ့ တစ်ဖြည်းဖြည်းအင်အားကြီးလာပါတယ်။
အင်အားကြီးသလိုပဲ အတော်လေးစည်းလုံးတဲ့ Biker Gang တစ်ခုဖြစ်ပါတယ်။
အဲ့ဒီလိုပဲ နောက်ထပ် shinjuku မှာကျက်စားနေတဲ့ Toman ထက်အင်အားတောင့်တဲ့ ဂိုဏ်းတစ်ခုရှိနေတယ်။
သူတို့ဂိုဏ်း ၂ ခုဘယ်လိုအင်အားချင်းပြိုင်ကြမလဲ? ဗီလိန်ရဲ့လှည့်ကွက်ကလည်းအူယားဖို့ကောင်းပါတယ်။
ဒီဇာတ်ကားထဲမှာတော့ လူမိုက်ကြီးတို့ရဲ့ခပ်ကြမ်းကြမ်းအက်ရှင်တွေကိုသာမက သူငယ်ချင်းသံယောဇဥ◌်နှင့် အခြားသောမထင်မှတ်ထားဖွယ်ရာ ရသပေါင်းများစွာကို အပြည့်အဝခံစားရမှာပါ။
Mc ကိုတော့ boxing bag လို့ပဲမြင်တယ်။ (xd)

ဒီတစ်ခေါက်ပြောပြမယ့် Yankī onigiri ကလည်း Tokyo Revengers ထဲက ကာရိုက်တာတစ်ချို့ရဲ့ အလန်းစားကေနဲ့ဆင်နေပါတယ်။
ချစ်စရာကောင်းပြီး၊ အမြင်ဆန်းသစ်နေတဲ့ Yankī onigiri ရဲ့ဖန်တီးရှင်ကတော့ 『ぼく、シマエナガ。』(@daily_simaenaga) ဆိုသူပဲဖြစ်ပါတယ်။
One way စတိုင်အမြီးရှည်ပုံစံနဲ့နာမည်ကြီးနေတဲ့ onigiri တွေကတော့ …

https://t.co/g0fR9XAxLA?amp=1

 

ဒါနဲ့ Yankī ဆိုတာဘာလဲ?
တစ်ချိန်ကဂျပန်မှာ Yankī rock band ဖြစ်တဲ့ Kishidan ဆိုတဲ့နာမည်ကြီးအဖွဲ့ရှိခဲ့ပါတယ်။
1997 ခုနှစ်မှာ ယောက်ျားလေး ၆ ယောက်နဲ့စတင်ဖွဲ့စည်းခဲ့တဲ့ rock band ပေါ့..
သူတို့ရဲ့ထူးခြားချက်ကိုပြောရမယ်ဆိုရင်တော့ ဆံပင်ကေကိုသွားမြင်မိမှာပါ.
လှိမ့်ထားတဲ့ ဆံပင်စတိုင်နဲ့ နေကာမျက်မှန်ဟာ သူတို့ရဲ့အမှတ်အသားပဲဖြစ်ပါတယ်။

https://www.hachi8.me/kishidan

ဒီ Yankī onigiri ဆိုတာလည်း ဒီလိုခပ်လန်းလန်းဆံပင်ကေကို ပြန်လည်ပုံဖော်ထားခြင်းဖြစ်ပါတယ်။


Yankī ကိုပြန်ပြီးအမှတ်ရစေတဲ့ ဆံပင်စတိုင်နေရာမှာတော့၊ Salmon ,Pollock Roe ,tempura စတာတွေနဲ့အလှဆင်ထားပါတယ်။
ဆံပင်အနောက်ပိုင်းအမြီးရှည်ပုံစံကလည်း ပြည့်စုံလွန်းပါတယ်။
ချစ်စရာကောင်းလွန်းတဲ့ ငှက်ကလေးပုံစံ onigiri လေးမို့လို့လည်း စားရမှာတောင် နှမြောတသဖြစ်နေမိမှာပါ။
ဖန်တီးလိုက်သူကတော့ ဥာဏ်ကောင်းလွန်းပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: