“ 鯛焼きတိုင်းယခိ” ရဲ့သမိုင်းထဲမှာ နစ်မြုပ်နေတဲ့ “ 亀焼きခမဲယခိ” ဆိုတာဘာလဲ?

ငါးပုံစံ ချစ်စရာကောင်းတဲ့ မုန့်ကလေးဖြစ်တဲ့ “ 鯛焼きတိုင်းယခိ” ကိုသိကြလား?
တိုင်း (鯛) ဆိုတဲ့ ငါးပုံစံမျိုးလုပ်ထားပြီး၊ အပြင်ဘက်မှာ ဂျုံနဲ့လုပ်ထားတဲ့အခွံပါပြီး၊ အတွင်းထဲမှာ ပဲအနှစ် (အခုနောက်ပိုင်း ခရင် ထည့်တာမျိုးလည်းရှိပါတယ်) ပါတဲ့ ဖုတ်ထားတဲ့မုန့်မျိုးပါ။

https://urbanlife.tokyo

ချစ်စရာကောင်းတာကြောင့် လူကြီးလူငယ် ကျားမမရွေး၊ နိုင်ငံခြားသားတွေပါ ကြိုက်ကြပါတယ်။
ဒီ “ တိုင်းယခိ” ရဲ့ မူလအစက ၁၉၀၉ ခုနှစ်ကတည်းကရှိခဲ့တဲ့ Minato ရပ်ကွက် Azabujuban မှာရှိတဲ့ နနိဝယ ဆိုးဟွန်းတန်း ကစခဲ့ပါတယ်။

မူလကကတော့ ပုံမှန် ဝိုင်းဝိုင်းရှည်ရှည်ပုံစံလေးဖြစ်ပြီး၊ ပုံစံသွင်းခွက်ကို တီထွင်လိုက်ပြီး အခုလို “ တိုင်းယခိ” ဖြစ်လာပါတယ်။
ပုံစံကထူးခြားတာကြောင့် လူကြိုက်များရာပြီး၊ စစ်တိုက်ရာမှာသုံးတဲ့ ပုံသွင်းနည်းပညာ ထွန်းကားလာရာကနေ ရှုပ်ထွေးတဲ့ပုံစံ ပစ္စည်းအမျိုးမျိုး ပေါ်ပေါက်လာတာပါ။

အဲ့ဒီထဲမှာပါတဲ့ လူပုံဖုတ်ထားတဲ့မုန့် ဖြစ်ပါတယ်။

ရှိချိဟုခုဂျင်းနတ်လိုမျိုး နတ်ရုပ်လေးတွေပုံစံလုပ်တာက လူပုံဖုတ်တာပဲဖြစ်ပါတယ်။
အခုတစ်လောမှာ ပန်ဒါနဲ့ လူကြိုက်များတဲ့ anime ကာရိုက်တာပုံစံတွေအထိပါ လုပ်လာကြပါတယ်။
စိုစိုလေးတဲ့ နွေးနွေးလေး စားလို့ရတဲ့ ပုံစံမျိုးလုပ်ထားကြပါတယ်။

နောက်တစ်ခုက “ ခမဲယခိ” ဖြစ်ပါတယ်။
(ခမဲနို့ခို ယခိ) လိပ်ကလေးကင် လို့လည်းခေါ်ကြပြီး၊ လိပ်ဆိုတာ ဂျပန်မှာ အသက်ရှည်တယ်ဆိုတဲ့ အဓိပ္ပာယ်ရတာကြောင့် ဂုဏ်ပြုပါတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ်။
အထဲအမှာပါတာကတော့ “ တိုင်းယခိ” လိုပဲဖြစ်ပြီး “ တိုင်းယခိ” ရဲ့ မူလအစ လို့တောင်ပြောလို့ရပါတယ်။
အဲ့ဒီကနေ ဆင်းသက်လာတာကတော့ ဒီတစ်ခေါက်ပြောပြမယ့် ဇာတ်လိုက်လေး “ တိုင်းယခိ” ပဲဖြစ်ပါတယ်။

“ ဂုဏ်ပြုပါတယ် (အိုမဲဒဲတိုင်း)” ဆိုတဲ့အဓိပ္ပာယ်ရတဲ့ “ 鯛(တိုင်း)” ကို ဒီဇိုင်းထဲမှာထည့်သုံးထားတာကြောင့် ကံကောင်းစေပြီး ချစ်စရာလည်းကောင်းတာကြောင့် လူကြိုက်များပါတယ်။
သတိထားမိသွားတဲ့ အခါမှာတော့ “ ခမဲ” ဆိုတာပျောက်ဆုံးသွားပြီး၊ “ တိုင်း” လို့ပဲခေါ်ကြတဲ့ ခေတ်ကိုရောက်နေပါပြီ။
အခုခေတ်မှာလည်း အချို့ဆိုင်တွေမှာတော့ “ ခမဲယခိ” လေးတွေလုပ်နေကြသေးပြီး၊ ဒီလိုပုံလေးတွေပါ။

https://tabelog.com/tokyo/A1330/

ဘာလို့ ခမဲ(လိပ်) က တိုင်း(ငါး) ဆီမှာ ရှုံးသွားတာလဲ?
ဂျပန်ရဲ့ ထမင်းစားစားပွဲပေါ်မှာ လိပ်(ခမဲ) ကိုတင်ထားပြီးစားတာ သိပ်မရှိတာ ကြောင့်မဟုတ်ဘူးလား? လို့ပြောကြပါတယ်။
အာဟာရအတွက် အခွံပျော့လိပ်ကို စားတာမျိုးရှိပေမယ့်၊ တော်တော်များများကတော့ မစားဖူးကြပါဘူး။
ဒါနဲ့ယှဉ်ကြည့်ရင် တိုင်း (ငါး) ကိုတော့ အမြဲတမ်း တွေ့နေရပြီး စားနေကြတာကြောင့်၊ လူကြိုက်များတာမှာ ရှုံးသွားတာထင်တယ်နော်။

အဲ့ဒီလိုနဲ့ နာမည်ကြီးလူကြိုက်များလာတဲ့ “ တိုင်းယခိ” မှာ၊ “ တန်းနန်း” နဲ့ “ ယိုးရှို့ခု” ရှိတာသိကြပါသလား?
တိုင်းယခိလုပ်တဲ့အခါ အစ်ချိုးယခိ လို့ခေါ်တဲ့၊ ကင်တဲ့အိုးပေါ်မှာ ၁ ခုပဲတင်ပြီး သေသေချာချာ သပ်သပ်ရပ်ရပ် ကင်တာကို “ တန်းနန်း” လို့ခေါ်ပါတယ်။
ကင်တဲ့အိုး အကြီးကြီးပေါ်မှာ အများကြီးတစ်ခါတည်းတင်ပြီး ကင်တာကို “ ယိုးရှို့ခု” လို့ခေါ်ပါတယ်။

တိုင်း အစစ်မှာ “ တန်းနန်း” နဲ့ “ ယိုးရှို့ခု” ရှိကိုရှိပါတယ်။ “ တန်းနန်း” ကဈေးကြီးသလို အသားကကျစ်ပြီး အရောင်လည်းလှတာကြောင့် လူကြိုက်များပါတယ်။

“ တိုင်းယခိ” ရဲ့ “ တန်းနန်း” နဲ့ “ ယိုးရှို့ခု” ကို ယှဉ်စားကြည့်ဖို့ တိုကျိုကိုအလည်သွားရတာလည်း ပျော်စရာကောင်းမှာပဲနော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: