Sushi နှင့် Pokemon တို့ရဲ့တူနေတဲ့အရာတစ်ခုက?

ဆူရှီမှာပဲ အမျိုးအစားများစွာရှိပြီးအရောင်အသွေးကလည်းစုံလင်၊ အရသာကလည်းအသီးသီးရှိတဲ့အတွက် ရွေးချယ်တဲ့အခါစိတ်လှုပ်ရှားရပါတယ်။ အားလုံးသိကြတဲ့ Pokemon မှာလည်းဒီလိုအမျိုးအစားများစွာရှိပါတယ်။
သူတို့ကိုတန်းစီပြီးဖော်ပြထားတဲ့စာအုပ်ကတော့ စိတ်ဝင်စားဖို့တကယ်ကောင်းတယ်။

ဒါဆို
သူတို့တွေထဲက တူနေတာတစ်ခုကိုသတိထားမိပါသလား?
စာဖတ်သူတို့အရမ်းကြိုက်တဲ့ ဆူရှီကို monster အဖြစ်ပြောင်းလဲပစ်လိုက်သူတစ်ဦးရှိတယ်။

စာဖတ်သူတို့ကြိုက်ကြတဲ့ဆူရှီဟာ ဘာနဲ့တူသွားပြီးလဲ?
အားလုံးကြိုက်တဲ့ ဆော်လမွန်ကတော့ ဘယ်ဘက်အပေါ်မှာပါ။

 

https://twitter.com/s_kumaco/status/1296785621487296512/photo/1

 

ဆူရှီဟာအလျားရှည်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ်ခြေ ၄ ချောင်းကများပေမဲ့၊ ပစ္စည်းရဲ့ထူးခြားချက်ကို ကျွမ်းကျင်စွာအသုံးချသွားတာပဲလို့ထင်မိတယ်။
ဆူရှီအားလုံးကိုလည်းကြည့်ရအောင်…

 

 

 

ဂျပန်စာမဖတ်တတ်သူတွေလည်း ဘာပဲဖြစ်ဖြစ် ငါးအမျိုးအစားတွေကိုတော့ သိလောက်မယ်နော်..
စကားမစပ် စောစောကပြောသွားတဲ့ဆော်လမွန်မှာ သာမန်ဆော်လမွန်အပြင် Pickled salmon (ပဲငံပြာရည်နဲ့စိမ်ထားတဲ့ ဆော်လမွန်), Salad salmon, Grilled salmon ဆိုပြီးလည်းရှိတယ်နော် ….
ဒါဟာ Pokemon ရဲ့ဆင့်ကဲဖြစ်စဥ်များဖြစ်နေမလား?

နောက်ဆုံးပုံစံကတော့ ဘယ်ဘက်အောက်ဆုံးမှာရှိတဲ့ King salmon ပါပဲ။
ဒီကောင်ကတော့ တော်တော်လေးသန်မာတယ်။

စကားမစပ်ဒီလူဟာ အခြားသောပါဝင်ပစ္စည်းတွေကိုလည်း ထည့်ပြီးပုံနှိပ်ထုတ်ထားပါသေးတယ်။
ဆော်လမွန် onigiri မှာ၊ ခေါင်းနဲ့အမြီးက ကင်ထားတဲ့ ဆော်လမွန်များလား? မည်းနေတဲ့နေရာက အခွံနဲ့တူနေတယ်.

သရုပ်ဖော်စာအုပ်ဖြစ်လို့ သူတို့ရဲ့ဂေဟစနစ်ကိုထည့်ဆွဲထားပါသေးတယ်။


သင့်တိုင်းပြည်ရဲ့ သင်အကြိုက်ဆုံးအစားအစာကရော ဘာတိရစ္ဆာန်နဲ့တူပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: